(၂၁) ရာစု၏အသက်အငယ်ဆုံးသူတော်မြတ် Carlo Acutis သူပျံလွန်ချိန်၌သက်တော် (၁၅) နှစ်သာရှိ

(၂၁) ရာစု၏အသက်အငယ်ဆုံးသူတော်မြတ် Carlo Acutis သူပျံလွန်ချိန်၌သက်တော် (၁၅) နှစ်သာရှိ

(၂၁) ရာစု၏အသက်အငယ်ဆုံးသူတော်မြတ် Carlo Acutis သူပျံလွန်ချိန်၌သက်တော် (၁၅) နှစ်သာရှိ

ပျံလွန်ခဲ့သည့်နေရာကား အီတလီနိုင်ငံ၊ မီလန်ခရိုင်၊ မွန်းဇာ မြို့၌ (၂၀၀၆) ခုနှစ်တွင်ဖြစ်သည်။ အရွယ်ငယ်သော်လည်းသာသနာနှင့်ရဟန်းမင်းကြီးကိုအလွန်ချစ်ရှာသူဖြစ်သည်။ သူ၏ ထွက်သက်အချိန်ထိ သူ၏ပြင်းထန်လှသောနာကျင်မူ‌ဝေဒနာအားလုံးကိုအမိသာသနာတော်ကြီးနှင့်ရဟန်းမင်းကြီးအ တွက်ပူဇော်ပေးခဲ့သူလေးဖြစ်သည်။ သူ့အားအောက်တိုဘာလ (၁၀) ရက်နေ့၊ သူ၏ခန္ဓာလှောင်းစက်နေရာအာစီးစီမြို့၌ပင် သူတော်မြတ်အဖြစ်လူအစည်ကားလှသော်လည်းခမ်းနားသော၀တ်ပြုခြင်းဖြင့်တင်မြောက်ခဲ့ပါသည်။ ကမ္ဘာတစ်၀န်းလုံးမှ လည်းစိတ်၀င်စားခံရဆုံးသူတော်မြတ်လေးဖြစ်လာခဲ့သည်။

(အရွန်းဖောက်တတ်သူလေး)

ယနေ့သူတော်မြတ်ဖြစ်နေသောသူသည် လူထူးလူဆန်းမဟုတ်။ သာမန်လူငယ်တစ်ဦးသာဖြစ်သည်။ ရုပ်ရည်ချော မောပြီး၊ ချစ်စရာကောင်းကာလူချစ်လူခင်ပေါသူဖြစ်သည်။ အရွန်းဖောက်ကာပျော်တတ်သူလေးဖြစ်သည်။ အရွန်းဖောက် သည်ဆိုသော်လည်းမဖွယ်မရာစကားများ၊ အကြောင်းအရာများပြောဆိုခြင်းမဟုတ်။ သူ၏အတန်းဖော်များ၊ ဆရာ၊ ဆရာမ များအားပျော်အောင်ဖျော်ဖြေပေးတတ်သူလေးဖြစ်သည်။

(ဘောလုံးကန်လေ့ရှိသူ)

သူသည်လည်းခေတ်လူငယ်တစ်ဦးဖြစ်၍ ဘောလုံးကန်ခြင်းကိုဝါသနာထုံသူဖြစ်သည်။ ထို့အတူဗွီဒီယိုဂိမ်းကစား သည်။ သွားပိုးစားထားသည်။ သူသည်ရေခဲမုန့်နှင့် Nutella (စားစရာတစ်မျိုး) တို့ကိုတွေ့လျှင်မစားဟုမငြင်းဆန်နိုင် လောက်အောင်ကြိုက်သူဖြစ်သည်။ အစားအစာများကိုစားသောက်ပြီးနောက် အလေးချိန်တက်လာသည်ကိုသတိထားမိ လိုက်လျှင်အစားလျော့ရမည်၊ ဝါရှောင်ရမည်၊ စားချင်ဝါးချင်စိတ်ကိုလျော့ရန်တရားအသိရလာသည်။ အစားအ သောက်ကိုခုံမင်ခြင်းသည် သူရုန်းကန်ခဲ့ရသောအားနည်းချက်များစွာအနက်တစ်ချက်ဖြစ်သည်။ မိမိ၏အလိုကိုငြင်းဆန် ထိန်းကျောင်းရန်၊ မိမိ၏စိတ်စပ်မူများကိုအဘယ်သို့ထိန်းချုပ်ရမည်ကိုအတော်ကြိုးစားခဲ့ရသည်။ ဤခက်ခဲသောကျင့်စဉ် ကိုရိုးရှင်းသောအမူများဖြင့်အစပြုခဲ့သည်။ ‘သင်၏ဆန္ဒကိုငြင်းဆန်နိုင်ခြင်းသည် တိုက်ပွဲတစ်ထောင်ကိုအောင်နိုင်ခြင်းထက် သာလွန်သည်’ ဟုခံယူခဲ့သူ၊ နားလည်ခဲ့သူဖြစ်သည်။

(အရှိအတိုင်းနေပါ။ အတုအယောင်မဖြစ်ပါစေနှင့်)

‘အရှိအတိုင်းနေပါ။ အတုအယောင်မဖြစ်ပါစေနှင့်’ ဟူသောတရားကိုသူလက်ကိုင်ထားသည်။ ဤတရားဆောင်ပုဒ် ကိုထောက်၍သူတော်မြတ်လေးသည်သာမန်လူငယ်တစ်ဦးဖြစ်သောလည်း သူ၏ဘ၀ကိုတရားဖြင့်တန်ဖိုးရှိစွာရှင်သန်ရန် အားထုတ်လိုသောလူငယ်တစ်ဦးဖြစ်သည်ကိုကောင်းစွာသိနိုင်ပါသည်။ သူသည်ဘ၀ကိုထူးထူးဆန်းဆန်းမဟုတ်၊ ထူးထူး ခြားခြားနေထိုင်ခဲ့သည်။

(အိုးမဲ့အိမ်မဲ့များကိုကူညီတတ်သူလေး)

သူသည်မုန့်ဖိုးများမှချွေတာစုဆောင်းမိသောငွေကြေးများဖြင့် အိပ်ယာ၀ယ်ယူ၍သူနေ့စဉ်မစ္ဆားပူဇော်ရန်သွားတိုင်း မကြာခဏဆုံနေကျအိုးမဲ့အိမ်မဲ့တစ်ဦးအားကူညီပေးခဲ့သည်။ ထိုစုဆောင်းမိသောငွေကြေးဖြင့်သူအလွန်၀ါသနာခုံမင် သောဗွီဒီ ယိုဂိမ်းအသစ်ကို၀ယ်ယူနိုင်သော်လည်းထိုသို့မပြုဘဲကရုဏာရေးလုပ်ငန်းကိုရက်ရော၀မ်းသာစွာပြုခဲ့သည်။ ဤအ ကူအညီမျိုးသည်ဤတစ်ခုတည်းသာမဟုတ်။ သူကူညီနိုင်သည့်အချိန်၊ အကူအညီလိုအပ်သောချို့တဲ့နွမ်းပါးသူများကိုကူညီ ပေးခဲ့သည့်သာဓာကမှာသူ၏  စျာပန မစ္ဆား၌မြို့၌ရှိချို့တဲ့နွမ်းပါးသူများစွာပါ၀င်ခဲ့ခြင်းပင်ဖြစ်သည်။ သူ၏ရက်ရောသော ကရုဏာရေးလုပ်ငန်းသည်အမှန်တကယ်လိုအပ်နေသူများအားကူညီခဲ့သည်ကိုပြသာနေပါသည်။

သူသည်မှတ်တမ်းစာအုပ် (ဒိုင်ယာရီ) လက်ဆောင်ရသောအခါ သူ၏ကရုဏာရေးလုပ်ငန်းနှင့်ဝိညာဉ်ရေးပြောင်းလဲတိုးတက်မူကိုမှတ်တမ်းတင် သောစာအုပ်အဖြစ်အသုံးပြုလိုက်သည်။ ဆိုလိုသည်မှာတစ်နေ့တာအတွင်းသူအဘယ်သို့ပြုမူခဲ့သည်။ စိတ်ထားခဲ့သည်။ တွေးတောခဲ့သည့်အခြေအနေများကိုသုံးသပ်မှတ်တမ်းတင်ရန်ဖြစ်သည်။ သူစိတ်ကျေနပ်လျင်အမှန်ခြစ်ပြီး၊ စိတ်ကျေန်ပမူမ ရှိသောအခြေအနေများကိုမူအမှားခြစ်၍မှတ်တမ်းတင်သည်။ ဤသို့ဖြင့်သူ၏အားနည်းချက်များကိုပြုပြင်၍ပါရမီတိုး အောင်ကြိုးစားခဲ့သည်။ ထို၀◌ိညာဉ်ရေးမှတ်တမ်း၌ပင် ‘၀မ်းတည်းခြင်းသည်မိမိကိုယ်ကိုဗဟိုပြုခြင်းဖြစ်ပြီး၊ ပျော်ရွှင်ခြင်း သည်ဘုရားသခင်ကိုဗဟိုပြုသည်။ အကျင့်ပြောင်းလဲခြင်းဘာမျှမဟုတ်။ စက္ခုအာရုံကိုရွေ့လျားခြင်းပင်ဖြစ်သည်။

(ဗီဇအရပျော်ပျော်နေတတ်သူလေး)

သူသည်ဗီဇအရပျော်ပျော်နေတတ်သူလေးဖြစ်သည်။ မိခင်ဖြစ်သူလည်းသူကဲ့သို့ပျော်ပျော်နေတတ်သူဖြစ်သည်။ အမေတူသားဟုဆိုရပေမည်ဟု Antonia Salzano ကတွေ့ဆုံမေးမြန်းမူတစ်ခု၌ဖြေကြားခဲ့သည်။ အတန်းထဲ၌ Carlo ၏လိုဖြေ ဆိုမူတစ်ခုခုသည်အတန်းဖော်များကိုသော် လည်းကောင်း၊ ဆရာမကိုသော်လည်းကောင်းရယ်မောစရာဖြစ်စေသည်။ သို့ သော်နောက်ပိုင်း၌ဤသို့အရွန်းဖောက်ခြင်းသည် အခြားသောသူများကိုအနှောက်အယှက်ဖြစ်စေနိုင်သည်ကိုသတိထားမိ လာသောအခါသူသည်ရယ် သွမ်းသွေးခြင်းကိုမပြုလုပ်ရန်သတိထားလာသည်။ စိတ်မကောင်းလည်းဖြစ်မိသည်။ သူ့၀န်း ကျင်၌ရှိသောသူတို့ကိုဘာမျှမဟုတ်သောကိစ္စများဖြင့်ပျော်ရွှင်ရယ်မောအောင်အသုံးတော်ခံခြင်းသည်သူ့ဘ၀၏တစ်စိပ်တစ် ပိုင်းဖြစ်သည်။ လစာပေးထားသော်လည်း သန့်ရှင်းရေး၀န်ထမ်းများသူ၏အမှိုက်များသူတို့၏အလုပ်ဖြစ်သည့်သူ၏ အမှိုက် ကောက်သိမ်းသည်ကိုမနစ်လိုလှပေ။ ထို့ကြောင့်မနက်အိပ်ယာထချိန်ကိုအ နည်းငယ်စော၍နိုးစက်ချိန်ထားပြီး၊ သန့်ရှင်းရေး ၀န်ထမ်းများရောက်မလာမီအ ခန်းကိုသန့်ရှင်းသပ်ရပ်အောင်ပြင်ဆင်မွှမ်းမံလေ့ရှိသည်။ Raejsh ဟူခေါ်သော်ဟိန္ဒူ

၀န်ထမ်း တစ်ဦးသည် Carlo ၏အခန်းကိုသန့်ရှင်းလုပ်ပေးရသူဖြစ်သည်။ သူက Carlo သည်ရုပ်ချောမောပြီး၊ ငယ် ရွယ်၊ ပြည့်စုံသော် လည်းအလွန်ရိုးရှင်းစွာနေထိုင်ကြောင်း၊ Carlo ၏အလွန်နက်ရှိုင်းသောယုံကြည်ခြင်း၊ ကရုဏာရေးလုပ်တတ်ခြင်း၊ စင်ကြယ်စွာနေထိုင်ခြင်းသည်သန့်ရှင်းရေး၀န်ထမ်းအားပင်ရောင်ပြန်စေခဲ့ကြောင်း၊ Carlo ၏စံပြုထိုက်သောခရစ် ယာန်အ သက်တာကြောင့်သူသည်ဘာသာကူးပြောင်း ၍ ဆေး ကြောခြင်းခံယူရန်ဆုံး ဖြတ်ခဲ့သည်ဟုဆိုပါသည်။

(သန့်ရှင်းသပ်ရပ်ခြင်း)

စင်ကြယ်ခြင်းသည် Carlo အတွက်အလွန်အခရာကျခဲ့သည်။ ‘လူတိုင်းသည်ဘုရား သခင်၏ဘုန်းရောင်ခြည်ကိုရောင် ပြန်စေသည်’ ဟူသောအသိသည်သူ၌စွဲထင်နေသောတရားဖြစ်သည်။ သူ၏ အတန်းဖော်များခရစ်ယာန်ကိုယ်ကျင့်တရားနှင့် အညီရှင်သန်ကျင့်ကြံခြင်းမပြုပါကသူ့အားအလွန်း၀မ်းနည်းစိတ်ထိခိုက်စေသည်။ ခရစ်ယာန်အသက်တာနှင့်လျှော်ညီစွာရှင် သန်ရန်အားပေးတိုက်တွန်းလေ့ရှိသည်။ လူ့ခန္ဓာကိုယ်သည်ဘုရားသခင် ၏လက် ဆောင်ဖြစ်ကြောင်းနားလည်အောင်ကူညီ ရှင်းပြပေးလေ့ရှိသည်။ ထို့အတူလွိင်မူကိစ္စသည်ဘုရားသခင်ခွင့်ပြုသည့်အတိုင်းသာခံစားခွင့်ရှိသည်။ လူသားတိုင်း၏ဂုဏ် သိက္ခာသည်အလွန်ကြီးမြတ်သည်။ Carlo အတွက်လွိင်မူကိစ္စသည်အလွန်ထူးခြားသည်။ ‘လိင်မူကိစ္စသည်ဘုရားသခင် ၏ဖန် ဆင်းခြင်းနှင့်ပေါင်းဖက်လုပ်ဆောင်ခြင်းဖြစ် သည် ’ ဟုမိခင်ဖြစ်သူကာသားအကြောင်းကိုပြန်လည်ပြောပြသည်။ သူတော် မြတ်အသစ် စက်စက်သည်ပင်လယ်ရေအောက်၌ကျရောက်နေသောအမှိုက်များကိုရေငုပ်မျက်မှန်တပ်၍ကောက်သိမ်းရသည်ကိုလည်းသဘောကျသည်။ အိမ်၌မွေးထားသောခွေးများကိုလမ်းခေါ်လျှောက်သော အခါလမ်း၌တွေ့သောအမှိုက်များကို တစ်စမကျန်ကောက်သိမ်းလေ့ရှိသည်။ ဤသို့ဖြင့်သူသည်သူသည်ကမ္ဘာကြီးကိုပြုပြင်ပြောင်းလဲရန်အစပြုခဲ့သည်။

(ကိုယ်တော်မြတ်ကိုအလွန်ချစ်မြတ်နိုးသူ)

သူသည်ကိုယ်တော်မြတ်စက္ကရာမင်းတူကိုအမှန်တကယ်နစ်နစ်ကာကာချစ်မြတနိုးသူဖြစ်သည်။ ကိုယ်တော်မြတ် သည်သူ့အားကောင်းကင်သို့ရောက်ရန်ပို့ဆောင်သော ‘အမြန်လမ်းမ’ ကြီးဖြစ်သည်ဟုတင်စားဆိုမိန့်လေ့ရှိသည်။ ဤအ ချက်သည်သူ့မိခင်၏ အသက်တာကိုပြောင်းလဲလာစေခဲ့သည်။ သူ၏မိခင်သည်သူ၏ဘ၀တစ်လျှောက်၌မစ္ဆားတရားသုံး ကြိမ်သာပါ၀င်ပူဇော်ခဲ့ဖူးသော်လည်းကိုယ် တော်မြတ်စက္ကရာမင်းတူ၌ ကိန်း၀ပ်သောယေဇူးသခင်ကိုချစ်သော သားတော် မောင်ကြောင့်သူလည်းပြောင်းလဲလာခဲ့ရသည်။ မိခင်ဖြစ်သူသည်သီဩလိုဂျီဘာသာရပ်ကိုသင်ကြားလေ့လာရန်နာမည်စာ ရင်းသွင်းခဲ့သည်။ သို့မှသာသားတော်မောင်မေးမြန်းသမျှသောမေးခွန်းကိုဖြေနိုင်မည်ဖြစ်သည်။ သို့ဖြင့် Carlo သက်တော် (၁၁) နှစ်ပြည့်သောအခါကိုယ်တော်မြတ်နှင့်ဆိုင်သောတန်ခိုးအနုဘော်များ၊ သမိုင်းများကိုစတင်စူးစမ်းလေ့လာပါတော့ သည်။ သူသည်ကွန်ပျူတာအတတ်အားလုံးကိုအသုံးချ၍ ကိုယ် တော်မြတ်တန်ခိုးအာနုဘော်တော်နှင့်သမိုင်းကြောင်းများကို လူမူကွန်ရက်ပေါ်တွင်ရေးတင်တော့သည်။ အတွဲ (၁၆၀) အထိရှိပြီး၊ ကူးယူလိုသူများလူမူကွန်ရက်မှကူးယူနိုင်သည်။ (မှတ် ချက်။ ။ အခြေအနေပေးပါကရှာဖွေတင်ဆက်ပေးပါဦးမည်။) ထိုဗွီဒီယိုမှတ်တမ်းများသည်ကမ္ဘာပေါ်ရှိကျောင်းထိုင်ဘုန်း တော်ကြီးသီ တင်းသုံးသောသာသနာအုပ်စုပေါင်း (၁၀၀၀၀) အထိလှည့်ပတ်ပြသခဲ့ပြီးဖြစ်သည်။ ထိုဗွီဒီယိုခွေများကိုပြသ ရင်း ‘သူတို့ကြည့်သင့်သည်။ သို့မှသူတို့နားလည်ကြမည်’ ဟုပြောဆိုလေ့ရှိသည်။

(မြေခစောခဲ့သောသူတော်မြတ်)

(၂၀၀၆) ခုနှစ်၊ နွေရာသီ၏နေ့တစ်နေ့၌ Carlo သည်သူ့မိခင်အား ‘မေမေ၊ သားရဟန်းတစ်ပါးဖြစ်သင့်တယ်လို့ထင် သလား’ ဟုဖြစ်သည်။ မိခင်ဖြစ်သူက ‘သားကိုယ့်ဖာသာကိုယ်သိမှာပေါ့။ ဘုရားသခင်က သားကိုအလင်းပြပေးမှာပါ’ ဟုပြန် ဖြေခဲ့သည်။ ထိုပညာသင်နှစ်အစ၌ Carlo ၏ကျန်းမာရေးချူချာလာခဲ့သည်။ သို့သော်ရာတုတ်ကွေးသာဖြစ်မည်ဟုမှတ်ထင်ခဲ့ သည်။ သို့သော်ထိုအခြေအနသည်သက်သာမလာခဲ့ပေ။ ထို့ကြောင့်ဆေးရုံသို့သွား ရောက် ပြသစစ်ဆေးခံခဲ့သည်။ ‘ကျွန်တော် ဒီအဆောက်အအုံထဲကမထွက်တော့ဘူး’ ဟုအတိတ်နိမိတ်ဖတ်သကဲ့သို့ဆေးရုံအ ဆောက်အဦးထဲ၀င်သည်နှင့်ထိုသို့ပြော လိုက်သည်။ မကြာမီတွင်သူ့အားစစ်ဆေးကြည့်လိုက်ရာအလွန်ဆိုးရွားသောလူကီးမီးယား (အဆုတ်အ အေးမိ - Acute Myeloid Leukemia (AML or M3)) ဖြစ်နေ ကြောင်းတွေ့ရှိသွားပါတော့သည်။ သူသည်အရုပ်ကြိုးပြတ်ပစ်လဲမကျသွားခဲ့။ သူ့ ရောဂါကိုသိလိုက်ရသည်နှင့်သူ၏တုန့်ပြန်မူမှာအံ့အားသင့်စရာဖြစ်ခဲ့ရပါ သည်။ အဘယ်ကြောင့်ဆိုသော် ‘ကျွန်တော်ခံထမ်း ရမယ့ဝေဒနာကိုရဟန်းမင်းကြီးနဲ့အမိသာသနာတော်ကြီးအ တွက်ပူဇော်ခံထမ်းမယ်။ ဒါမှငရဲငယ်မှာဆပ်ဖြေခြင်းမပြုရဘဲ ကောင်းကင်ကိုတိုက်ရိုက်သွားနိုင်မယ်’ ဟုထုတ်ပြောခဲ့သည်။ များမကြာမီသူဆုံးပါးသွားခဲ့သည်။ ‘သူသည်လော က၌ရဟန်း တစ်ပါးဖြစ်မလာခဲ့သော်လည်း ကောင်းကင်နိုင်ငံတော်၌ရဟန်းဖြစ်နေပါသည်’ ဟုမိခင်ဖြစ်သူကပြောရှာသည်။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/36SFbAx

Add new comment

8 + 12 =