နောင်ဆိုရင် ဘုရားကျောင်းထဲမှာ လိင်တူချင်း လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်တူး ခံယူနိုင်ကြတော့မှာလား။

နောင်ဆိုရင် ဘုရားကျောင်းထဲမှာ လိင်တူချင်း လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်တူး ခံယူနိုင်ကြတော့မှာလား။

နောင်ဆိုရင် ဘုရားကျောင်းထဲမှာ လိင်တူချင်း လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်တူး ခံယူနိုင်ကြတော့မှာလား။

လက်ထပ်ထိမ်းမြားခြင်းနဲ့ အတူပေါင်းသင်းနေထိုင်ခြင်း က အဓိပွါယ် မတူပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းကထွက်လာတဲ့ အင်တာဗျူးတစ်ခုမှာ လိင်တူပေါင်းစပ်ခြင်းနဲ့ပက်သက်ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဖြေကြားခဲ့တာအပေါ်မှာ တစ်ချို့က ရှုပ်ထွေးသွားကြတယ်။ တစ်ချို့ကလဲ တမင်ရှုပ်ထွေးအောင်း အတင်းအမှားတွေ ရေးတာတွေ့ရတယ်။ တစ်ကယ်တမ်း ပုပ်ရဟန်းမင်းကြီးမိန့်ဆိုတာက ရှင်းရှင်းလေးပါ။ အရင်ကတည်းကနေ ဒီကနေ့အထိ မပြောင်းလဲ၊ နောင်တွင်လဲ ပြောင်းလဲနိုင်စရာ မရှိတဲ့ ကက်သလစ်သာသနာတော်ရဲ့ ခံယူချက်ကို မိန့်ဆိုခြင်းဖြစ်တယ်။
လက်ထပ်ထိမ်းမြားခြင်းဆိုတာ အမျိုးသားနဲ့အမျိုးသမီး နှစ်ယောက်အကြားမှာပဲ တည်ရှိတဲ့ အရာဖြစ်တယ်။ သို့သော်လည်း အတူနေလာတာကြာနေပြီဖြစ်ပြီး၊ သစ္စာရှိကြတဲ့ဆက်ဆံရေးမျိုးရှိသူတွေအတွက် ဉပဒေပိုင်းဆိုင်ရာအခွင့်အရေးတွေနဲ့ ကာကွယ်ပေးတဲ့ ဉပဒေရှိသင့်တယ်ဆိုပြီးမိန့်ဆိုခဲ့တာဖြစ်တယ်။

စပိန်ဘာသာစကားနဲ့မိန့်ဆိုထားတဲ့ အဲဒီဗွီဒီယိုထဲမှာ ပုပ်ဖရန်စစ်က လိင်တူစိတ်ရှိသူတွေလဲ မိသားစုရှိဖို့ အခွင့်အရေးရှိတယ်။ သူတို့ မိသားစုတစ်ခုမှာ မိသားစုဝင်ဖြစ်ဖို့အခွင့်အရေးရှိတယ်။ သူတို့တွေသည် ဘုရား၏သားသမီးများဖြစ်တာကြောင့် မိသားစုထဲမှာ ပါဝင်ဖို့အခွင့်အရေးရှိတယ်။ ဘယ်သူမှ မိသားစုထဲကနေထုတ်ပယ်ခံရပြီး ဘဝဒုက္ခရောက်နေတာမျိုးမဖြစ်သင့်ဘူး. ဒါ‌ကြောင့် သူတို့တွေ အတူနေခွင့် ဥပဒေ civil union law ဖန်တီးပေးရမယ်။ သို့မှသာ သူတို့က ဥပ‌ေဒရဲ့ အခွင့်အရေးတွေကို ရရှိခံစားနိုင်မှာဖြစ်တယ်။

ဒါကို တစ်ချို့က အသင်းတော်က လိင်တူလပ်ထပ်ခြင်းကို တရားဝင်ခွင့်ပြုပေးတော့မဲ့ ပုံစံမျိုးပြောနေကြတာရှိတယ်။ လိင်တူစိတ်ရှိသူတွေလဲ မိသားစုထဲမှာ ပါဝင်ဖို့အခွင့်အရေးရှိကြတယ်။ သို့သော်လည်း မိသားစုဆိုသည့် အဓိပွါယ်ကိုတော့ ပြောင်းလဲသတ်မှတ်ဖို့အခွင့်အရေး သူတို့မှာမရှိပါဘူး. To redefine the family မလုပ်နိုင်ပါဘူး. အင်တာဗျူးမှာ ပုပ်ဖရန်စစ်က အဓိကပြန်ပြီး အတည်ပြုမိန့်ဆိုနေတာက ပုပ်ရဟန်းမင်းကြီးအဖြစ်ရွေးချယ်တင်မြှောက်ခြင်းမခံရခင် ၂၀၁၀ ခုနှစ်မှာတုန်းက သူ့နိုင်ငံအာဂျင်တီးနား ဘွယ်နော်အေးရက်စ်မြို့အတွက် သူထောက်ခံမှုပြုခဲ့တဲ့အရာကို ပြန်ပြီးမိန့်ဆိုနေခြင်းဖြစ်တယ်။ အာဂျင်တီးနားနိုင်ငံမှာ လိင်တူလက်ထပ်ထိမ်းမြားခြင်းကို တရားဝင်ခွင့်ပြုပေးမဲ့အစား တစ်ခြားရွေးချယ်စရာနည်းလမ်းအဖြစ် civil union အတူနေခွင့် ဥပဒေကို ထောက်ခံပေးခဲ့ခြင်းဖြစ်တယ်။ အတူနေခွင့်ရှိခြင်းကနေ ဘာတွေရဖို့ အဲဒီအချိန်တုန်းက မျှော်လင့်ခဲ့ကြသလဲဆိုရင် လိင်တူပေါင်းဖက်အတူနေကြတဲ့သူတွေက သူတို့ရဲ့လက်တွဲဖေါ်ကို အမွေဆက်ခံခွင့်ပေးနိုင်တယ်။ ကျန်းမာရေးဆေးကုသစရိတ်တွေ ကို ခံစားနိုင်ခွင့်ရှိတယ်။ ယောကျာ်းနဲ့မိန်းမ လက်ထပ်ထိမ်းမြားထားသူတွေကိုသာလျှင် အစဥ်အလာအားဖြင့်ပေးထားတဲ့ အခွင့်အရေးတွေကလွဲလို့ ကျန်တဲ့ဥပဒေဆိုင်ရာအခွင့်အရေးတွေ ရခဲ့မှာဖြစ်တယ်။

မိဘတွေအနေနဲ့ ကိုယ်ရဲ့သားသမီးက ဂေးဖြစ်နေတယ်။ လိင်တူစိတ်ဝင်စားတဲ့ စိတ်ယိုင်မှုဖြစ်နေတယ်ဆိုရင် သူ့ကို မစွန့်ပယ်ဖို့၊ ပစ်မထားဖို့အရေး နဲ့ လူတိုင်းမှာ မိသားစုရှိပိုင်ခွင့် အခွင့်အရေးရှိတဲ့အကြောင်းကို အခွင့်အခါသင့်တိုင်း အကြိမ်များစွာ မိန့်ကြားခဲ့ပြီးဖြစ်တယ်။
၂၀၁၉ ခုနှစ်တုန်းက မက်ဆီကန် ရုပ်သံတစ်ခုကနေ ပုပ်ဖရန်စစ်ကို အင်ထာဗျူးလုပ်ခဲ့တယ်။ အာဂျင်တီးနားနိုင်ငံမှာ လိင်တူလက်ထပ်ထိမ်းမြားခြင်းကို ဆန့်ကျင်တဲ့ ပုပ်ရဲ့ရပ်တည်မှုအကြောင်းနဲ့ LGBT လိင်တူစိတ်ရှိသူတွေ၊ လိင်ပြောင်းထားတဲ့သူတွေအပေါ် ပုပ်ရဟန်းမင်းတစ်ပါးအနေနဲ့ ပွင့်လင်းမှု၊ လက်ခံမှုနဲ့ပက်သက်ပြီး မေးတဲ့အချိန်မှာ ပုပ်ဖရန်စစ်က အခုလိုပြန်မိန့်ဆိုခဲ့ပါတယ်။ အသင်းတော်ရဲ့ သွန်သင်ချက်ကို ကျွန်ုပ်အမြဲကာကွယ်ထိန်းသိမ်းတယ်။ လိင်တူလပ်ထပ်ထိမ်းမြားခြင်းဆိုတာက သဘာဝနဲ့ ဖီလာဆန့်ကျင်ဖြစ်နေတယ်။

ပုပ်ဖရန်စစ်နဲ့ ပြင်သစ်လူမှုသိပွံပညာရှင် ‌ဒေါမိနစ် ဝိုလ်တန် တို့ အင်တာဗျူးလုပ်ခဲ့ကြတာရှိပါတယ်။ ရှေးအစဥ်အလာ၊ ခောတ်သစ်ကာလ၊ အမှန်တရားအကြောင်းတွေ ဆွေးနွေးခဲ့ကြတယ်။ စီးရီးအလိုက် ဒီအင်တာဗျူးကို ၂၀၁၇ မှာ စာအုပ်ထုတ်ဝေခဲ့တယ်။ ခေါင်းစဉ်က ယုံကြည်ခြင်း၏ ရှေ့လားရာ၊ နိုင်ငံရေးနှင့် လူ့အသိုင်းအဝိုင်းအတွင်း ပြောင်းလဲခြင်းလမ်းကြောင်း ဆိုပြီးဖြစ်တယ်။ ဒီထဲမှာ ပုပ်ဖရန်စစ် အခုလိုမိန့်ဆိုထားတယ်။ လက်ထပ်ထိမ်းမြားခြင်းဆိုတာ သမိုင်းစကားလုံး historical word ဖြစ်တယ်။

အသင်းတော်ထဲမှာတင်မကဘူး၊ လူ့အသိုင်းအဝိုင်းတစ်ခုမှာ လက်ထပ်ထိမ်းမြားခြင်းဆိုတာက ယောကျာ်းနဲ့မိန်းမ ဒီသဘာဝနှစ်ခုအကြားမှာပဲ ထာဝရ ဖြစ်နေမှာဖြစ်တယ်။ ပုပ်ဖရန်စစ်က forever ထာဝရလို့သုံးနှုံးခဲ့တာဖြစ်တယ်။ ဒါကို ကျွန်ပ်တို့ပြောင်းပစ်လို့မရဘူး၊ ဒါက the nature of things သဘာဝတရားဖြစ်တယ်။ ဒီအတိုင်းပဲရှိနေမှာဖြစ်တယ်၊ အီတာလျံသတင်းစာ Corriere della Sera ကထုတ်ဝေတဲ့ ၂၀၁၄ အင်တာဗျူးမှာ ဥရောပတိုက်မှာ နိုင်ငံတွေက လိင်တူလက်ထပ်ခြင်းကို တရားဝင်ခွင့်ပြုပေးဖို့ ဒါမှမဟုတ် အတူပေါင်းသင်းနေထိုင်ခွင့်ဥပဒေပြဌာန်းဖို့ လှုပ်ရှားနေကြတာနဲ့ ပက်သက်ပြီး ပုပ်ဖရန်စစ်ရဲ့ သဘောထားကို မေးမြန်းခဲ့ပါတယ်၊

ပုပ်ဖရန်စစ်က ပြန်မိန့်ဆိုတယ်။ Marriage is between a man and woman, လက်ထပ်ထိမ်းမြားခြင်းဆိုတာ ယောကျာ်းနဲ့မိန်းမ နှစ်ယောက် အကြားမှာပဲဖြစ်တယ်၊ အတူပေါင်းသင်းနေထိုင်ကြတဲ့သူတွေရဲ့ တစ်ယောက်နဲ့တစ်ယောက်မတူတဲ့အခြေအနေတွေကို ထိန်းညှိနိုင်ဖို့ အတူ‌ပေါင်းသင်းနေထိုင်ခြင်း civil unions ကိုအတည်ပြုပေးနိုင်ဖို့ နိုင်ငံတွေက လိုလားနေကြတယ်။ ဒါက အတူနေထိုင်ကြတဲ့သူတွေအကြားမှာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကဲ့သို့သော စီးပွားရေးနဲ့ဆိုင်ရာတွေ၊ ငွေးရေးကြေးရေးပိုင်ဆိုင်မှုဆိုင်ရာတွေကို ထိန်းညှိဖို့လိုအပ်မှုရှိလာတာကြောင့်ဖြစ်တယ်။

ဒါက မတူတဲ့ အခြေအနေတွေကို မြင်ရမယ်၊ အဲဒီအခြေအနေတွေအတိုင်း သုံးသပ်ရမှာဖြစ်တယ်၊ အတူပေါင်းသင်းနေထိုင်ခြင်း တစ်ချို့ပုံစံတွေကိုတော့ လက်ခံနိုင်ပါတယ်လို့ ပုပ်ဖရန်စစ်က မိန့်ဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာက လင်မယားတွေအကြားမှာက သူတို့လို ကျန်းမာရေးစောင့်ရှောက်မှုပိုင်းဆိုင်ရာ ဉပဒေတွေက အားကောင်းကောင်းနဲ့ ရှိမနေသေးပါဘူး။ နောက်ပြီး မြန်မာနိုင်ငံ လက်ရှိဥပဒေတွေက လိင်တူပေါင်းဖက်နေထိုင်သူတွေကို တရားဝင်ခွင့်ပေးမထားသလို၊ သူတို့ကို အကာအကွယ်ပေးထားတာမျိုး မရှိပါသေးဘူး၊ ကိုလိုနီခောတ်က ဥပဒေဖြစ်တဲ့ ၃၇၇ ကဆက်လက်ပြီးတည်ဆဲဥပဒေဖြစ်နေပြီး တစ်သက်တစ်ကျွန်းအပါအဝင် နှစ်ကြီးအပြစ်ဒဏ်တွေ ကျခံနေရနိုင်ဆဲဖြစ်ပါတယ်။ ဒါမဲ့ လက်တွေ့မှာ ဘယ်သူ့ကိုမျှ အရေးယူဆောင်ရွက်တာမျိုးတော့မရှိပါဘူး။ အမှန်ဆိုရင် LGBT တွေရဲ့ မှန်ကန်တဲ့လူ့အခွင့်အရေးတွေကို ကာကွယ်ပေးသင့်တာဖြစ်ပါတယ်။

Austen Ivereigh ရေးသားပြုစုတဲ့ The Great Reformer မဟာပြုပြင်ပြောင်းလဲရေးသမား ဆိုတဲ့ နာမည်နဲ့ ပုပ်ဖရန်စစ်ရဲ့ အတ္တုပ္ပတိ စာအုပ်မှာ ရေးထားတယ်၊ အာဂျင်းတီးနားနိုင်ငံမှာ လိင်တူလက်ထပ်ခြင်းကို တရားဝင်ခွင့်ပြပေးဖို့ အစိုးရကကြိုးစားခဲ့ရာမှာ ပုပ်ဖရန်စစ် အဲဒီတုန်းက ဂိုဏ်းချုပ်ဆရာတော်ကြီး ဂျော်ဂျီ မာရီးယို ဘယ်ဂေါဂလီယိုက အစိုးရခေါင်းဆောင်များကို ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်၊ Ivereigh ကရေးထားတယ်။ အရင်က သီသြော်လော်ဂျီပရောဖက်ဆာတစ်ယောက်ဖြစ်ခဲ့သူ လက်ရှိမှာ လိင်တူအရေးလှုပ်ရှားသူ ဖြစ်တဲ့ Marceio Marquez ကိုပုပ်ဖရန်စစ်က အခုလိုမိန့်ဆိုခဲ့တယ်၊ အတူပေါင်းသင်းနေထိုင်ခြင်းကို ဥပဒေအရခွင့်ပြုပေးခြင်း အခွင့်အရေးအပါအဝင်၊ လိင်တူစိတ်ဝင်စားသူများရဲ့ အခွင်းရေးတွေကို အားပေးပါတယ်၊ သို့သော်လည်း လက်ထပ်ထိမ်းမြားခြင်းကို ဥပဒေအရ အဓိပွါယ်ကို ပြင်ဆင်ဖို့ကြိုးစားခြင်း မှန်သမျှကို လုံးဝဆန့်ကျင်တယ်ဟု မိန့်ဆိုခဲ့ပါတယ်။

ပုပ်ဖရန်စစ်ရဲ့ လတ်တလောအင်တာဗျူးမှာ မိန့်ဆိုခဲ့တာက ကက်သလစ်သာသနာတော်အတွင်းမှာလဲ သို့လော၊ သို့လော ရှုပ်ထွေးမှုတွေ အနည်းငယ်ဖြစ်သွားစေခဲ့ပါတယ်။ ဘာလို့လဲဆိုရင် ယုံကြည်ရာသွန်သင်ချက်များဆိုင်ရာပုပ်ရဟန်းမင်းကြီးရုံးတော် ရဲ့ ဥက္ကဌ နောင်ပုပ်ဘက်နဒစ် ၁၆ ဖြစ်လာမဲ့ ကာဒီနယ် ဂျိုးဇက် ရာဇင်ဂါ ရေးသားထုတ်ပြန်ပြီး ပုပ်ဂျွန်ပေါ် ၂ လက်မှတ်ရေးထိုးခဲ့တဲ ၂၀၀၃ ခုနှစ်သွန်သင်ချက်က ဆိုထားတာက၊ လိင်တူများ အကြားအတူပေါင်းသင်းနေထိုင်ခြင်းကို ဥပဒအရအသိအမှတ်ပြုပေးခြင်းကို ဆန့်ကျင်ထားပြီး၊ အထူးသဖြင့် လိင်တူပေါင်းသင်းနေထိုင်သူများကို ဥပဒအရ အသိအမှတ်ပြုပေးလိုက်ရင် လက်ထပ်ခြင်းအစစ်အမှန်ကို ပြုလုပ်ထားသူများနဲ့တန်းတူဖြစ်သွားပြီး သားသမီးမွေးစားခြင်းအခွင့်အရေးကို ရရှိသွားမှာကို မလိုလားတာကြောင့်ဖြစ်တယ်။ ဒါကလဲ လိင်တူများက မွေးစားတဲ့ သားသမီးများအပေါ်မှာ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေ ရှိနိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်။

ပုပ်ဖရန်စစ်က ထောက်ခံခဲ့တဲ့ လိင်တူများအတူပေါင်းသင်နေထိုင်ခြင်း ဥပဒေက လက်ထပ်ထိမ်းမြားခြင်း အနှစ်သာရကို မထိခိုက်တဲ့ ဥပဒေပိုင်းဆိုင်ရာ သက်သက်သာဖြစ်တယ်။ အသင်းတော်က ခွင့်ပြုပေးခြင်းမဟုတ်ပါဘူး. ခု ရှင်းလင်းတင်ပြသွားတာကို အချုပ်ပြောရမယ်ဆိုရင် လက်ထပ်ထိမ်းမြားခြင်း အဓိပွါယ်နဲ့ လိင်တူပေါင်းသင်းနေထိုင်ခြင်းကို ဥပဒေအရ ခွင့်ပြုပေးခြင်း အဓိပွါယ် လုံးဝမတူပါဘူး. လက်ထပ်ထိမ်းမြားခြင်းက ယောကျာ်းနဲ့ မိန်းမ အကြားမှာ ပဲ သဘာဝအရ ထာဝရ ဖြစ်နေမှာဖြစ်တယ်။ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး. သို့သော်လည်း တစ်ချို့အခြေအနေတွေမှာ စီးပွားရေးပိုင်းဆိုင်ရာ အရလိုအပ်ချက်တွေကြောင့် အတူနေထိုင်လာကြတာကြာပြီဖြစ်တဲ့ သူတွေအကြားမှာ ပေါင်းသင်းနေထိုင်ခြင်းကို ဥပဒေအရ ခွင့်ပြုပေးခြင်းကို ခထာက်ခံပေးခြင်းဖြစ်တယ်။

လိင်တူဖက်ကို စိတ်ယိမ်းယိုင်ခြင်းနဲ့ လိင်တူလိင်ဆက်ဆံခြင်း လဲမတူပါဘူး. လိင်တူဖက်ကို စိတ်ယိမ်းယိုင်ခြင်းက အပြစ်ဖြစ်တယ်လို့ အသင်းတော်က မသတ်မှတ်ပါဘူး. ဒါကြောင့် အသိုင်းအဝိုင်းအတွင်းမှာ သူတို့ကို လက်ခံဖို့၊ လေးစားမှုရှိဖို့ဖြစ်ပါတယ်။ လိင်တူစိတ်ဝင်စားသူများကို ကာမဘီလူးများအဖြစ် ပုံဖေါ်နေခြင်းတွေ၊ လှောင်ပြောင်နေခြင်းတွေကို လုံးဝမပြုလုပ်ဖို့ကတော့ လူ့ဂုဏ်သိက္ခာကို လေးစားခြင်းဖြစ်ပါတယ်။

ဖာသာရ်ရစ်ချက်လှမင်းဉီး

Photo courtesy of : Insider

Add new comment

6 + 7 =