ကမ္ဘာ့ကပ်ရောဂါအား ကာကွယ်ရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက် နာကြရန် ပုပ်ဖရန်စစ် တိုက် တွန်း

ကမ္ဘာ့ကပ်ရောဂါအား ကာကွယ်ရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက် နာကြရန် ပုပ်ဖရန်စစ် တိုက် တွန်း

အမိမယ်တော်၏ အပြစ်မဲ့သန္ဓေယူသောပွဲနေ့တွင် Piazza di Spangna ၌ အမိမယ်တော်အား သဒ္ဒါကြည်ညိုခြင်းပြုလေ့ရှိသော ထုံတမ်းအစဉ်အလာ၌ လူအများ မပါ ၀င်နိုင်သည့်အတွက် ၀မ်းနည်းရကြောင်း နှင့် ရာသီဥတုဆိုးရွာခြင်း၊ ကပ်ရောဂါကာ ကွယ်ရေးအတွက် ထုတ်ပြန်ချက်များကြောင့် လူထုနှင့်အတူ အန်ဂျေလူးမေတ္တာ အတူမဆိုရခြင်းကို ၀မ်းနည်းမိကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ပြောဆိုခဲ့သည်။

“ယခုကဲ့သို့ နိုင်ငံ့အာဏာပိုင်များ ၏ ထုတ်ပြန်ချက်များ သည် လိုက် နာရမည့်အရာများဖြစ်ပြီး ထိုတား မြစ်ချက်များသည် အမိမယ်တော်အ ကြိုက်နှစ်သက်ဆုံးဖြစ်သော ပန်းများဖြစ်သည့် ဆုတောင်းမေတ္တာ၊ နောင်တတရား၊ ကျေးဇူးတော်များအတွက် အသင့်ရှိသောနှလုံးသား စသည့်အရာများကို ပူဇော်ရန်အတွက်ကိုမူ တားမြစ်နိုင်စွမ်းမရှိကြောင်း” ပြောဆိုခဲ့ပြီး အမိမယ်တော်၏ စံနမူနာကို အတုယူလိုက်ကျင့်ကြရန် တိုက်တွန်းအားပေးခဲ့သည်။

ဘာသာပြန်-Bro.Patrick Aye Shine Aung

Photo courtesy of: Licas News

https://bit.ly/2JVzIQH

Add new comment

7 + 1 =