ခရစ်ယာန်အသင်းတော်များ ပေါင်းစည်းရေးကို မြှင့်တင်ကြရန် ဗာတီကန်မှ သာသနာအသီးသီးသို့ လက်တွေ့ကျသော အကြံဥာဏ်များ ပေးပို့

ခရစ်ယာန်အသင်းတော်များ ပေါင်းစည်းရေးကို မြှင့်တင်ကြရန် ဗာတီကန်မှ သာသနာအသီးသီးသို့ လက်တွေ့ကျသော အကြံဥာဏ်များ ပေးပို့

မိမိတို့၏သာသနာနယ်များတွင် အော့သိုဒေါ့စ်အသင်းတော်၊ ပရိုတက်စတင့် အသင်းတော်များနှင့် ဆွေးနွေးခြင်းကို မြှင့်တင်ခြင်းလုပ်ဆောင်ရာတွင် အကူအညီဖြစ်စေရန်အတွက် ဆရာတော်ကြီးများအား ဗာတီကန်မှ လမ်းညွှန်စာအုပ်ပေးပို့ခဲ့သည်။ ထိုအထဲတွင် ရဟန်းဖြစ်သင်ကျောင်းများနှင့် ဓမ္မသိဂြိုလ်ဠာနတိုင်း၌ ခရစ်ယာန်များ တစ်လုံးတစ်၀တည်းဖြစ်ရေးနှင့်ပတ်သက်ပြီး ပို့ချပေးရမည်ဟူသော လက်တွေ့ကျသည့် ညွှန်ကြားချက်များပါ၀င်သည်။

ခရစ်ယာန်စည်းလုံးညီညွတ်မှုမြှင့်တင်ရေးရုံးတော်မှ ယခုလမ်းညွှန်စာအုပ်သည် ဆရာတော်များနှင့် ကက်သလစ်သာသနာတော်တစ်ခုလုံးအတွက် ခရစ်တော်ဘုရားရှင်ဆုတောင်းတော်မူခဲ့သည့် တစ်လုံးတစ်၀တည်း ဖြစ်ရေးကို အထောက်အကူပြုမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ခရစ်ယာန်များတစ်လုံးတစ်၀တည်းဖြစ်ရေး လုပ်ဆောင်ရန်မှာ ကက်သလစ်ဘာသာ၀င်များ အထူးသဖြင့် ဆရာတော်များအတွက် တာ၀န်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် အခြားသူများကို စောင့်မနေဘဲ ကက်သလစ်များမှ စတင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည်။

ဘာသာပြန်-Bro.Patrick Aye Shine Aung

https://bit.ly/2VXwiyV

Add new comment

3 + 8 =