Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အီရတ်မွတ်ဆလင်များက ပျက်စီးသွားသောခရစ်ယာန်ဘုရားကျောင်းများကို ပြုပြင်ပေး
အီရတ်မွတ်ဆလင်များက ပျက်စီးသွားသောခရစ်ယာန်ဘုရားကျောင်းများကို ပြုပြင်ပေး
အီရတ်နိုင်ငံ၏ ဒုတိယမြို့ တော် မိုဆူးလ်တွင် ခရစ်ယာန်တို့သည် ISIS အစ္စလာမစ်အကြမ်းဖက်များ၏သတ်ဖြတ်မှုကြောင့် ထွက်ပြေးခဲ့ကြပြီး ယနေ့အထိပြန်မလာသေးပေ။ အကြမ်းဖက်အဖွဲ့၏ထိန်းချုပ်မှုအောက်မှ လွတ်သွားသော် လည်း လုံခြုံစိတ်ချရသည့် အနေအထားမရောက်သေးသောကြောင့် ပြန်လာရန်တွန့်ဆုတ်နေကြသည်။ သို့သော် လည်း မကြာသေးမီကအ ဖြစ်အပျက်တစ်ခုသည် ထိုစိုးရိမ်မှုကိုသက်သာစေခဲ့သည်။
Sawaed el Muselya အမည်ရှိ မွတ်ဆလင်လူငယ်ပရဟိတအဖွဲ့များသည် အ ကြမ်းဖက်များကြောင့် ပျက်စီးသွားသော ဘုရားကျောင်းများကို သန့်ရှင်းရေးလုပ်ပြီး သူပုန်များရေးခြစ်ခဲ့သော အနာ အဆာများကို ရှင်းလင်းသွားခဲ့ကြသည်။ ထိုလူငယ်များက ဒေသအတွင်း ဘာသာရေးအစွန်းရောက်မှုများလျော့ပါးစေရန်နှင့် အယူဝါဒစွဲများပြောင်းလဲစေရန် ရည်ရွယ်သည်။
"နီနေဝေးလွင်ပြင်နှင့်မိုဆူးတွင် အကြမ်းဖက်ခြင်းနှစ်များ ကုန်လွန်ပြီး ငြိမ်းချမ်းရေးရောင်နီများသမ်းလာပြီ"ဟု Fr. Mekkoက ပြောကြားခဲ့သည်။
မိုဆူးလ်မြို့ရှိ စိန်သောမတ်စ်ဆီးရီးယားကက်သလစ်ဘုရားကျောင်းတွင် မွတ်ဆလင်လူ ငယ်များသည် သန့်ရှင်းရေးလုပ်ငန်းလုပ်နေကြပြီး စွန့်ခွာသွားသော ခရစ်ယာန်များ ပြန်လည်နေထိုင်ရန် မျှော်လင့်ကြသည်။"မိုဆူးလ်သည် ကျွန်ုပ် တို့၏မြေဖြစ်သကဲ့သို့ သင်တို့၏မြေလည်းဖြစ်ပါသည်။သင်တို့မရှိပဲ မပြည့်စုံပါ"ဟု သတင်းစကားပါးခဲ့ကြသည်။
း Fr. Mekkoသည် ထိုဒေသရှိ ခရစ်ယာန်မိသားစု နှစ်ရာကျော်ကို ထွက်ပြေးတိမ်းရှောင်ရန် ကူညီပေးခဲ့သည်။ထိုစဉ်က ခရစ်ယာန်လူဦးရေ ခုနစ်သောင်းငါးထောင်မျှ ရှိခဲ့သည်။ဖာသာရ်က "ဤလူငယ်များသည် လူနည်းစုဖြစ်သော်လည်း အင်မတန်မြင့်မြတ်ပြီး မျှော်လင့်ချက်ရှိစေကြောင်း"ပြောကြားခဲ့သည်။
ဘာသာပြန်-Agnes Lawh Lun
Add new comment