ဗာတီကန်သည်ကာဒီနယ်အသစ်များကိုသိက္ခာထပ်ရန်အသင့်ဖြစ်နေပြီ

ဗာတီကန်သည်ကာဒီနယ်အသစ်များကိုသိက္ခာထပ်ရန်အသင့်ဖြစ်နေပြီ

ဗာတီကန်သည်ကာဒီနယ်အသစ်များကိုသိက္ခာထပ်ရန်အသင့်ဖြစ်နေပြီ

 နို၀င်ဘာလ (၂၈) ရက်နေ့၌ကာဒီနယ်အသစ် (၁၃) သုံးပါးကိုသိက္ခာထပ်ရန်ဗာတီကန်၌အသင့်ဖြစ်နေပြီဖြစ်သည်။ ထိုသိက္ခာထပ်သောအခမ်းအနားကိုရောမစံတော်ချိန်ညနေ (၄း၀၀) ရီတွင်ကျင်းပမည်ဖြစ်သည်။ ကျန်းမာရေးအကြောင်း ပြချက်ကြောင့်အားလုံးသည်နှာခေါင်းစီးများဖြင့်သာပါ၀င်ကြမည်ဖြစ်သည်။

အစဉ်အလာအရဤအခမ်းအနား၏မစ္တားတ ရားကို Altar of the Confession (၀န်ခံခြင်းပလ္လင်) ၌ကျင်းပခဲ့သော်လည်း ယခုတစ်ကြိမ်၌မူ Altar of the Chair of St. Peter (စိန့်ပီတာ၏ပလ္လင်) ၌ကျင်းပမည်ဖြစ်သည်။ ဖြစ်ပွားနေသောကိုဗစ်ပိုးကူးစက်ခြင်းမှကာကွယ်ရန်ရည်ရွယ်၍မစ္ဆား တရားအတွင်း၌ ကာဒီနယ်အသစ်တို့၏ဆွေမျိုးသားချင်းများ၊ အသိများနှင့်လုပ်ဖော်ဆောင်ဖက်များကိုဦးရေးအကန့်အ သတ်နှင့်သာပါ၀င်ခွင့်ပြုမည်ဖြစ်သည်။ ကာဒီနယ်အသစ်တစ်ပါးစီသည်မိမိတို့၏ဧည့်သည် (၁၀) ဦးကိုသာဖိတ်ကြားခွင့်ရှိ သည်။

ဤအခမ်းအနား၌ကာဒီနယ်အသစ် (၁၃) ပါးစာရင်းပေါက်သော်လည်း (၁၁) ပါးသာပါ၀င်နိုင်မည်ဖြစ်သည်။ ဘရူနိုင်းနိုင်ငံမှကာဒီနယ်လောင်း Cornelius Sim နှင့်ဖိလစ်ပိုင်မှကာဒီနယ်လောင်း José Advincula တို့သည်ရောဂါ ကပ်ဆိုးကြောင့်ကိုယ်တိုင်မကြွရောက်နိုင်ပေ။ သူတို့သည်နောက်မှရဟန်းမင်းကြီး၏ကိုယ်စားလှယ်လွှဲအပ်ခံရသူထံမှကာ ဒီနယ်စလွယ်၊ လက်စွပ်နှင့်အမိန့်ကြေငြာစာ လက်ခံယူမည်ဖြစ်သည်။ မစ္ဆားတရားအတွင်း၌ ငြိမ်းချမ်းခြင်းအမှတ်လက္ခဏာ ကိုလည်းပြုလုပ်ခြင်းရှိမည်မဟုတ်ပါ။

ယခုသိက္ခာထပ်ခြင်းကိုခံယူအပြီး ကာဒီနယ်အသစ်များသည် ရသေ့ကျောင်းတစ် ကျောင်း၌သီတင်းသုံးနေသော ရဟန်းမင်းကြီးဖရန်စစ်၏ ‘အမိသာသနာတော်ကြီး၏ပညာရှိသောအဖိုး’ ဟုတင်စားခံရ သော ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆)ထံသို့ အစဉ်အလာအရသွားရောက်ဂါရ၀ပြုခြင်းအစီအစဉ်ပြုလုပ်မည်၊ မလုပ်မည်မှာမသေချာသေးပေ။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: CTV News

Photo courtesy of: Rome Reports

Add new comment

1 + 2 =