ပုပ်ရဟန်းမင်းကြီး၏ ဗာတီကန် နန်းဆောင်၌ ကိုဗစ် ပိုးတွေ့ရှိ

ပုပ်ရဟန်းမင်းကြီး၏ ဗာတီကန် နန်းဆောင်၌ ကိုဗစ် ပိုးတွေ့ရှိ

ပုပ်ရဟန်းမင်းကြီး၏ ဗာတီကန် နန်းဆောင်၌ ကိုဗစ် ပိုးတွေ့ရှိ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် လက်ရှိ သတင်းသုံးနေသည့် ဗာတီကန် ဟိုတယ် နန်းဆောင်တော် ၌ ကိုဗစ် ပိုးရှိ လူနာကို တွေ့ရှိထားကြောင်းကို စနေနေ့က ဗာတီကန် သတင်းတိုက်မှ တရားဝင်ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ပိုးတွေ့ရှိလူနာအား ယခုအခါ အထက်ပါအဆောင်မှ ပြောင်းရွှေ့ကာ သီးသန့်ထားစောင့်ကြည့် နေကြောင်းနှင့် ၎င်းနှင့်ထိတွေ့ဆက်စပ်ဖွယ်ရှိသူအားလုံးကိုလည်း ဆေးစစ်ချက်ရယူလျှက်ရှိတယ်လို့ဆိုပါတယ်။

အထက်ပါ နန်းဆောင်တော်မှာ ကျန်းမာရေးစည်းမျဉ်းများဖြင့်ယခု အခါ အသေအခြာ ကြပ်မတ်ထားကြောင်း

မကြာသေးခင်က ပုပ်ရဟန်းမင်းကြီး ၏ ဗာတီကန်ဆွဇ်သက်တော်စောင့် ၁၁ ဉီးမှာလည်း ပိုးတွေ့ရှိတာပြီး ၎င်းတို့ကိုလည်း သီးသန့်ထားရှိကာ လိုအပ်သည်များဆက်လက်ဆောင်ရွက်နေကြောင်း

အီတလီဟာ ဉရောပမှာ ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်း၌ အထိနာဆုံး တိုင်းပြည်တပြည်ဖြစ်ပါတယ်။ ပိုးတွေလူနာ ၃၉၁၆၁၁ တွေ့ရှိပြီး၊ အောက်တိုဘာ ၁၇ စစ်တမ်းအရ သေဆုံးသူ ၃၆၄၂၇ ဉီးရှိပြီဖြစ်​ပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊SJA

Photo courtesy of: Bohumil Petrik/CN

https://bit.ly/31yWPGn

Add new comment

12 + 0 =