ဖလော်ရီဒါဘုရားကျောင်းဖျက်ဆီးသူအတွက်ဆုတောင်းပေးရန်၊ ခွင့်လွှတ်ပေးရန်ကျောင်းထိုင်ကမေတ္တာရပ်ခံ

ဖလော်ရီဒါဘုရားကျောင်းဖျက်ဆီးသူအတွက်ဆုတောင်းပေးရန်၊ ခွင့်လွှတ်ပေးရန်ကျောင်းထိုင်ကမေတ္တာရပ်ခံ

ဖလော်ရီဒါဘုရားကျောင်းဖျက်ဆီးသူအတွက်ဆုတောင်းပေးရန်၊ ခွင့်လွှတ်ပေးရန်ကျောင်းထိုင်ကမေတ္တာရပ်ခံ

အမေရိကန်နိုင်ငံ၊ ဖလောရီဒါပြည်နယ်ရှိ Incarnation (လူ့အဖြစ်ကိုခံယူတော်မူသော) ကက်သလစ်ဘုရားကျောင်း အားထွင်းဖောက်၀င်ရောက်ကာမီးတင်ရှို့သွားခဲ့သောတရားခံကိုအပူတပြင်းလိုက်လံရှာဖွေနေသည်။ အခင်းမှာသောကြာည (၁၀း၃၆) မိနစ်ခန့်တွင်ဖြစ်ပျက်ခဲ့သည်။ စက်တင်ဘာ (၂၀) ရက်နေ့၌အဆိုပါဘုရားကျောင်း၏ကျောင်းထိုင်မှဗွီဒီယိုဖိုင်လ် မှတဆင့်ဘာသာတူများအားပြစ်မူကျူးလွန်သူအတွက်ဆုတောင်းပေးရန်၊ ခွင့်လွှတ်ပေးရန်တောင်းဆိုထားပြီး၊ ဘုရား ကျောင်းသည်ဖျက်ဆီးခံရခြင်းမှသီသီလေးလွှတ်သွားသောကြောင့်လည်းဘုရားသခင်ကိုကျေးဇူးတင်ကြရန်တိုက်တွန်းထား သည်။

စီစီတီဗွီ၏ဗွီဒီယိုမှတ်တမ်းအရ ပြစ်မူကျူးလွန်သူမှလူငယ်ပိုင်းဖြစ်ပြီး၊ ပြစ်မူကျူးနေစဉ်၌အကျီလည်း၀တ်မထား ပေ။ မျက်နှာကိုမမှတ်မိစေလို၍လော၊ သို့မဟုတ်ကိုဗစ်ရောဂါကြောင့်လောမသိ။ မျက်နှာကိုမူနှာခေါင်းစီးအုပ်သည့်အပြင် လက်အိတ်အဖြူကိုလည်း၀တ်ထားသည်။ ဘုရားကျောင်းအတွင်းသို့ဖျက်ဆီး၀င်ရောက်သွားပြီး၊ အသင့်ပါလာသော အရောင်မဲ့နေသောရေကိုဂဒူးထောက်ခုံများအနှံ့လောင်းချနေသည်။ ထို့နောက်မီးရှို့ကာမီးစွဲသွားသည်နှင့်သူသည်ထွက် ပြေးသွားခဲ့သည်။ သူသည်မည်သည့်အရာကိုမျှခိုးယူသွားခြင်းရှိဟန်မတူပေ။ ဤဘုရားကျောင်းသည်ဖလော်ရီဒါပြည်နယ် ၏အရှေ့မြောက်ဖက်တွင်ရှိသည်။

မီးလောင်ကျွမ်းနေကြောင်းသိလိုက်သည်နှင့်မီးသတ်သမားများအားအကြောင်းကြားကာချက်ချင်းရောက်ရှိလာပြီး၊ ငြိမ်းသတ်ပေးခဲ့သည်။ ကိုယ်တော်မြတ်ဗိမာန်နှင့်မစ္ဆာပလ္လင်တို့သည်အတော်မီးကျွမ်းသွားခဲ့သည်။ ထို့အတူဘာသာတူများ နေရာယူဆုတောင်းသောအရှေ့ပိုင်းခုံများလည်းမီးစွဲသွားခဲ့သည်။ ကျောင်းထိုင်မှာ Michael Cormier ဖြစ်ပြီး၊ ဘုရားကျောင်း ကိုပြန်လည်မွှမ်းမံရန်အတွက်လာမည့်အပတ်ရုံးပ်တ်ရက်၌မစ္ဆားတရားပူဇော်ခြင်းကိုရပ်နားထားမည်ဖြစ်ကြောင်းစဉ်းစားခဲ့ သော်လည်း ဤသို့ပြုလုပ်လျှင်အဖျက်အမှောက်ကျူးလွန်သူများအားက၀မ်းသာကြလိမ့်မည်။ အကယ်၍မစ္ဆားကိုမပူဇော်ဘဲ ထားလိုက်မည်ဆိုပါကနတ်ဆိုးများအတွက်မကောင်းမူကျူးလွန်ရန်ပိုအခြေအနေရပြီး၊ ပျော်သွားပေမည်။ သို့သော်မ ကောင်းမူသည်မည်သို့မျှမအောင်နိုင်ရ။

ဆက်လက်၍ကျောင်းထိုင်ကမိမိ၏ဘာသာတူများအား စက်တင်ဘာလ (၁၀) ရက်နေ့ကဖတ်ရူခဲ့သောသံလုကာဧ ၀ဂေလိကျမ်း (၆း၂၇-၃၈) လာကျမ်းချက်ဖြစ်သည့် ‘သင်၏ရန်သူကိုချစ်ပါ။ သင့်ကိုမုန်းသောသူအားကောင်းမူပြုပါ။ သင့် ကိုကျိန်ဆဲသူအားကောင်းကြီးပေးပါ။ သင့်အားနာကျင်စွာပြုမူသူများအတွက်ဆုတောင်းပေးပါ’ ဟူသောကျမ်းချက်ကိုပြန် လည်အမှတ်ရရန်တရားပေးခဲ့သည်။ ဖျက်ဆီးရန်ကြံစည်သော်လည်းရည်ရွယ်ထားခဲ့သည့်အတိုင်းအထမြောက်ခဲ့၍လည်း ကောင်း၊ ပြစ်မူကျူးလွန်သူ၏စိတ်ထဲ၌ရှိသောမကောင်းသောစိတ်၊ အမုန်းတရားစိတ်များလည်းစွန့်ပစ်နိုင်ရန်လည်းကောင်း ဘာသာတူများနှင့်အတူစုပေါင်း၍ဆုတောင်းကာဘုရားသခင်ကိုကျေးဇူးတင်ခဲ့ကြသည်။ ယခုကဲ့သို့ဖြစ်ပျက်သွားခြင်းသည် ကျွန်ုပ်တို့အားပို၍စည်းလုံးရန်၊ ယခင်ကထက်အချင်းချင်းပို၍ချစ်ကြရန်၊ ယုံကြည်ခြင်းကိုပိုမိုတည်ကြည်ခိုင်မြဲအောင်တည် ဆောက်ရန်သတိပေးလိုက်ခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်။ သာသနာပိုင်သည်လည်း စက်တင်ဘာလ (၁၉) ရက်နေ့က အားပေးဆုတောင်းသောစာတစ်စောင်ကိုလည်းပေးပို့ခဲ့သည်။

ယခုအဖြစ်အပျက်သည် ယခုနှစ်အတွက်ဖလောရီဒါပြည်နယ်၌ ဘုရားကျောင်းများအားမီးရှို့ဖျက်ဆီးသည့်နောက် ဆုံးကျူးလွန်ထားသောပြစ်မူဖြစ်သည်။ ဇူလိုင်လ (၁၁) ရက်နေ့နံနက်ပိုင်း၌ ဖလော်ရီဒါပြည်နယ်၊ Ocala ရှိ ‘ငြိမ်းချမ်းရေး မယ်တော်’ ကက်သလစ်ဘုရားကျောင်းကိုလူတစ်ဦးက၀င်ရောက်ဖျက်ဆီးသွားခဲ့သည်။ သူမီးတင်ရှိုနေစဉ်က ဘာသာတူ များဘုရားကျောင်း၌၀တ်ပြုနေချိန်ဖြစ်သည်။ ထို့ကြောင့်ထိုပြစ်မူကိုကျူးလွန်သော အသက် (၂၄) နှစ်ရှိ Stephen Anthony Shields ဆိုသူကိုဖမ်းဆီးနိုင်ခဲ့သည်။ သူသည်လူသတ်မူကျူးလွန်ရန်ကြံစည်မူ၊ မီးတင်ရှို့ရန်ကြံစည်မူ၊ တိမ်းရှောင်နေသူတစ် ဦးလည်းဖြစ်သည်။ ဇူလိုင်လအတွင်း၌လည်း မီယာမီဂိုဏ်းချုပ်သာသနာရှိ ဘုရားကျောင်းတစ်ကျောင်းမှ ကောင်းသောသိုး ထိန်းယေဇူးဆင်းတုတော်၏ဦးခေါင်းကိုဖျက်ဆီးခံခဲ့ရသည်။ သို့သော်လည်း ပြစ်မူကျူးလွန်သူကိုမဖော်ထုတ်နိုင်သေးပေ။

(၂၀၁၉) ခုနှစ်၌လည်း ဘုရားကျောင်းတစ်ဆောင်မီးတင်ရှို့ဖျက်ဆီးခံခဲ့ရပြီး၊ ထိုင်ခုံများစွာမီးလောင်ကျွမ်းပျက်ဆီးခဲ့ ရသည်။ ထိုပြစ်မူကျူးလွန်သူမှာအသက် (၃၂) နှစ်ရှိပြီး၊ စိတ်မူမမှန်သူဖြစ်နေသည်။ အမေရိကားရှိကက်သလစ်ဘုရား ကျောင်းများ၊ ဘာသာရေးအဆောင်အအုံများ၊ ဘာသာရေးဆင်းတုတော်များစွာမကြာခဏဖျက်ဆီးခံနေရသည့်သတင်းများ တက်လာနေသည်။ အမေရိကန်နိုင်ငံ၏ပြုပြင်ပြောင်းလဲရေး၌အရေးကြီးသောကဣာမှပါ၀င်ခဲ့သောကြောင့်ဂုဏ်ပြုထုလုပ် ထားခဲ့သောစိန့် Junipero Serra ၏ဆင်းထုကိုလည်းလူဖြူလူမဲအရေးကိစ္စ၌ဆန္ဒပြလူထုကြီးကဖျက်ဆီးပစ်ခဲ့သည်။ ဇူလိုင် (၁၀) ရက်နေ့ကလည်း Brooklyn သာသနာကလည်းဘုရားကျောင်း၀င်းအတွင်းရှိမယ်တော့်ဆင်းတုတော်နှင့်ရဟန်းဖြစ် တက္ကသိုလ်၀င်းအတွင်းရှိမယ်တော့်ဆင်းတုတော်များဖျက်ဆီးခံရကြောင်းသတင်းထုတ်ပြန်ခဲ့သည်။

ထိုသတင်းထုတ်ပြန် ပြီးနောက်တစ်နေ့၌ပင် Boston ရှိစိန့်ပီတာဘုရားကျောင်း၀င်းထုလုပ်ထားသောအမိမယ်တော်၏ဆင်းတုတော်သည် လည်းမီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း၊ ထို့ကြောင့်ပျက်စီးသွားကြောင်းသတင်းထုတ်ပြန်ခဲ့သည်။ ဇူလိုင် (၁၁) ရက်နေ့၌ ပင်နှစ်ပေါင်း (၂၄၉) နှစ်ရှိသောဘုရားကျောင်းသည်လည်းကောင်း၊ စက်တင်ဘာလ၌လည်း Louisiana ပြည်နယ်မှလူတစ် ဦးသည်ဘုရားကျောင်းတံများ၊ သတ္တုဖြင့်ပြုလုပ်ထားသောတံခါးများကိုဖျက်ဆီး၍ဘုရားကျောင်းအတွင်းသို့၀င်ရောက် သွားကာတွေ့တွေ့သမျှဆင်းတုတော်များကိုရိုက်ချိုးဖျက်ဆီးခဲ့ကြောင်း၊ ပြစ်မူကျူးလွန်သူကိုဖမ်းဆီးရမိခဲ့ပြီး၊ ၀န်ခံခဲ့ သည်။

စက်တင်ဘာလ၌ပင် Texas ပြည်နယ်၊ El Paso ရှိစိန့်ပက်ထရစ်ကယ်သီဒရယ်အတွင်းသို့လည်းပြစ်မူကျူးလွန် သူသည်၀င်ရောက်သွားကာ သက်တမ်း (၉၀) ရှိယေဇူးရွှေနှလုံးတော်ဆင်းတုတော်ကိုဖျက်ဆီးခဲ့သည်။ ဆင်းတုတော်များ ဖျက်ဆီးရာ၌ဘာသာရေးအစွန်းရောက်ခံယူချက်များဖြင့်လုပ်ဆောင်နေကြသည်များရှိသကဲ့သို့၊ ကယ်လီဖိုးနီးယား၌ဖြစ် ပျက်ခဲ့သောအဖြစ်အပျက်မှာမူဘာသရေးအယူအဆနှင့်မဆိုင်ဘဲ နိုင်ငံရေးသက်သက်ဖြင့်ကျူးလွန်ဖျက်ဆီးခဲ့သည့်အဖြစ် အပျက်မှာအလွန်စိတ်မကောင်းဖြစ်စရာပင်။ ဤကျူးလွန်သူများထဲ၌အခြားသောဒုစရိုက်အမူများကျူးလွန်ထားသူများ လည်းပါသကဲ့သို့၊ ဆင်းတုရုပ်တုကြည်ညိုခြင်းကိုဆန့်ကျင်သူများလည်းပါကြသည်။ သို့သော်အမူအတော်များများသည် ကျူးလွန်သူကိုမဖော်ထုတ်နိုင်သေးပေ။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : Hillsborough County Sheriff's Office

https://bit.ly/36aAYI9

Add new comment

11 + 1 =