ကမ္ဘာငြိမ်းချမ်းရေးအတွက်ပြုလုပ်မည့်ဆုတောင်းခြင်းအစီအစဉ်သို့ရဟန်းမင်းကြီးပါ၀င်မည်

ကမ္ဘာငြိမ်းချမ်းရေးအတွက်ပြုလုပ်မည့်ဆုတောင်းခြင်းအစီအစဉ်သို့ရဟန်းမင်းကြီးပါ၀င်မည်

ကမ္ဘာငြိမ်းချမ်းရေးအတွက်ပြုလုပ်မည့်ဆုတောင်းခြင်းအစီအစဉ်သို့ရဟန်းမင်းကြီးပါ၀င်မည်

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ဆုတောင်းခြင်းအစီအစဉ်သို့ပုပ်ရဟန်းမင်းကြီးဖရန်စစ်ပါ၀င်မည်ဖြစ်သည်။ ထိုဆု တောင်း ခြင်းအစီအစဉ်ကိုလာမည့်အောက်တိုဘာလ (၂၀) ရက်၊ အင်္ဂါနေ့၌ကျင်းပမည်ဖြစ်သည်။

ဆုတောင်းခြင်းအစီအစဉ်၏ ခေါင်း စဉ်မှာ ‘တစ်ဦးတည်းကယ်တင်ခြင်းမခံရ - ငြိမ်း ချမ်းရေးနှင့်ညီ အစ်ကိုမောင် နှမရင်းချာများ’ ဟုပေးထားပါသည်။

ရောမမြို့ ၌အခြေခံထားသောစိန့်အီဂျီးဒိအိုအဖွဲ့မှစီစဉ်ခြင်းဖြစ်သည်။ ဤဆုတောင်းခြင်းအစီအစဉ်သည်ကက်သလစ်ဘာသာ၀င်များ သာသီးသန့်ကျင်းပခြင်းမဟုတ်ဘဲမဟုတ်ဘဲ အခြားသောခရစ်ယာန်သင်းကွဲညီအစ်ကိုများလည်းလည်းပါ၀င်ကြမည်ဖြစ် သည်။

ဆုတောင်းခြင်းအစီအစဉ်ကိုရောမမြို့ ၊ Capitoline ကုန်းရှိ Saint Mary in Aracoeli ဘာစီးလီကာတွင်ကျင်းပ မည်ဖြစ်သည်။ ဤဆု ပေါင်းဆု တောင်းခြင်းအစီအစဉ်နှင့်အတူခရစ်ယာန်မဟုတ်သောဘာသာ၀င်များ၏ဘာသာရေးခေါင်းဆောင်များလည်းပါ၀င်ပြီး၊ ရောမမြို့ Capitoline ကုန်းရှိ မိုက်ကယ်အန်းဂျေလိုရင်ပြင်တွင်ကျင်းပမည်ဖြစ် ကြောင်းကို လည်းဗာတီကန်သတင်းဌာနကထုတ်ပြန် ကြေ ငြာထားသည်။

အာစီစီ၏စိတ်နေသဘောထားဖြင့်ကျင်းပမည်ဖြစ်သည်။
ယခုတစ်ကြိမ်သည် (၃၄) ကြိမ်မြောက်ကျင်းပခြင်းဖြစ် သည်။ ဤသမိုင်း၀င်သောဆုပေါင်းဆုတောင်းခြင်း အစီအ စဉ်ကိုကျင်းပရန်အလင်းပြခဲ့သူမှာစိန့်ဂျွန်ပေါလ် (၂) ဖြစ်ပြီး၊ (၁၉၈၆) ခုနှစ်ကဖြစ် သည်။ ဤသို့ကျင်းပခြင်းသည်အာစီးစီ၏ စိတ်နေ သ ဘောထားနှင့်ရဟန်းမင်းကြီးဖရန်စစ်၏ညီအစ်ကိုမောင်နှမအပေါင်းတို့ စာချွန်တော်အ တိုင်းငြိမ်းချမ်းရေး အတွက်ဆုတောင်းခြင်းဖြစ်သည်။

ကိုဗစ် (၁၉) ရောဂါဖြစ်ပွားနေသည့်ကြားမှကျင်းပရသော ကြောင့် လူစုလူဝေးဖြစ်ခြင်းမှရှောင်ရှားရန်ရည်ရွယ် ကာ ဘာသာစကား (၈) မျိုးဖြင့်တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။ ထို့အတူအခြားသောလူမူကွန်ရက်နှင့်တီဗွီလိုင်း များမှလည်းထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်၏ တတိယစာချွန်တော်ဖြစ်သော ‘ညီအစ်ကိုမောင်နှ မအပေါင်း ’ စာချွန်တော်ကိုမှီငြမ်း၍ ‘မိမိတို့သက်၀င်ယုံကြည်သော ဘာသာတရားအပေါ်အခြေခံ၍ ဘုရားသခင် ၏ သားသ မီးများအဖြစ်ခေါ်တော်မူခြင်းခံရသည်။ညီအစ် ကိုရင်းစိတ်ဓာတ်များမွေးဖွားတည်ဆောက်ရန်နှင့်အသိုင်း အဝိုင်းအတွင်း၌ တရားမျှတခြင်းကိုလည်းကာကွယ်ရန်ဖြစ်ကြောင်း၊ မတူညီသောသမိုင်းတလျှောက်၌ ကပ်ရောဂါဆိုးကြောင့်သော်လည်း ကောင်း၊ စစ်ပွဲအဟောင်း၊ အသစ်များဆက်လက်ဖြစ်ပွားနေသော ကြောင့်သော်လည်းကောင်း၊ ဆီးရီးယား၌စစ်ဖြစ်‌နေခဲ့သည် မှာဆယ်နှစ်ကြာလာပြီဖြစ်သကဲ့သို့၊ Nagorno- Karabakh ၌မူယခုလော လောလတ်လတ်စစ်ဖြစ်နေ သည်ကိုထောက် ခြင်းဖြင့်ယခု ဆုတောင်းခြင်းနှင့်ဘာသာရေး ခေါင်းဆောင်ကြီးများတွေ့ဆုံခြင်းသည်ငြိမ်းချမ်းရေးလိုအပ်နေကြောင်းကမ္ဘာ ကြီးအားဥရောပ၏နှလုံးသားမှသော်လည်းကောင်း၊ အနာဂါတ်၏မျှော်လင့်ခြင်းသတင်း ကောင်းဖြစ်သည် ငြိမ်းချမ်းရေး၏အ မည်အောက်၌ အသိ ပေးလိုကြောင်း၊ လူတိုင်းဤဆုတောင်းခြင်းအစီအစဉ်ကိုအွန်လိုင်းမှပါ၀င်ရန်ဖိတ်ခေါ်ပါကြောင်း’ ဖြင့်စိန့် အီဂျီးဒီအိုအဖွဲ့ကရှင်းပြပါသည်။

(ကိုဗစ်ကြောင့်သေဆုံးခဲ့ကြသောသူများအတွက်တစ်မိနစ်တိတ်ဆိတ်စွာနေခဲ့ကြသည်။)
အင်္ဂါနေ့မွန်းလွှဲပိုင်း၌ ဘာသာအသီးသီး၏ခေါင်းဆောင်များသည် မိမိတို့၏ဘာသာရေးထုံးစံအတိုင်းဆုတောင်းကြ မည်ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်၊ ကွန်စတင်တီနိုပယ်၏ဘာသာရေးခေါင်းဆောင် Bartholomew I နှင့် ဩသော‌ ဒေါ့စ်၊ ပရိုတက်စတင်ခေါင်းဆောင်များသည် ဘာစီးလီကာဘုရားကျောင်းမှဆုတောင်းမည်ဖြစ်သည်။ ဂျူးဘာသာရေး ခေါင်းဆောင်မှာမူရောမရှိ တရားဇရပ်မှလည်း ကောင်း၊ မွတ်စလင်၊ ဗုဒ္ဓနှင့်အခြားသောအရှေ့တိုင်းဘာ သာရေးခေါင်းဆောင် များမှာမူ Capitoline ပြတိုက်တွင်ဆုတောင်းခြင်းကို၌ပါ၀င်ကြမည်ဖြစ်သည်။ ဤဆုပေါင်းဆုတောင်းပွဲ၌အပြည်ပြည်ဆိုင် ရာအဖွဲ့အစည်းများ၏ ခေါင်း ဆောင်ကြီးများဖြစ်သောဥရော ပကော်မရှင်၏ဥက္ကဌ Ursula von der Leyen၊ အီတလီသမ္မ တ Sergio Mattarella တို့ကိုလည်းတက်ရောက်ရန် တိုက်တွန်းထားသည်။ ဆုတောင်းခြင်းအတော အ တွင်းကိုဗစ်ရောဂါ ရောဂါကြောင့် ကွယ်လွန်သွားခဲ့ကြသောသူတို့အားရည်စူး၍ တစ်မိနစ်မျှတိတ်ဆိတ်စွာနေ၍ မေတ္တာပို့သည့်အစီအစဉ်ဖြင့် အခမ်းအနားကိုရုတ်သိမ်းမည်ဖြစ်ပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2T5eXmq

Add new comment

1 + 9 =