Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
Ranero Mancinelli သည် ပုပ်ရဟန်းမင်းကြီးသုံးပါးအတွက် အလုပ်လုပ်ခဲ့သော စက်ချုပ်သမား ဖြစ်ကြောင်းဆို
Ranero Mancinelli သည် ပုပ်ရဟန်းမင်းကြီးသုံးပါးအတွက် အလုပ်လုပ်ခဲ့သော စက်ချုပ်သမား ဖြစ်ကြောင်းဆို
ရောမမြို့ရှိ ဗာတီကန်လမ်းမနှင့်အပြိုင် တည်ရှိသော စတိုးဆိုင်တစ်ခုရှိသည်။ ထိုဆိုင်သည် Mancinelli Clergy အပ်ချုပ်ဆိုင်ဖြစ်ပြီး ပိုင်ရှင်မှာ Ranero Mancinelli ဖြစ်သည်။
သူသည် ၁၉၆၂ခုနှစ်ကတည်းက တစ်ကမ္ဘာလုံးရှိ ဘုန်းကြီး၊ ဆရာတော်များအတွက် သင်္ကန်းများချုပ်ပေးခဲ့သည်။ "သနားကြင်နာခြင်းနဲ့ အလုပ်လုပ်တဲ့အခါ နှိမ့်ချခြင်းဟာ ကျွန်ုပ်ရဲ့ပါရမီများဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး သုံးဆက်ကို ချုပ်ပေးဖူးပါတယ်ဟု ပြောသည်။
"စာနယ်ဇင်းသမားများက ဘယ်သူ့ကိုချုပ်ပေးချင်သေးလဲဟု မေးတိုင်း မည်သည်ကိုမျှမလိုအပ်တော့ပါ။ ပုပ်တို့၏အထက်တွင် ဘုရားသာရှိပါသည်ဟု သူပြန်ဖြေလေ့ရှိသည်။ ပုပ်ရဟန်းမင်းကြီးဘယ်နဒစ် အရိုက်အရာမခံယူခင်ကပင် သူ၏ညီမသည် သင်္ကန်းလာအပ်ခဲ့ပြီး အရိုက်အရာခံယူသည့်အချိန်တွင်လည်း ခေါ်ယူကာ ကိုယ်တိုင်းယူ၍ချုပ်လုပ်စေခဲ့သည်။
သူငယ်ချင်းကာဒီနယ်တစ်ပါးက ဖိတ်ခေါ်၍ မနက်စာစားပြီးသည့် အခါ ထိုကာဒီနယ်က "သင်အခုစားပြီးသော ကွတ်ကီးမုန့်များသည် ပုပ်ရဟန်းမင်းကြီးဂျွန်ပေါလ်၏မုန့်များဖြစ်သည်"ဟု ပြောခဲ့သည်။
ကာဒီနယ်များနှင့်ဆရာတော်များသည် ဗာတီကန်သို့လာတိုင်း သူ့ကို ဝင်ရောက်နှုတ်ဆက်တတ်ကြသည်။ သူကလည်း အလွန်ဂုဏ်ယူပျော်ရွှင်ကြောင်းဖော်ပြလေ့ရှိသည်။
ငယ်ရွယ်စဥ်ကတည်းက သင်္ကန်းများချုပ်ခဲ့သောကြောင့် သူ့လက်ရာများမှာ သေသပ်လှပသည်။ သူသည် သင်္ကန်းရှည်၊ဇာသင်္ကန်းတို၊ဆရာတော်နှင့်ကာဒီနယ်များဆောင်းသော သံပုရာခွံဦးထုပ်ငယ်များကို ချုပ်လုပ်ပြီး Borgo pio လမ်းရှိ သူ၏ ကုမ္ပဏီငယ်ကို ဦးဆောင်နေသည်။
ဘာသာပြန်- Agnes Lawh Lun
Photo Courtesy of : Vincenzo Pinto/AFP
Add new comment