ပုပ်ရဟန်းမင်းကြီးမှ Giuseppe Dalla Torre ၏ကွယ်လွန်ခြင်းအတွက်၀မ်းနည်းသဝဏ်လွှာပေးပို့

ပုပ်ရဟန်းမင်းကြီးမှ Giuseppe Dalla Torre ၏ကွယ်လွန်ခြင်းအတွက်၀မ်းနည်းသဝဏ်လွှာပေးပို့

Giuseppe Dalla Torre သည် အီတလီလူမျိုးတရား သူကြီးဖြစ်ပြီး၊ သူ၏မိသားစုသည်ရဟန်းမင်းကြီးသုံးဆက်နှင့် အမူတော်ထမ်းခဲ့သူဖြစ် သည်။ သူသည်ပြီးခဲ့သော ကြာသပတေးနေ့ က အသက် (၇၇) နှစ်တွင်ကွယ်လွန်သွားခဲ့သည်။ သူ၏ ကွယ်လွန်ခြင်းသည်လည်း လက်ရှိဖြစ်ပွားနေသောကိုဗစ် (၁၉) နှင့်ဆက်စပ်နေသည်။ ဗာတီကန်အတွင်း ရေးမှူး ဖြစ်သော ကာဒီနယ် Pietro Parolin မှတဆင့်လက်မှတ်ရေးထိုး၍ကြားသိရသောသတင်းအတွက်၀မ်းနည်းကြောင်း၊ မိသားစုနှင့် ထပ်တူခံစားရကြောင်း၊ အမိသာသနာတော်ကြီးအတွက်ဆက်ကပ်လုပ်ဆောင်ခဲ့ခြင်းအတွက်ကျေးဇူးတင်ပါကြောင်း၊ ခရစ်ယာန်၏ အ လင်းတော်ကိုသက်သေခံနိုင်ခဲ့သူ၊ အလွန်ဆက်ကပ်လွန်းသူဖြစ်ကြောင်းသံကြိုးစာထဲ၌ ဖော်ပြထားသည်။

ရဟန်း မင်းကြီးသည်တမန်တော်ကောင်းကြီးကိုလည်းမိ သားစု၀င်များအားပေးခဲ့ပြီး၊ သူ၏၀ိညာဉ်ထာ၀ရချမ်းသာရရှိစေရန်ဆု တောင်းပေးမည်ဖြစ်ကြောင်းသဝဏ် လွှာ၌ရေး သားထားသည်။

အဆိုပါတရားသူကြီးသည် (၁၉၉၇-၂၀၁၉) အထိတရား ရေးရာနှင့်၌အမူတော်ထမ်းခဲ့သည်။ သူသည် ရောမမြို့ရှိ LUMSA တက္ကသိုလ် ၏ ကျောင်းအုပ်အဖြစ်လည်း (၁၉၉၁-၂၀၁၄) အထိတာ၀န်ထမ်းဆောင်ခဲ့သည်။ သူ၏စျာပနမစ္ဆားကိုကာဒီနယ်ကို Parolin မှဦးဆောင်ပြီးစနေ နေ့က စိန့်ပီတာဘုရား ကျောင်း တော်ကြီး၌ပူဇော်ခဲ့သည်။ ဩ၀ါဒအတွင်း၌ ‘သူသည်ခရစ်ယာန်အသက်တာကိုလင်းလက်စွာရှင်သန်သူ၊ ကြည်ညိုလေးစားထိုက်သူ၊ ဗာတီကန်၏အလွန်သစ္စာ စောင့်သိသောလုပ်ဖော် ဆောင်ဖက်၊ သူငယ်ချင်း၊ လူကောင်း၊ နှိမ့်ချ သူ၊ အမြှော်အမြင်ရှိသူ။ သူ၏ဘ၀တစ် လျှောက်လုံးကိုမမောမပန်းနိုင်အောင်၀ိညာဉ်ရေး၊ လူမူကျင့်၀တ်၊ လူ့တန်ဖိုးကိုဧဝံဂေလိတရားတော်နှင့်အညီရှင်သန်ရန်မြင့်တင်လုပ် ဆောင်ခဲ့သူဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။ သူသည်သူ၌ရှိ သမျှသောယဉ် ကျေးမူအမွေအနစ်များကိုဆရာစားမချန်အောင်ဝေမျှခြင်းဖြင့် ယေဇူးသခင်၏ ပုံ သက်သေကိုကြိုစားရှင် သန်ခဲ့သည် ဟုလည်းထည့်သွင်းပြောကြားခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2JGKtpM

Add new comment

1 + 5 =