Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အိန္ဒိယ၌ဂျက်ဆွီစ်အသင်း၀င်ဘုန်းတော်ကြီးတစ်ပါးဖမ်းဆီးထောင်ချခံလိုက်ရ
အိန္ဒိယ၌ဂျက်ဆွီစ်အသင်း၀င်ဘုန်းတော်ကြီးတစ်ပါးဖမ်းဆီးထောင်ချခံလိုက်ရ
အာရှရှိကက်သလစ်သာသနာတော်ကြီးအနေဖြင့် အိန္ဒိယ၌ ဖမ်းဆီးထောင်ချခံလိုက်ရ သောဖာသာရ် Stan Swamy နှင့်သူ့အားထောက်ခံအားပေးသူများနှင့်အတူတစ်စိတ်တစ် ၀မ်း တည်းရှိကြောင်ထုတ်
ဖော် ခဲ့ကြသည်။
သူသည်ဒေသခံများ၊နိုင်ငံ တော်ဥပဒေ၏စောင့်ရှောက်မူကိုမခံရသောသူတို့၏အခွင့် အရေးကိုတောင်းဆိုပေးနေသူဖြစ်သည်။ သူသည်သက်တော် (၈၃) နှစ်ရှိပြီဖြစ်သည်။ သူအားဖမ်းဆီးသွားသည့်သ တင်းသူ့အားထောင်ချလိုက်ခြင်းနှင့်စွပ်စွဲထားသောအမူသည်အာရှဆရာတော်ကြီးများအဖွဲ့ချုပ်အားတုန်လှုပ်သွားစေခဲ့ရုံမကဘဲထိခိုက်နာကျင်စေကြောင်း၊ ဖာသာရ်၏အကြမ်းမဖက်သောရပ် တည်ချက် သည် Mahatma Gandhi ပြန်လည်အမှတ်ရစေကြောင်း၊ အဘယ်ကြောင့်ဆိုသော်သူသည်လည်းအိန္ဒိယနိုင်ငံ သားများ၏အခွင့်အရေးကိုရပ် တည်တောင်းဆိုခဲ့ကြောင်း၊
ဖာသာရ်သည်သူ၏ ရည်မှန်း ချက်ကိုရယူရန်ကြိုးစားရာ၌ အ ကြမ်းမဖက်သည့်လမ်းစဉ်ကိုလက်ကိုင်ထားကြောင်း၊ ယခုကဲ့သို့ဖမ်းစီးထောင်ချခြင်းသည်အာရှတလွှားရှိဒေသခံများအား ဖိနှိပ်သည့်သဘောသက်ရောက်ကြောင်းအာရှဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌဖြစ်သောရန်ကုန်ဂိုဏ်းချုပ်၏ကာဒီနယ်ချားလ်စ်ဘိုကပြောဆိုခဲ့ပါသည်။
ပုန်ကန်မူဟုစွပ်စွဲချက်
နိုင်ငံတော်၏စုံစမ်းစစ်ဆေးရေးဌာ နမှဖာသာရ် Swamy အားအောက်တိုဘာလ (၈) ရက်နေ့က Bagaicha ၌နိုင်ငံ တော်ကိုပုန်ကန်မူစွဲချက်ဖြင့်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
Bagaicha သည် Jharkhand ပြည်နယ်၏မြို့တော် Ranchi ဆင်ခြေ ဖုံးဒေသဖြစ်ပြီး၊ ဒေ သ ခံများအတွက်လူ့အခွင့် အရေးရရှိစေရန်တောင်းဆိုသောစင်တာဖွင့်လှစ်ထားသောနေရာဖြစ်သည်။ နိုင် ငံတော်ပုန်ကန်မူနှင့်နိုင်ငံတော်မှတရားမ၀င်ဟုသတ်မှတ်ထားသောအဖွဲ့အစည်းနှင့်အဆက် အသွယ်ရှိမူတို့ဖြင့်စွပ်စွဲထား သည်။ ထိုစွပ်စွဲချက်သည် (၂၀၁၈) Maharashtra ပြည် နယ်၊ Bhima Koregaon ၌ဖြစ်ပွားခဲ့သောအဓိကရုန်းနှင့်ဆက်စပ် နေသည်။ ထို Bhima Koregaon သို့တစ်ခေါက်မျှမရောက်ခဲ့ကြောင်းအဖမ်းခံထားရသောဖာသာရ်ကစွပ်စွဲချက်ကိုငြင်းဆို ထားပါ သည်။ သူအားဖမ်းဆီးပြီးနောက်တစ်ရက်၌ Maharashtra ပြည်နယ်၊ Mumbai တရားရုံး၌ နိုင်ငံ တော်၏စုံစမ်းစစ် ဆေးရေးအဖွဲ့ကသူအား အောက်တို ဘာလ (၂၃) ရက်နေ့အထိထပ်ဖမ်းချုပ်ထားခဲ့သည်။
သူ၏ကျန်းမာရေးအခြေအနေ ကြောင့်ရန် အောက်တိုဘာလ (၂၃) ရက်နေ့က အမူကိုကြား နာတရားရုံးတော်ကပယ်ချခဲ့ပြီး၊ နောက်ထပ်ရုံးချိန်းကို လာ မည့်နို၀င်ဘာလ (၅) နေ့သို့ပြောင်းလိုက်သည်။ အဖမ်းခံထားရသောသက်ကြီးရဟန်းသည် ပါကင်ဆန် (တုန်တုန်ရင်ရင်) ရောဂါနှင့်နားလည်း မကြားနိုင်တော့ပေ။
ဒေသခံအခွင့်အရေး
အဖမ်းခံထားရသောသက် ကြီးရဟန်းအနေဖြင့် မိမိတို့ ၏ဘိုးဘွားပိုင်မြေများပြန် လည်ရရှိရေးကိုနှင့်အတင်း အဓမ္မ နေရပ်ပြောင်းရွေ့ခြင်းများကိုဆန့်ကျင်သောတက်ကြွလှုပ်ရှားမူ ဖြင့်အဖမ်းခံထားရသောဒေသခံလူငယ်များပြန်လည်လွှတ် မြောက်ရေးကိုကြိုးပမ်းနေသူလည်းဖြစ် သည်။ သူတို့သည်Jharkhand အဓိကရုဏ်း၌ပါ၀င်ခဲ့ကြသော Maoist အဖွဲ့၀င် များဟုစွပ်စွဲခံထားရသူများဖြစ်ကြသည်။
အာရှဆရာတော်ကြီးများ၏ ဥက္ကဌက ‘အာရှစျေးကွက်နှင့်ထိုစျေးကွက်ကွက်မြှင့် တင်လုပ်ဆောင်နေသူများသည် ဒေသခံများအားကိုလိုနီစနစ်ပုံစံမျိုးဖြင့်ပြုမူဆက်ဆံနေကြကြောင်း၊ ဒေသခံများကိုသ ဘာ၀ဘေးဒဏ်ခံဒုက္ခသည်များအသွင်ဖန်တီးနေကြောင်း၊ အမှန်ဆိုသော်သဘာ၀ ပတ် ၀န်းကျင်ကိုထိန်းသိမ်းကြသူများ၊ ပြန် လည်ပျိုးထောင်သူများမှာဒေသခံများသာဖြစ်ကြောင်း၊ ထို့ကြောင့်သက် ဆိုင်ရာအာဏာပိုင်များအား ဒေခံတို့၏အခွင့်အရေး သည် ကမ္ဘာ့အရေးဖြစ်သည်ကိုလည်းပြန်လည်ထည့်သွင်းစဉ်းစားစေလိုကြောင်း၊ ထို့အတူ၄င်းတို့အရေးအတွက်တောင်းဆို သူများ၊ ဖာသာရ် Swamy တို့ကဲ့သို့သောသူများကိုလည်းနာလည်ငဲ့ညာပေးစေလိုကြောင်း၊ နိုင်ငံ့ခေါင်းဆောင်များအနေ ဖြင့် လည်းအမြော်အမြင်ရှိရှိ၊ ဂုဏ်သိက္ခာရှိရှိဖြင့် ဖာသာရ် Swamy နှင့်ဒေသခံများ၏ အခွင့်အရေးအတွက်တက်ကြွလှုပ်ရှား နေ သောဒေသခံလူမျိုးစုခေါင်းဆောင်များ၏ အနစ်နာခံပေးဆက်မူကိုအသိ အမှတ်ပြုတို့၍ဖမ်းဆီးထားသူများကိုလွှတ်လပ် သောအိန္ဒိယနိုင်ငံသားများအဖြစ်အမြန်ဆုံးလွှတ်ပေးရန်မျှော်လင့်ကြောင်းတောင်းဆိုလိုက်ပါသည်။
ဖာသာရ်ကလဲမင့်အားတယ်
Photo courtesy of: AFP or Licensors
Add new comment