သူတော်မြတ် Carol Acutis ၏ရုပ်ကလပ် ပျက်စီးမသွားသောသူ၏ခန္ဓာတော်

သူတော်မြတ် Carol Acutis ၏ရုပ်ကလပ် ပျက်စီးမသွားသောသူ၏ခန္ဓာတော်

သူတော်မြတ် Carol Acutis ၏ရုပ်ကလပ် သူ၏ခန္ဓာတော်ပျက်စီးမသွားခဲ့

သူတော်မြတ်အားအောက်တိုဘာလ (၁၀) ရက်နေ့ညနေပိုင်းက သူ၏အသက်မဲ့ခန္ဓာတော်လှောင်းစက်ရာ အီတလီနိုင်ငံ၊ အာစီးစီမြို့၌ကိုဗစ် (၁၉) ကြောင့်လူမစီကားလှသောလည်းခမ်းနားသော၀တ်ပြုခြင်းဖြင့်သူတော်မြတ် တင်မြှောက်ခဲ့ပါသည်။

သူ၏အုတ်ဂူသည် အာစီးစီမြို့ရှိ Sancta Maria Magiore ဘုရားကျောင်း၌ဂူသွင်းသဂြိုလ်ထား ခဲ့သည်။ အဘယ်ကြောင့်ဆို သော်ထိုဘုရားကျောင်းအတွင်းရှိ Assisi's Sanctuary of the Spoliation ၌ စိန့်ဖရန်စစ်အစီးစီသည် လောကကိုစွန့်ကြောင်း သူ၏အ၀တ်ကိုချွတ်ခွာကဘုရားသခင်အားဆက်ကပ်ခဲ့သောနေရာဖြစ်သည်။

ထိုအုတ်ဂူ ကိုသက် ဆိုင်ရာဘာသာရေးခေါင်းဆောင်များ၏သဘောတူခွင့်ပြုချက်များရယူပြီးနောက်သူတော် မြတ်တင်မြောက်ခြင်းနေ့မတိုင်မီနှစ်ရက်အလို (ကြာသပတေးနေ့) တွင်ပြန်လည်တူးဖော်ခဲ့ပါသည်။ ထိုသို့ပြန်လည်တူးဖော်ခဲ့ရာတွင် သူတော်မြတ်၏ခန္ဓာတော်မှာလုံး၀ပုပ်ပွဆွေးမြေ့ကြွေသွားသည့်အခြေအနေမျိုး မျိုးသို့မရောက်ဘဲ အသားရေများခြောက်ကပ်သွားသော်လည်း ခန္ဓာကိုယ်အနေအထားမှာပုံစံမပျက်ရှိနေခဲ့သည်ကိုထူး ခြားစွာတွေ့ရှိခဲ့ပါသည်။ (မှတ်ချက်။ ။ရဟန္တာများ၊ သူတော်မြတ်များ၏ခန္ဓာတော်ပုပ်ပွခြင်းနှင့်မပျက်မစီးခြင်းသည်ရဟန္တာတင်မြောက်ခြင်း၏အဓိကအကြောင်းတရားမဟုတ်သည်ကိုဘာသာတူများနားလည်ထားရမည်ဖြစ်သည်။ အဓိက မှာလောက၌သက်ရှိထင်ရှားရှိနေစဉ်ဧ၀ံဂေလိတရားကိုအဘယ်မျှလက်တွေ့ကျစွာကျင့်ကြံရှင်သန်ခဲ့ပြီး၊ မိမိနှင့်နီးစပ်သူ များအားအဘယ်မျှအလင်းတရားပြခဲ့သည်၊ ကိုယ်ကျိုးစွန့်လွှတ်ခဲ့သည့်အချက်များအပေါ်၌သာမူတည်ပါသည်။)

(ဓာတ်တော်အဖြစ်ဌာပနာမည့်သူ၏နှလုံး)

အမိကက်သလစ်သာသနာတော်ကြီးက ရဟန္တာ၊ သူတော်မြတ်အဖြစ်တရား၀င်ကြေငြာခံထားရသောရဟန္တာ သူတော်သူမြတ်တို့၏ဓာတ်တော်မွေတော်များရှိသည်။ ထိုဓာတ်တော်မွေတော်များကိုပခြုပ်များ၌ဌာပန၍ဘာသာတူများ ကြည်ညိုဖူး မြော်နိုင်ရန်တစ်နေရာရာ၌ သီးသန့်ပြင်ဆင်ထားပေးလေ့ရှိသည်။ ထိုပခြုပ်ထဲ၌ရဟန္တာသူတော်သူမြတ်တို့ သက်ရှိထင်ရှားရှိစဉ်ကအသုံးပြုခဲ့၊ ထိတွေ့ခဲ့သော၀တ္ထုပစ္စည်းများ၊ ၄င်းတို့၏ခန္ဓာကိုယ်အစိတ်အပိုင်းများထည့်သွင်းထား လေ့ရှိသည်။ ရဟန္တာတို့၏ဓာတ်တော်မွေတော်များနှင့်ပတ်သက်၍အမိကက်သလစ်သာသနာတော်၏ကာနွန်ဥပဒေ၌လည်း ရှင်းလင်းစွာညွှန်ကြားထားပါသည်။ အဘယ်ကြောင့်ဤသို့ပြုလုပ်ရခြင်းမှာအချို့သောဒုစရိုက်ဂိုဏ်းများသည်လူကြည်ညိုမူများသော၊ ဆုတောင်းပြည့်လွန်းသည်ဟုနာမည်ကြီးသောရဟန္တာသူတော်သူမြတ်တို့၏ရုပ်ကလပ်မှသည်ဓာတ်တော် မွေတော်များကိုလည်းခိုးယူ၍မသမာသောနည်းလမ်းများဖြင့်စီးပွားရှာမူများရှိသည်။ ထို့ကြောင့်ဓာတ်တော်မွေတော်စစ် မှန်ကြောင်းကိုလည်းထိုဓာတ်တော်မွေတော်၏ပခြုပ်ထဲ၌အာမခံသောစာရွက်စ (သို့) ပိတ်စများမဖြစ်မနေထည့်သွင်း ထားပေးရသည်။

ဓာတ်တော်မွေတော်များကိုအမိသာသနာတော်ကြီးကသုံးမျိုးသုံးစားခွဲခြားသတ်မှတ်ထားသည်။

၁) ပထမတန်းစားဓာတ်တော်သည် ရဟန္တာ၏သွေး၊အသားနှင့်ခန္ဓာကိုယ်အစိတ်အပိုင်းများဖြစ်သည်။

၂) ဒုတိယတန်းစားဓတ်တော်သည် ထိုရဟန္တာအသက်ရှင်စဉ်အသုံးပြုခဲ့သောပစ္စည်းများ၊ ပရိဘောဂ၊အကျီသင်္ကန်း နှင့်အစရှိသဖြင့်ပါ၀င်သည်။

၃) တတိယတန်းစားဓတ်တော်သည် ထိုရဟန္တာအားမြုပ်နှံထားသောဂူသချိုင်း၊သို့မဟုတ် ခေါင်းတလားနှင့်တို့ထိထား သောအ၀တ်စ၊စိတ်ပုတီးနှင့်လည်ဆွဲများဖြစ်သည်။ ယခုသူတော်မြတ် Carlo Acutis ၏ဓာတ်တော်ပခြုပ်ထဲ၌မူသူ၏ ‘နှလုံး’ ကိုဌာပနာထားမည်ဖြစ်သည်။ ထိုဓာတ် တော်ကိုအာစီးစီမြို့ရှိစိန့်ဖရန်စစ်အစီးစီဘာစီးလီကာတွင်ပူဇော်ခံထားမည်ဖြစ်သည်။ သူပျံလွန်ချိန်၌သူ၏ခန္ဓာကိုယ်အ စိတ်အပိုင်းကိုလှူချင်ခဲ့သော်လည်းသူသည်လူကီးမီးယားရောဂါကြောင့်မလှူနိုင်ခဲ့ဟုမိခင်ဖြစ်သူကဆိုပါသည်။

(ရဟန္တာသူတော်သူမြတ်တို့၏ရုပ်ကလပ်သည်မပုပ်မပွခြင်း၊ ပုပ်ပွဆေးမြေ့ခြင်း)

သူတော်မြတ် Carlo Acutis အားဂူသွင်းထားခဲ့သည်မှပြန်လည်တူးဖော်မည့်သတင်းထွက်ပေါ်လာသောအာစီး စီမြို့သူမြို့သားများသာမက၊ အီတလီတစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးကစိတ်၀င်စားခဲ့ကြ၊ စိတ်လှုပ်ရှားနေခဲ့ကြသည်။ ထင် ကြေးအမျိုးမျိုးလည်းပေးခဲ့ကြသည်။ ပြန်လည်တူးဖော်လိုက်သောအခါသူတော်မြတ်၏ခန္ဓာကိုယ်မှာပုပ်ပွပဲ့ကြွေသွားခဲ့ ခြင်း၊ အရိုးများဆွေးမြေ့သွားခြင်းမရှိ။ သို့သော်အရေပြားများခြောက်ကပ်သွား၍အရိုးစု၌သာပုံစံမပျက်ကပ်နေခဲ့သည်။ ထိုအခြေအနေကိုလူအများဖူးမြှော်ရန်ထုတ်ပြရာ၌သပ္ပါယ်ကြည်ညိုစိတ်ရှိစေရန်ပြန်လည်၍မွှမ်းမံထားကြောင်းအာစီးစီ သာသနာ၏ဆရာတော်မှရှင်းပြခဲ့သည်။

(‘မပုပ်မသိုး’ ခြင်း၏အဓိပ္ပါယ်ဖွင့်ဆိုချက်)

ပုပ်သိုးခြင်း၊ မပုပ်မသိုးခြင်းသည်ရဟန္တာသူတော်သူမြတ်တင်မြောက်ခြင်း၏အဓိကအကြောင်းတရားမဟုတ်။ အမိသာသနာအနေဖြင့်လည်းထိုအချက်ကိုသတ်မှတ်ချက်တစ်ချက်အနေဖြင့်လည်းတရားသေစွဲကိုင်ထားခြင်းမရှိ။ သို့ သော် (၂၀၁၂) ခုနှစ်ကဆုံးပါးသွားခဲ့သောကက်သလစ်စာရေးဆရာမ Joan Carrol Cruz က လွန်ခဲ့သော (၁၉၇၇) ခုနှစ် ကရေးသားခဲ့သောစာအုပ်တစ်အုပ်၌ဤမပုပ်မသိုးသောရဟန္တာများအကြောင်းရေးသားခဲ့ရာတွင် အမိသာသနာတော်ကြီး ကတရား၀င်တင်မြောက်ထားသောရဟန္တာသူတော်သူမြတ်များအနက် (၁၀၂) ပါးသည်မပုပ်မသိုးသည့်အကြောင်းကိုလေ့ လာတင်ပြထားခဲ့သည်။ ထိုအရေအတွက်ထက်မကသောရဟန္တာသူတော်သူမြတ်များရှိမည်ဖြစ်သော်လည်း လူသိများ ထင်ရှားသော ရဟန္တာများကိုသာတင်ပြထားခြင်းဖြစ်ကြောင်းလည်း၀န်ခံထားပါသည်။ ဤသို့တင်ပြနိုင်ရန်လေ့လာသော အခါယနေ့ကဲ့သို့အင်တာနက်ဖြင့်လွယ်လင့်တကူရှာဖွေနိုင်သည်မဟုတ်။ ၄င်းအပြင်မံမီများကဲ့သို့ဆေးစွမ်းဖြင့်အထူးစီမံ ၍မြှုပ်နှံခဲ့ခြင်းလော့၊ သို့မဟုတ်သာမန်အခြေအနေမျိုးဖြင့်သာမြှုပ်နှံခဲ့ခြင်းလောဆိုသည်ကိုလည်းထည့်သွင်းလေ့လာခဲ့ ရသည်။ အဘယ်ကြောင့်ဆိုသော်မပုပ်မသိုးဟုဆို၍အချို့ဘာသာတူများ သည်အင်တာနက်များ၌တင်ထားသောဓာတ်ပုံ များကြောင့် သ ဂြိုလ်စဉ်ကကဲ့သို့တန်ခိုးဖြင့်မပျက်မစီးဘဲပကတိရှိနေမည်ဟုမှတ်ထင်နေမည်ဖြစ်ကြောင်းကိုလည်းမှတ် ချက်ပြုထားပါ သည်။

ရဟန္တာသူတော်သူမြတ်တို့၏မပုပ်မသိုးသည့်အဖြစ်အခြေအနေနှင့်ပတ်သက်၍ (၁၈) ရာစုကသာသနာကိုဦးစီးခဲ့ သောရဟန်းမင်းကြီးဘက်နက်ဒစ် (၁၄) ကစာအုပ်တစ်အုပ်ရေးသားထုတ်‌ေ၀ခဲ့သည်။ ထိုစဉ်ကသူသည်ရဟန်းမင်းကြီး ဖြစ်မလာသေးပေ။ သာသနာတော်မှရဟန္တာသူတော်သူမြတ်များတင်မြောက်နိုင်ရန်စီစစ်လေ့လာသောရုံးတော်၌ (၁၇၀၈ - ၁၇၂၈) အထိအမူထမ်းနေစဉ်ကဖြစ်သည်။ ထိုစာအုပ်ထဲ၌ အနာဂါရဟန်းမင်းကြီးဖြစ်လာမည့်သူက ‘မပုပ်မသိုးဟုဆိုရာ ၌တူးဖော်ပြီးနောက်ခန္ဓာကိုယ်သည်မကျိုးမပဲ့၊ မပျက်မစီးဘဲရှိနေသော်လည်း နှစ်အနည်းငယ်အကြာ၌ကျိုးပဲ့ကြေမွသွား သည့်အခြေအနေကိုဆိုလိုခြင်းမဟုတ်။ မည်သည့်အထူးမွမ်းမံခြင်းလည်းမရှိဘဲ၊ နှစ်များကြာလာသော်လည်းတူးဖော် စဉ်ကရှိနေခဲ့သည့်အခြေအနေ၊ အရောင်အဆင်းများရှိနေခြင်းကိုသာဆိုလိုသည်’ ဟုရေးသားခဲ့သည်။

(Cruz ၏စာအုပ်ထဲ၌ဖော်ပြခံရသောရဟန္တာသူတော်သူမြတ်အချို့)

ခရူးစူးတံကျင်တော်၏စိန့်ဂျွန်အကြောင်းကိုဖော်ပြထားသည်။ သူသည် (၁၅၉၁) နှစ်၌ပျံလွန်သွားခဲ့သော်လည်း ပြန်လည်တူးဖော်ချိန်၌ ခန္ဓာတော်သည်ပကတိအတိုင်းရှိနေခဲ့သည်။ ထို့အတူ (၁၈၉၈) ခုနှစ်၌ပျံလွန်သွားခဲ့သောလက်ဘာ နွန်ရသေ့တစ်ပါးဖြစ်သည့် စိန့် Charbel Makhlouf ၏ခန္ဓာတော်မှာလည်းထို့အတူပင်ဖြစ်သည်။ သူအုတ်ဂူမှပင်တန်ခိုး များပြသခဲ့သည့်အဖြစ်အပျက်များပင်ရှိခဲ့သည်။ ဥပမာတစ်ခုအနေဖြင့်သူ၏အုတ်ဂူမှသင်းပျံ့သောရနံ့များရခြင်း၊ မီးလင်း နေခြင်းများဖြစ်ပျက်သောကြောင့်သူ့အားကြည်ညိုသူတစ်နေ့တခြားများပြားစည်ကားလာသဖြင့်အုတ်ဂူကိုဆန်းစစ်ရန်ဖြစ်လာခဲ့သည်။

တစ်ချိန်တစ်ခါကတရားတော်အတွက်ကွပ်မျက်ခံရခြင်းသည် ရဟန္တာတင်မြောက်ရန်သတ်မှတ်ချက်တစ် ချက်ဖြစ်ခဲ့သကဲ့သို့ လုံး၀မပုပ်မသိုးခြင်းသည်လည်းအံ့ဖွယ်တန်ခိုးတစ်ခုအဖြစ်သတ်မှတ်ခဲ့သည်။ သို့သော်နှောင်းပိုင်း ခေတ်၌ပျက်ပြယ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရဟန္တာသူတော်သူမြတ်အဖြစ်တင်မြောက်ရန်မှာပျံလွန်ပြီး နောက်မပုပ်မသိုးခြင်းသည့်အခြေအနေသည်ရဟန္တာသူတော်သူမြတ်တင်မြောက်ရန်လိုအပ်ချက်တစ်ချက်မဟုတ်တော့ ပေ။ မပုပ်မသိုးဟုသတ်မှတ်ထားသောရဟန္တာသူတော်သူမြတ်တို့၏ကြွင်းကန်ရုပ်ကလပ်သည်လည်း ကြည်ညိုသူများဖူး မြှော်ရန်ထုတ်ပြထားရာ၌ဆီလီကွန်၊ သို့မဟုတ်ဖယောင်းသားများဖြင့်ပြန်မွှမ်းမံထားခြင်းဖြစ်သည်။ ထို့အတူသူတော် မြတ် Carlo Acutis နှင့်ပတ်သက်၍လည်းအာစီးစီမြို့၏ဆရာတော်က ‘ယခုသူတော်မြတ်၏ခန္ဓာတော်ကိုကျွန်ုပ်တို့မြင် တွေ့နေရသည်။ ဤခန္ဓာသည်အာစီးစီ၌သဘာ၀အတိုင်းမြှုပ်နှံထားခဲ့သည့်ခန္ဓာဖြစ်သည်။ ဤအခြေအနေသည်လူသား ဦးတို့အပြစ်ကျူးလွန်ပြီးနောက်လူ့အသက်၏အရင်းအမြစ်ဖြစ်သောဘုရားသခင်ထံမှလူသားများရလိုက်သည့်အမွေဖြစ် သည်။ ဤသေဆုံးနိုင်သောခန္ဓာသည်ရှင်ပြန်ထမြောက်ရန်ဖြစ်သည်’ ဟုမိန့်ကြားခဲ့သည်။

(သာသနာပြုလေး သူတော်မြတ် Carlo Acutis (သို့) မိခင်ဖြစ်သူကိုဘာသာရေး၌ပြန်လည်စိတ်အားထက်သန်လာရန် စွမ်းဆောင်နိုင်ခဲ့သူ)

ကက်သလစ်မိခင်များသည် မိမိတို့၏ဆယ်ကျော်သက်သားများအတွက်ဆုတောင်းနေစဉ် သူတော်မြတ် Carlo Acutis ၏မိခင် Antonia Acutis သည်လည်းအောက်တိုဘာလ (၁၀) ရက်နေ့၌သူတော်မြတ်အဖြစ်တင်မြောက်ခံရမည့် သူ့သားအတွက်ဆုတောင်းပေးနေမည်မှာသေချာပါသည်။ Carlo Acutis ၏သူတော်မြတ်တင်မြောက်ခြင်းအခမ်းအနား သည်လူများစွာ၏စိတ်၀င်စားခြင်းခံရသည်။ အဘယ်ကြောင့်ဆိုသော်ငယ်ရွယ်စဉ်လူကီးမီးယားဖြင့်ကွယ်လွန်သွားခြင်း ကြောင့်သာမဟုတ်။ သူသည်နည်းပညာကိုတတ်ကျွမ်းသူတစ်ဦးဖြစ်နေခြင်းသည်လည်းပါသည်။ သူသည်အသက် (၁၄) နှစ်၌ကွန်ရက်များကိုရေးဆွဲပြီး၊ သူအလွန်ကြည်ညိုယုံကြည်ရသောကိုယ်တော်မြတ်အကြောင်းကိုရေးတင်နေပြီဖြစ် သည်။ အစပိုင်း၌မိခင်ဖြစ်သူသည်ဤသို့ထက်မြတ်ပြီး၊ ပြုလုပ်မည်ဟုဆုံးဖြတ်ထားသောအရာကိုစိတ်အားထက်သန် လွန်းသောကလေးကိုအဘယ်သို့ထိန်းကျောင်းလမ်းပြပေးရမည်ကိုမသိဖြစ်နေခဲ့သည်။

(Carlo Acutis မိခင်၏ဘာသာရေးနောက်ခံ)

‘ကျွန်မသည်စံထားလောက်သောကက်သလစ်မိခင်မဖြစ်ပါ’ ဟု CNA ၏တွေ့ဆုံမေးမြန်းမူ၌ဖြေကြားခဲ့သည်။ သူ ၏ယုံကြည်ခြင်းသည်သမာရိုးကျအတွင်းကက်သလစ်ဘာသာ၀င်ဖြစ်လာခဲ့သည်။ သို့သော်သားဖြစ်သူ၏ဘာသာရေးစိတ် အားထက်သန်မူ၊ ယုံကြည်ခြင်းလေးနက်မူသည်သူ့အားစိန်ခေါ်လာခဲ့သည်။ သို့ဖြင့်အသိကက်သလစ်မိတ်ဆွေနှင့်တိုင်ပင် ခဲ့သည်။ ထိုမိတ်ဆွေကောင်းကလည်းနည်းလမ်းမှန်ကန်စွာဖြင့်သူ့အားဘုန်းတော်ကြီးတစ်ပါးနှင့်ချိပ်ဆက်ပေးခဲ့သည်။ အဆိုပါဘုန်းတော်ကြီးကလည်းသူ့အားကက်သလစ်အယူ၀ါဒ၌ပိုမိုခိုင်မြဲစေရန်ဘာသာရေးအယူ၀ါဒသင်ကြားသော သင်တန်းများတက်ရောက်ရန်အကြံပေးခဲ့သည်။ ထိုအချိန်ထိသူသည်ဘာသာရေးနှင့်ပတ်သက်၍ဘာမျှအလေးအနက် ထားခဲ့ခြင်းမရှိခဲ့ပေ။ ထိုဘုန်းတော်ကြီး၏ကူညီလမ်းပြမူ၊ သင်ပြပေးမူဖြင့် Carlo Acutis သည် (၇) နှစ်သာရှိသေးသော် လည်းပထမကိုယ်တော်မြတ်ပင့်ခွင့်ရခဲ့သည်။ ပထမကိုယ်တော်မြတ်ပင့်ယူပြီးနောက်ပိုင်း၌ Carlo Acutis သည်မစ္ဆားတ ရားကိုတစ်ရက်မှမပျက်ကွက်တော့ပေ။ နေ့စဉ်မစ္ဆားတရားပူဇော်ရန်အတွက်မိသားစုလိုက်ခရီးထွက်နေစေကာမူမစ္ဆားတ ရားကိုရအောင်ပါ၀င်ပူဇော်လေ့ရှိသည်။ Carlo Acutis ၏ကိုယ်တော်မြတ်ကိုယုံကြည်မူနက်ရှိုင်းလွန်းခြင်းသည်မိခင်ဖြစ် သူ၏ဘာသာရေးယုံကြည်ချက်ကိုပြောင်းလဲလာစေခဲ့သည်။ မိခင်ဖြစ်သူလည်းကိုယ်တော်မြတ်ကိုယုံကြည်လာ၊ ချစ်တတ် လာခဲ့ပါတော့သည်။

(Carlo Acutis ၏သန့်ရှင်းစင်ကြယ်ခြင်းသည်ကိုယ်တော်မြတ်ကိုယုံကြည်လေးမြတ်သောကြောင့်)

သူတော်မြတ် Carlo Acutis ၏သန့်ရှင်းစင်ကြယ်ခြင်း၏အဓိကအရင်းအမြစ်မှာကိုယ်တော်မြတ်ကိုယုံကြည်လေး မြတ်စိတ်အလွန်နက်ရှိုင်းကြီးမားသောကြောင့်ဖြစ်သည်။ ‘ကိုယ်တော်မြတ်သည်သူ့အတွက်ကောင်းကင်သွားရန်အမြန် လမ်းမကြီးဖြစ်သည်’ ဟုပြောလေ့ရှိသည်။ သူတော်မြတ်တင်မြောက်နိုင်ရေးအတွက် Carlo Acutis ၏အကြောင်းကိုလေး လေးနက်နက်လေ့လာခဲ့သောသူများအနက်တစ်ဦးဖြစ်သော Nicola Gori က Carlo Acutis ၏ဘုရားသခင်ကိုချစ်ခြင်း သည်အခြားသူများအထူးသဖြင့်သူ၏အနီးအပါး၌ရှိသူတို့အားလည်းသူကဲ့သို့ချစ်ကြရန်လက်တို့နေသကဲ့သို့ဖြစ်သော ကြောင့်ငြင်းရန်ခက်စေသည်။ အထူးသဖြင့်ကိုယ်တော်မြတ်စားပွဲတော်ကြီး၌‌ေ၀မျှခံစားရန်ဖြစ်သည်။ သူနှယ်လူမမယ် လေးသည်သူ၏မိဘ၊ ဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်းများကိုမစ္ဆားတရားကိုချစ်တတ်ရန်၊ မစ္ဆားတရားတော်၌ပါ၀င်ပူဇော် ကြရန်တိုက်တွန်းနိုင်သည့်ဇွဲအားထက်သန်မူကိုသာစဉ်းစားကြည့်ပါ။ မစ္ဆားတရားပူဇော်ရန်မိဘကသူ့အားခေါ်ဆောင် သွားရခြင်းမဟုတ်ဘဲ၊ ဤလူမမယ်လေးကသူကိုယ်တိုင်ပါ၀င်ပူဇော်သကဲ့သို့အခြားသူများအားလည်းပါ၀င်ပူဇော်ရန်တိုက် တွန်းနိုင်ခဲ့သည်။ မိခင်ဖြစ်သူသည်သူ၏ဘ၀၌ပထမကိုယ်တော်မြတ်ပင့်ယူစဉ်၊ ခရစ္စမားအားပေးခြင်းခံယူစဉ်၊ လက်ထပ် ခြင်းမဂ်လာခံယူစဉ်ကသာမစ္ဆားတရားပါ၀င်ပူဇော်ခဲ့သည်ဟုလည်း၀န်ခံခဲ့သည်။ သားဖြစ်သူ Carlo Acutis ကြောင့်သာ ကိုယ်တော်မြတ်ကိုချစ်တတ်လာခဲ့၊ မစ္ဆားတရား၌ပါ၀င်ပူဇော်တတ်လာခဲ့သည်။

(Carlo Acutis သည်မိခင်၏ ‘ကယ်တင်ရှင်လေး’)

သူ့သားသည်သူ့အတွက် ‘ကယ်တင်ရှင်လေး’ ဖြစ်ကြောင်း၊ (၂၀၀၆) ခုနှစ်၌သားဖြစ်သူ လူကီးမီးယားကြောင့်ဆုံး ပါးသွားသည့်အခါသူသည်အဘယ်မျှထူးခြားသောသားရတနာကိုရထားခဲ့ကြောင်းကိုခံစားခဲ့ရကြောင်း၊ သားဖြစ်သူသည် ဂိမ်းကစားလေ့ရှိသော်လည်းသူ့အချိန်နှင့်သူကစားတတ်သောကြောင့်ဘာမျှမလုပ်ဘဲဂိမ်းသာကစားနေသည်ဟုတစ်ခါမျှ မဆုံးမခဲ့ရဖူးကြောင်း၊ သူသည်သာမန်ကလေးတစ်ဦးသာဖြစ်ခဲ့ကြောင်း၊ ဂိမ်းကစားခြင်း၊ ၀ါသနာသန်သောနည်းပညာ များ၌အချိန်ဖြုန်းတီးလိုစိတ်သူ၌ရှိနေခဲ့ကြောင်း၊ သို့သော်သူသည်ဂိမ်းကိုတစ်ပတ်လျှင်တစ်နာရီသာကစားရန်သူ့စိတ်ကို သူကိုယ်တိုင်ပိုင်းဖြတ်လေ့ကျင့်ယူခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော်၀ါသနာ၏ကျေးကျွန်မဖြစ်လို၍သူ့ကိုယ်သူထိန်း ကျောင်းလေ့ရှိသည်။

(Carlo Acutis မိခင်အမွှာရင်သွေးပြန်ရခြင်း)

Carlo Acutis သည်တစ်ဦးတည်းသောသားဖြစ်သည်။ သို့သော်သူဆုံးပြီးနောက် (၄) နှစ်အကြာတွင်သူ၏မိခင် သည်ရင်သွေးအမွှာကိုအံ့ဩဖွယ်မွေးဖွားခဲ့သည်။ ဤသို့ရင်သွေးပြန်ရ ခြင်းမှာလည်း Carlo Acutis ၏ကြား၀င်ဆုတောင်း ပေးခြင်းခြင်းကြောင့်ဟုယုံကြည်ကြောင်း၊ ဤအမွှာရင်သွေးကိုလည်း Carlo Acutis ဆုံးသည့်နေ့၌ပင်မွေးဖွားခဲ့ကြောင်း၊ ဤအမွှာကလေးများသည် Carlo Acutis ၏ကလေးဘ၀အတိုင်းအလွန်ထူးခြားကြသည်။ ဤရင်သွေးများသည် ‘ဒီဟာမ လုပ်နှင့်၊ ဟိုဟာမလုပ်နှင့်’ ဟုပြောရသည်မှလွှဲ၍အလွန်ထူးခြားလိမ်မာသောကလေးများဖြစ်ကြသည်။ (ဤနေရာ၌လူ၀င် ခြင်းမဟုတ်။ Carlo Acutis ကကောင်းကင်မှကြား၀င်ဆုတောင်းပေးနေခြင်းဖြစ်သည်။) စိပ်ပုတီးကိုနေ့စဉ်စိပ်ကြသည်။ နေ့စဉ်မစ္ဆားတရား၌ပါ၀င်ပူဇော်လေ့ရှိသည်။ သို့သော် Carlo Acutis ကဲ့သို့တစ်ထပ်တည်းမကျလှ။ ကွဲပြားသည်။ Carlo Acutis လို၏ဆုံးပါးသွားခြင်းသည်မိခင်ဖြစ်သူကိုအနစ်သာရရှိရှိဖြင့်ဘ၀ကိုရှင်သန်စေရန်အကြောင်းတရားဖြစ်စေခဲ့သည်။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photos courtesy of Assisi diocese

https://bit.ly/33U3I6z

https://bit.ly/2SSrwkV

https://bit.ly/34WOKMj

Add new comment

2 + 0 =