Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
စပိန်နိုင်ငံမှ ကိုဗစ်ကြောင့်သေဆုံးသူ သူတော်စင်များအတွက် ဆုတောင်းရာနေ့ကိုသတ်မှတ်
စပိန်နိုင်ငံမှ ကိုဗစ်ကြောင့်သေဆုံးသူ သူတော်စင်များအတွက် ဆုတောင်းရာနေ့ကိုသတ်မှတ်
စက်တင်ဘာလ ၂၉ ရက်နေ့ကို စပိန်နိုင်ငံမှ ကိုဗစ် ကာလ သေဆုံးသွားကြသည့် သူတော်စင် အပါး ၃၅၇ ပါး တို့အတွက် ဆုတောင်းရာနေ့အဖြစ် စပိန်နိုင်ငံ သူတော်စင်များအဖွဲ့မှ သတ်မှတ်လိုက်ပါတယ်။
ကောင်ကင်တမန်တော်များဖြစ်သည့် စိန့်ဂါဗြီအဲလ်၊ စိန့်ရာဖာအဲလ် နှင့် စိန့် မိုက်ကယ် တို့၏ ပွဲနေ့တွင် ကျရောက်သည့် ဆုတောင်းရာနေ့တွင် ပါဝင်ကြရန် သူတော်စင်များအဖွဲ့ချုပ်မှ တိုက်တွန်းထားကြောင်း
နောက်ဆုံး ဘဝနေဝင်ချိန်ထိ တိုင် ဘုရားရှင်ပေါ် သစ္စာရှိကာ ပေးဆပ် ဆက်ကပ်ခဲ့ကြတဲ့ ဒီသေဆုံးသွားသော သူတော်စင်များအား ကျေးဇူးတင်ပါကြောင်း
သူတော်စင်များအဖွဲ့ချူပ်၏ စက်တက်ဘာ လ ၂၅ ရက်အထိ စစ်တမ်းအရ ဆိုရင် အသင်းဂိုဏ်း ၇၃ ဂိုဏ်းမှ အမျိုးသား အမျိုးသမီး သူတော်စင် ၃၅၇ ပါးတို့ဟာ ကိုဗစ် ၁၉ ကြောင့်သေဆုံး ကြရကြောင်း
နှင့် အဖွဲ့ချုပ်အနေနဲ့ အချက်အလက်များကို ဆက်လက်ရယူဆဲဖြစ်ကြောင်းလဲဆိုပါတယ်။
သေဆုံးသွားသည့် သူတော်စင်များ သတိတယရှိသည်ကို အကောင်းဆုံးသက်သေပြခြင်းတော့ ၎င်းတို့အတွက် တစ်ရက်တာ သတ်မှတ်ပီး အောက်မေ့ဖွယ်နေ့အဖြစ် ကျင်းပခြင်းဖြစ်ပါတယ်လို့ အဖွဲ့ချုပ်မှ သတိပေးစကားဖြင့် ဖိတ်ခေါ်ထားတာကို CNA သတင်းအရ သိရှိရပါတယ်။
ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊SJA
Photo courtesy of: Unsplash
        
     
      
Add new comment