ရဟန်းမင်းကြီးဖရန်စစ်သည် နို၀င်ဘာလ (၂) ရက်နေ့ရက်နေ့၌ဗာတီကန်၀င်းအတွင်းရှိသချိုင်း၌မစ္ဆားပူဇော်မည်။

ရဟန်းမင်းကြီးဖရန်စစ်သည် နို၀င်ဘာလ (၂) ရက်နေ့ရက်နေ့၌ဗာတီကန်၀င်းအတွင်းရှိသချိုင်း၌မစ္ဆားပူဇော်မည်။

ရဟန်းမင်းကြီးဖရန်စစ်သည် နို၀င်ဘာလ (၂) ရက်နေ့ရက်နေ့၌ဗာတီကန်၀င်းအတွင်းရှိသချိုင်း၌မစ္ဆားပူဇော်မည်။

နို၀င်ဘာလ (၂) ရက်နေ့၌ အမိကက်သလစ်သာသနာတော်ကြီးအနေဖြင့် ကွယ်လွန်သွားခဲ့ကြသော ၀ိညာဉ်များ ကိုအောက်မေ့သတိရသည့်အနေဖြင့်ဆုတောင်းပေးသောတစ်လတာကိုအစပြုလိုက်ခြင်းဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ် သည်လည်း ထိုနေ့၌ကွယ်လွန်သွားကြသောဘာသာတူများအား လုံးကိုသတိရဆုတောင်းပေးရန် ဗာတီကန်၀င်းအတွင်းရှိ Teutonic သချိုင်း၌မစ္ဆားကိုဦးဆောင်ပူဇော်မည်ဖြစ်သည်။ သို့သော်လူစုလူဝေးနှင့်ပူဇော်မည်မဟုတ်ပေ။ မစ္ဆားပူဇော်ပြီး နောက် ရဟန်းမင်းကြီးများသည် ပျံလွန်သွားခဲ့သောရဟန်းမင်းကြီးများလျှောင်းစက်နေရာဗာတီကန်မြေ အောက်ခန်းသ ချိုင်းသို့ကြွရောက်၍ဆုတောင်းမေတ္တာပို့သပေးမည်ဖြစ်သည်။

နို၀င်ဘာ (၅) ရက်နေ့၊ နံနက် (၁၁) နာရီအချိန်၌ ရဟန်းမင်း ကြီးသည် ပျံလွန်သွားခဲ့ကြသော ကာဒီနယ်များ၊ ဆရာ တော်ကြီးများအတွက်မစ္ဆားပူဇော်ပေးမည်ဖြစ်သည်။ အဆို ပါမစ္ဆားတ ရားကိုမူအခြားသော၀တ်ပြုခြင်းကဲ့သို့ စိန့်ပီတာဘု ရားကျောင်းတော်ကြီးအတွင်း၌ ကူးစက်ရောဂါကြောင့် လူဦးရေအကန့် အ သတ် ဖြင့်သာပူဇော်မည်ဖြစ်ပါသည်။ ယခင်နှစ် နို၀င်ဘာလ (၂) ရက်နေ့၌ ရဟန်း မင်း ကြီးသည် ရောမမြို့ရှိ Priscilla မြေ အောက်သချိုင်း၌မစ္ဆားပူဇော်ခဲ့သည်။

ထိုမြေ အောက်သချိုင်းကို ‘queen of the catacombs’ (သချိုင်းတို့၏ဘုရင်မ) ဟုတင် စားထားသည်။ အယ်ကြောင့်ဆိုသော် အ စောပိုင်းရဟန်း မင်းကြီး (၇) ပါးနှင့်တရားတော်အတွက်ကွပ်မျက်ခံရ သည့်ဓမ္မ သက်သေတော်ကြီးများစွာမြှုပ်နှံထား သချိုင်းဖြစ်သောကြောင့်ဖြစ်သည်။ ထိုသချိုင်းကို (၂) ရာစုမှအသုံးပြုခဲ့သည်မှာ (၄) ရာစုအထိစုအထိဖြစ်သည်။
(၂၀၁၈) ခုနှစ် ၀ိညာဉ်အ ပေါင်းပွဲနေ့၌ရဟန်း မင်းကြီးသည် Laurentino သချိုင်း သို့ကြွရောက်၍မစ္ဆားပူဇော်ခဲ့သည်။ ထိုသချိုင်း၌ကလေး၊ လူကြီးများသဂြိုလ်သည့် အ ပြင် သန္ဓေသားပျက်ကျ၊ ဖျက်ချသောသန္ဓေသားများမြှုပ်နှံသောသချိုင်းလည်းဖြစ်သည်။ (၂၀၁၇) ခုနှစ်၌မူ ရဟန်းမင်း ကြီးသည် Nettuno ရှိအမေရိကန်စစ်သချိုင်းသို့ကြွရောက် ၍ ဆုတောင်းခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Photo courtesy of: ANSA

https://bit.ly/2TGYoO8

Add new comment

6 + 9 =