ဝမ်းမြောက်ခြင်းအကြောင်းကို မမေ့ပါနှင့်

ဝမ်းမြောက်ခြင်းအကြောင်းကို မမေ့ပါနှင့်

တနင်္ဂနွေ‌နေ့ အန်ဂျေလူးစ်အချိန်၌ ပုပ်ရဟန်းမင်းကြီး "ဖရန့်စစ်" က သူသည် "ယောဟန်ဗတ္တီးစ်" ၏အကြောင်းကို ပြောကြားရာတွင် “"သံယောဟန်" သည် သူ၏အချိန်၌ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ မိမိ၌သာ အာရုံမထားဘဲ သခင်ခရစ်တော်တည်းဟူသော အလင်း‌ရှင်တော်ကို ဦးတည်လျက် "မက်ဆီယားရှင်" ပေါ်ထွန်းမည့်အချိန်ကို စောင့်မျှော်ခြင်းနှင့်ဝမ်းမြောက်ခြင်းတို့ဖြင့် နေထိုင်အသက်ရှင်ခဲ့သည်။”

ယုံကြည်သူများအတွက် အာဒ်ဝင်တူးကာလသည် အလွန်ချစ်မြတ်နိုးရသော လူတစ်ဦး၏ လည်ပတ်မှုကို ပျော်ရွှင်စွာ စောင့်ဆိုင်းရသည့်အချိန်နှင့်တူသည်။ "စိန့်ပီတာ ရင်ပြင်" ၌ စုဝေးရောက်ရှိလာသော ယုံကြည်သူများကို ပုပ်ရဟန်း မင်းကြီး "ဖရန့်စစ်" က “ဤဝမ်းမြောက်ခြင်း၏ရှုထောင့်သည် ပို၍ပင် ပေါ်ပေါက်လာလိမ့်မည်” ဟူသော ယနေ့ အာဒ်ဝင်တူးကာလ၏ တတိယမြောက် တနင်္ဂနွေသည် "စိန့်ပေါလ်" ၏ “သခင်ဘုရား၌ အစဉ်အမြဲ ဝမ်းမြောက်ကြလော့” ဟူ သော တိုက်တွန်းချက်အရ လေးလေးနက်နက်စေသည်။

ပုပ်ရဟန်းမင်းကြီးက ဤစိတ်လှုပ်ရှားမှုသည် ဘုရား သခင်နှင့် ကျွန်ုပ်တို့၏ ရင်းနှီးမှုကြောင့်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ “သခင်ဘုရားဟာ ကျွန်ုပ်တို့နဲ့ နီးကပ်လေလေ ကျွန်ုပ်တို့ဟာ ပိုမိုပျော်ရွှင်လေလေ၊ ဘုရားနှင့်ဝေးလေလေ ကျွန်ုပ်တို့ ပိုမိုဝမ်းနည်းလေလေ ဖြစ်တယ်” ဟု သူက ပြောခဲ့သည်။

ထိုနေ့၏ ဧဝံဂေလိတရားတော်ဘက်သို့ အာရုံပြုလျက် ပုပ်ရဟန်းမင်းကြီး "ဖရန့်စစ်" က တရားတော်ကို ဟောကြားနေသော "ယောဟန် ဗတ္တီးစ်" အား ကောင်းမွန်စွာ ချီးမွမ်းခဲ့လေသည်။ "ယောဟန်" သည် "မယ်တော်မာရီယား" နှင့် "သံဇူဇယ်" မှလွဲ၍ သခင်ခရစ် တော်အား ပထမဆုံးသောသက်သေခံသူဖြစ်သည်။

"ဂျွန်" သည် သူ့ခေတ်တွင် ခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း မိမိဘုန်း‌တော်အတွက် အာရုံပြုခြင်း သွေး ဆောင်ခြင်း၌ ကင်းရှင်းစေခဲ့သည်။ သူ့နောက်မှ ကြွလာမည့် သခင်ခရစ်တော်ကိုသာ အမြဲအာရုံထားလေ့ရှိသူ ဖြစ်သည်။

“ခရစ်ယာန်ဝမ်းမြောက်ခြင်း”

မိမိကိုယ်ကို ဗဟိုမပြုဘဲ သခင်ခရစ်တော်၌သာ ဗဟိုပြုခြင်းသည် ခရစ်ယာန်ဝမ်းမြောက်ခြင်း၏ ပထမဆုံးအခြေအနေ ဖြစ်သည်။ ခရစ်တော်ကို ဗဟိုပြုခြင်းဆိုရာတွင် "သီးခြားရှင်သန်နေခြင်း" မဟုတ်ပါ။ “သခင်ခရစ်တော်သည် ဤလောကသို့ ကြွလာ၍ လူသားတိုင်းအား ပြည့်စုံသော ဘဝ၏ အဓိပ္ပါယ်ကိုပေးသော အလင်းဖြစ်သည်။” ဟူ၍ မိန့်ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က “"ယောဟန်ဗတ္တီးစ်" သည် "သခင်ယေဇူး" အ ကြောင်း၊ သက်သေခံရန် ခရီးရှည်ကို စွန့်စားခဲ့သည်။ ဝမ်း မြောက်ခြင်း၏ခရီးသည် ပန်းခြံထဲတွင် လမ်းလျှောက်ခြင်းမဟုတ်ပါ။ “"ယောဟန်" သည် ငယ်ရွယ်သည့်အချိန်မှစ၍ အရာရာကို စွန့်လွှတ်၍ ဘုရားရှင်အား ပထမနေရာ ဦးစားပေးကာ၊ ဘုရားသခင်ကို နှုတ်တော်ထွက်စကားကို ခွန်အားရှိသမျှ၊ စိတ်နှလုံးအကြွင်းမဲ့ နားထောင်ခဲ့သည်။ တောကန္တာရသို့သွား၍ သန့်ရှင်းသောဝိညာဉ်တော်၏ ခေါ်ဆောင်ရာသို့ ပိုမိုလွတ် လပ်စွာ လိုက်နိုင်ရန် မလိုလားအပ်သောအရာများကို ဖယ် ရှားခဲ့သည်” ဟူ၍ မြွက်ကြားခဲ့သည်။

“ခရစ်တော်ကို ကြွေးကြော်ရန် ခေါ်တော်မူခြင်းခံသူများအ တွက် စံပြ”

ပုပ်ရဟန်းမင်းကြီး "ဖရန်စစ်" က ပြောကြားသည်မှာ “"ယောဟန် ဗတ္တီးစ်" ၏ ကိုယ်ရည်ကိုယ်သွေးအချို့သည် "လူတိုင်း၌ရှိသည်ဟူ၍ ပြောပြ၍မရအောင်" အခြားသူများနှင့်မတူ ထူးခြားသည်။သို့သော် သူ၏ သက်သေသည် ဘဝ၏ အဓိပ္ပာယ်ကို ရှာဖွေလိုသူနှင့် စစ်မှန်သော ပျော်ရွှင်ခြင်းကို ရှာဖွေလိုသူတို့အဖို့ စံနမူနာယူစရာတစ်ခုဖြစ်သည်။ အထူးသဖြင့် "ယောဟန် ဗတ္တီးစ်" သည် အသင်းကျောင်း၌ သခင်ခရစ်တော်အား အခြားသူများထံ သက်သေခံရန် ခေါ်တော်မူခြင်းခံရသူတို့အဖို့ စံပြပုဂ္ဂိုလ်ဖြစ်သည်။ ထိုသို့ဆိုရာတွင် သူတို့သည် မိမိတို့ဆန္ဒကိုလည်းကောင်း၊ လောကီ‌ ရေးရာမှလည်းကောင်း ကင်း ကွာလျက် မိမိထံသို့ လူတို့အား ဆွဲဆောင်ခြင်းကို မပြုဘဲ "သ ခင်ယေဇူး" ထံသို့ ပို့ဆောင်နိုင်သည်” ဟူ၍ ပုပ်ရဟန်း မင်းကြီးက မြွက်ကြားခဲ့သည်။

နောက်ဆုံးတွင် ပုပ်ရဟန်း မင်းကြီး "ဖရန်စစ်" သည် ယုံကြည်သူများအား “ဘု ရားသခင်၏ ကယ်တင်ခြင်း နှုတ်တော်ထွက်စကားတော်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်း၍ နှုတ်တော်ထွက်စကားကို ကြိုဆိုကာ နာခံရင်း ရင်ဝယ်ပိုက်သော "အပျိုစင်ကညာ မာရီယား" ဤအရာအားလုံးသည် ပြီးပြည့်စုံနေသည်ကို တွေ့မြင်ရန်အတွက်၊ အန်ဂျေလူးစ်မေတ္တာ ရွတ်ဆိုရာ၌ ပူး ပေါင်းပါဝင်ကြရန် ဖိတ်ခေါ်ခဲ့သည်။ မယ်တော်၌ ဘုရားရှင်သည် နီးစပ်၏။ ထိုအကြောင်းကြောင့် အသင်းတော်သည် မယ်တော်အား "ကျွန်ုပ်တို့ ဝမ်းမြောက်ခြင်း၏ အ ကြောင်းရင်း"” ဟူ၍ ခေါ်ခြင်းဖြစ်ကြောင်း” ရှင်းပြကာ တရားတော်မြတ်ကို နိဂုံးချုပ်ခဲ့ပါသည်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/37gePID

Add new comment

10 + 8 =