ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင် သက်တော် (၈၁)နှစ်တွင် ပျံလွန်တော်မူခြင်းသတင်း။

ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင် သက်တော် (၈၁)နှစ်တွင် ပျံလွန်တော်မူခြင်းသတင်း။

ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင် သက်တော် (၈၁) နှစ်သည် အောက်တိုဘာလ (၂၄) ရက်နေ့ နေ့လည် (၁၂း၁၀) မိနစ် တွင် မန္တလေး ကက်သီဒြယ်‌ကျောင်းတိုက်၌ ပျံလွန်တော် မူခဲ့ပါသည်။ ဆရာတော်၏ ရုပ်ကလပ်ကို ဆရာတော်ကြီး အနားယူ သတင်းသုံး နေသည့် ကျောင်းတိုက်၌ပင် ပြင်ဆင်ထားရှိကာ ညနေ (၆း၀၀) နာရီတွင်တော့ မြစ်ကြီးနားမြို့သို့ သယ်ဆောင်သွားခဲ့ပါသည်။

မန္တလေးတွင် ခဏတာ နေ့တပိုင်းကျင်းထားသည့်အခါ ကိုဗစ်စည်း မျည်းများနှင့်အညီ ဆောင်ရွက်ခဲ့ပြီး ဘာသာဝင်များအားလုံးမှာတော့ အဝေးမှ ဆုတောင်းပေးခြင်း ၊ မန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်းနှင့်ရဟန်းတော်များ၊ ကချင်မိသားစုနှင့် ဘာသာဝင် ကိုယ်စားလှယ် တချို့တို့က အလှည့်ကျ တဖွဲ့စီ ဝင်ကာ ခေတ္တခဏ ဆုတောင်းကန့်တော့ခဲ့ကြပါသည်။ မြစ်ကြီးနားမြို့သို့ မထွက်ခွာခင် နောက်ဆုံးအချိန်တွင်တော့ ဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်း နှင့် ရဟန်းတော်များ ၊ သီလရှင်များမှ အထူးဆုတောင်း မေတ္တာနှင့် အတူရင်ထဲမှတိတ်ဆိတ်စွာဖြင့်အဖဆရာတော်ကြီးပေါလ်ဂရောင်အားကျေးဇူးတင်ခြင်း၊တောင်းပန်ခြင်း၊ဆုတောင်းပေးခြင်းတို့အပြီးတွင် ဦးသုံးကြိမ်ချကာ ဂါရဝပြု ကန်တော့ခဲ့ကြပါသည်။ မြစ်ကြီး နားမြို့သို့သယ်ဆောင်သွားရာတွင်ဆရာတော်ဘုရားရုပ်ကလပ်သယ်ဆောင်လာသောနာရေးယာဉ်အားကျေးရွာအသီးသီးမှ ဘာသာဝင် သားသမီးတို့က ညမအိပ်ကြဘဲ ဖယောင်းတိုင်မီးများ ထွန်းညှိကာ စောင့်ဆိုင်းရင်း ဂါရဝပြုနှုတ်ဆက်ကာ ဆုတောင်းပေးခဲ့ကြတာ ၂၅ ရက်နေ့ နံနက် (၇း၄၅) မိနစ်တွင်တော့ မြစ်ကြီးနာ မြို့ စိန့်ကိုလန်ဘန်ကျောင်းဝင်းတွင်းသို့ ရောက်ရှိကာ ဆရာတော်ကြီးနှင့် ရဟန်းသီလရှင်တို့က ကြိုဆို ဂါရဝပြုခဲ့ကြပါသည်။

အဖ ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင်သည် ကချင်လူမျိုးထဲမှ ပထမဆုံး ရဟန်းဖြစ်သလို ၊ ပထမဆုံး ဆရာတော်ကြီးလည်း ဖြစ်ကြောင်း၊ ၁၉၃၉ ခုနှစ် မတ်လ(၂၀) ရက်နေ့တွင် မွေးဖွားခဲ့သူဖြစ်ပြီး ၁၉၆၅ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ရဟန်းသိက္ခာခဲ့ယူခဲ့ကာ မြစ်ကြီးနား ဂိုဏ်းအုပ်ဆရာ တော်ကြီးအဖြစ်(၂၇) နှစ်တာ အမှုတော် ထမ်းရွက်ခဲ့အပြီးတွင် ၂၀၀၃ ခုနှစ် ဂျွန်လ(၁၆) ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလူးမှ မန္တလေး ဂိုဏ်းချုပ်သာသနာ၏ ဂိုဏ်းချုပ် ဆရာတော်ကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။ မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာတွင် ၂၀၀၃ ခုနှစ် မှ ၂၀၁၄ ခုနှစ်အထိ (၁၁) နှစ်ကြာ အမှုတော် ထမ်းဆောင်ပြီး  ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့တွင် ပျံလွန်တော်မူခဲ့ပါသည်။ အနားယူခဲ့သည် ခြောက်နှစ်တာ ကာလ ဆရာတော်ကြီး သည် မန္တလေး ဂိုဏ်းချုပ်သာသနာ ကက်သီဒြယ်ကျောင်းဝင်းထဲမှာပင် သတင်းသုံးနေထိုင်ခဲ့ကာ ထိုနေရာ၌ပင် ပျံလွန်တော်မူခဲ့ခြင်း ဖြစ်ပါသည်။

အဖဆရာတော်ကြီး ပေါလ် ဇိန်ထုန်းဂရောင်၏ ဈာပန အခမ်းအနား မစ္ဆားတရားကို အောက်တိုဘာလ(၂၇) ရက်နေ့ အင်္ဂါနေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင်မြစ်ကြီးနားသာသနာ၏ ဓမ္မကောလိပ် တစ်ခု ဖြစ်သည့် စိန့်လုဒ်ကောလိပ် ကျောင်းဝင်းအတွင်း မြုပ်နှံ သဂြိုလ် မည်ဖြစ်ပါသည်။

News by – Sr.Lucia Thandar Aung (SJA)

Add new comment

1 + 0 =