ကမ္ဘာ့လူငယ်များနေ့ကို (၂၀၂၃) ခုနှစ်တွင်ကျင်းပမည်

ကမ္ဘာ့လူငယ်များနေ့ကို (၂၀၂၃) ခုနှစ်တွင်ကျင်းပမည်

ကမ္ဘာ့လူငယ်များနေ့ကို (၂၀၂၃) ခုနှစ်တွင်ကျင်းပမည်

(၂၀၂၃) ခုနှစ်တွင်ကျင်းပမည့်ကမ္ဘာ့လူငယ်များနေ့ကိုစီစဉ်နေကြသူများက ပေါ်တူဂီမှကက်သလစ်လူငယ်များအား နှစ်ရက်တာကြာမည့်တစ်နိုင်ငံလုံးနှင့်ဆိုင်သောသာသနာပြုအခမ်းအနားသို့ပါ၀င်ကြရန်ဖိတ်ခေါ်လိုက်ပါသည်။

လူငယ် များအားပါ၀င်ရန်တိုက်တွန်းရခြင်းမှာ ဤအခမ်းအနားသည်ပေါ်တူဂီတစ်နိုင်ငံလုံးအား မျှော်လင့်ခြင်းနှင့်ပျော်ရွှင်ခြင်းကို ဆောင်ယူပေးရန်ရည်ရွယ်သောလှုပ်ရှားမူကြီးဖြစ်သည်။ ထိုအစီအစဉ်ကိုလာမည့်နို၀င်ဘာလ (၂၈-၂၉) ရက်နေ့များတွင် ကျင်းမည်ဖြစ်ပြီး၊ ထိုနှစ်ရက်သည်ရုံးပိတ်ရက်လည်းဖြစ်သည်။ ထို့အတူအမိကက်သလစ်သာသနာတော်ကြီး၏ (၂၀၂၁) ၀တ်ပြုခြင်းနှစ်အစပြုသည့် ‘အာဒ်၀င်းတူပထမ’ ပတ်လည်းဖြစ်သည်။

လူငယ်တစ်ဦးစီအား၄င်းတို့ရှိနေသောနေရာ၊ အသက်မွေး၀မ်းကျောင်းများကိုပြုရင်း သာသနာပြုကြရန်စိန်ခေါ် လိုက်ပါသည်။ ဤလှုပ်ရှားမူ၏ဦးတည်ချက်အနေဖြင့် (၂၀၂၃) ခုနှစ် ‘ကမ္ဘာ့လူငယ်များနေ့’ အတွက်ရဟန်းမင်းကြီးဖရန် စစ်မှကြေငြာထားသောဆောင်ပုဒ်ဖြစ်သည့် ‘မယ်တော်သည်အလျင်အမြန်ထ၍သွားလေ၏’ ဟူသောကျမ်းချက်ပင်ဖြစ်ပါ သည်။ ဤကျမ်းချက်သည် သံလုကာဧ၀ဂေလိကျမ်းမှထုတ်နုတ်ထားပြီး၊ အမိမယ်တော်သည်အစ်မတစ်၀မ်းကွဲအဲလစ်ဇ ဘက်ထံသို့ရောက်ခြင်းအကြောင်းဖြစ်သည်။

ဤဆောင်ပုဒ်ကို (၂၀၀၉) ခုနှစ်ဇွန်လ၌ကြေငြာခဲ့သည်။ ယခုကဲ့သို့ရောဂါ ကပ်ဆိုးကြီးကြုံတွေ့နေချိန်၌လူငယ်များအနေဖြင့်အဖော်မဲ့နေစွာနေထိုင်နေကြသူများအားဖုန်းများခေါ်ဆို၍သော်လည်းကောင်း၊ အဝေးရောက်နေသောမိသားစု၀င်များအားဖုန်းခေါ်ဆို၍အားပေးစကားများ၊ ဆုတောင်းစကားများပြော ကြားနိုင်ကြောင်း၊ ထို့အတူဒေသအတွင်း၊ သာသနာအုပ်စုအတွင်းအတိဒုက္ခရောက်သူများအားကူညီပေးနေကြသောကရု ဏာရေးလုပ်ငန်းလုပ်သည့်အဖွဲ့အစည်းများနှင့်လည်းလက်တွဲကူညီနိုင်ကြောင်းဖြင့်အစီအစဉ်ဖြစ်မြောက်ရေးအဖွဲ့ကအ ကြံပြုထားပါသည်။

သာသနာပြုနိုင်သည့်နည်းလမ်းများမှာပြောပြ၍ကုန်ဆုံးမည်မဟုတ်ပေ။ ထို့ကြောင့်လူငယ်များအား ဖိတ်ခေါ်၍ အမှန်တကယ်လိုအပ်နေသောမိမိ၏မြို့ရွာများ၌အမှန်တကယ်အပြောင်းလဲကိုလည်းကောင်း၊ ထိရောက်သောအကူအညီ ကိုလည်းကောင်းလုပ်ဆောင်ပေးရန်တိုက်တွန်းခြင်းဖြစ်သည်။ ဤလက်တွေ့ကျသောအကူအညီများကို တစ်ဦးတစ် ယောက်တည်း၊ တစ်ပိုင်တစ်နိုင်ဖြစ်စေ၊ သေးငယ်သောအဖွဲ့အစည်းများဖွဲ့၍ဖြစ်စေဖော်ဆောင်စေလိုပါသည်။ ဤသို့ဖော် ဆောင်ရာ၌လည်း ကပ်ရောဂါကူးစက်ခြင်းမရှိစေရန်သတိထားရမည့်အချက်များနှင့်အညီဆောင်ရွက်ရန်ကိုလည်းမမေ့ သင့်ပေ။ ဤသို့ဖော်ဆောင်သည့်အခါ၌ (၂၀၂၃) ကမ္ဘာ့လူငယ်များနေ့ကိုကြိုဆိုသောအားဖြင့်ရိုက်နှိပ်ထုတ်‌ဝေထား သောစွပ်ကျယ်အကျီကို၀တ်ဆင်ကြရန်၊ ဤသို့ဖြင့်ဤလှုပ်ရှားမူသည်မျှော်လင့်ခြင်းကိုပေးရရောက်သည် ကိုနားလည် စေလိုကြောင်းအကြံပြုထားသည်။

(၂၀၂၃) ကမ္ဘာ့လူငယ်များနေ့တံဆိပ်မှာလက်၀ါးကပ်တိုင်၏ရှေ့၌အမိမယ်တော်၏ပုံတော်ကိုပေါ်တူဂီနိုင်ငံ ၏အလံပါသည့်အ ရောင်များဖြင့်ရိုက်နှိပ်ထားပါသည်။ ဤတံဆိပ်ကိုကမ္ဘာနိုင်ငံ (၃၀) မှကိုယ်စားလှယ်များကရွေးချယ် ထားခြင်းဖြစ်သည်။ ဤတံဆိပ်ကို Lisbon မြို့လူထုဆက်သွယ်ရေးကုမဏီတစ်ခု၏၀န်ထမ်းတစ်ဦးဖြစ်သောအသက် (၂၄) နှစ်ရှိ Beatriz Roque Antunes မှရေးဆွဲပုံ‌ဖော်ပေးခဲ့သည်။

ရဟန်းမင်းကြီးက ပေါ်တူဂီနိုင်ငံ၏မြို့တော်မှကမ္ဘာ့ လူငယ်များနေ့ကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပပေးမည်ဖြစ်ကြောင်းဖြင့် (၂၀၁၉) ပနားမားကမ္ဘာ့လူငယ်များနေ့၌ကြေငြာ ခဲ့သည်။

Lisbon မြို့သည်ပေါ်တူဂီနိုင်ငံ၏မြို့တော်ဖြစ်ပြီး၊ လူဦးရေ (၅၀၅၀၀၀) နေထိုင်သည်။ မြို့အကျယ်အ၀န်းမှာဖာ တီမာမြို့မှဆိုလျှင်မိုင်ပေါင်း (၇၅) မိုင်‌ဝေးသည်။ ဖာတီမာမြို့သည်ကက်သလစ်ဘာသာတူတိုင်းသိကျွမ်းရင်းနှီးပြီး၊ ကြည်ညိုသဒ္ဒါပွားသောကျော်ကြားလူသိများသောဖာတီမာမယ်တော်ဂူရှိသည်။ ပေါ်တူဂီနိုင်ငံ၏ထူးခြားချက်မှာတနဂ် နွေနေ့၌သာမဟုတ်ဘဲသာမန်နေ့များ၌လည်းလူငယ်၊ လူကြီး၊ ဘာသာရေးကိုင်းရှိုင်းသူများနေ့စဉ်မစ္ဆားတရားပူဇော်ပါ၀င် သောဥရောပနိုင်ငံတစ်နိုင်ငံအဖြစ်သတ်မှတ်ခံထားရသည်။

Lisbon ၌ကျင်းပမည့်ကမ္ဘာ့လူငယ်များနေ့ကို (၂၀၂၂၊ ဩဂုတ်လ) တွင်ကျင်းပရန်စီစဉ်ထားခဲ့သော်လည်း ကိုဗစ် ကြောင့်စီစဉ်ထားသည့်အတိုင်းမဖြစ်တော့ဘဲ (၂၀၂၃၊ ဩဂုတ်) လ၌ကျင်းပရန်ရွေ့ဆိုင်းထားလိုက်ကြောင်းဗာတီကန်မှ ပြီးခဲ့သောဧပြီလကကြေငြာခဲ့သည်။ အစဉ်အလာအရနောက်ဆုံးအိမ်ရှင်အဖြစ်ကျင်းပသောနိုင်ငံကလာမည့်တစ်ကြိမ် တွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်နိုင်ငံအားကမ္ဘာ့လူငယ်များနေ့လက်၀ါးကပ်တိုင်ကိုနှင့်ပုံတော်ကိုမေတ္တာပန်းပွဲတနဂ်နွေနေ့၊ ဗာတီကန်၌တရား၀င်လွှဲပြောင်းပေးရသည်။ သို့သော်ယခုနှစ်၌မေတ္တာပန်းပွဲတနဂ်နွေနေ့လည်းမကျင်းပနိုင်ခဲ့၍ ထိုအခမ်းအနားများမကျင်းပနိုင်ခဲ့ပေ။ အဆိုပါခရူစူးနှင့်ပုံတော်များကိုနို၀င်ဘာလ (၂၂) ရက်၊ ခရစ္စတူးဘုရင်တနဂ်နွေ နေ့ကပနားမားနိုင်ငံ၏လူငယ်ကိုယ်စားလှယ်များမှ‌ပေါ်တူဂီနိုင်ငံသို့လွှဲပြောင်းပေးအပ်ခဲ့သည်။

ကျန်းမာရေးနှင့်ဆိုင်သော စည်းမျဉ်းများကြောင့်ထိုအခမ်းအနားသို့လူ ပေါင်း (၁၀၀) ခန့်သာပါ၀င်နိုင်မည်ဖြစ်သည်။ ကမ္ဘာ့လူငယ်များနေ့ကိုကမ္ဘာ့ တိုက်ကြီးငါးတိုက်၌တစ်တိုက်စီသို့ (၃) နှစ်တစ်ကြိမ်အလှည့်ကျကျင်းလာခဲ့သည်မှာရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) ၏ လက်ထက်မှစခဲ့သည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3q3XPfV

 

 

Add new comment

16 + 2 =