တရုတ်ဗာတီကန်ဆက်ဆံရေးအပေါ်ဘုန်းတော်ကြီးတစ်ပါး၏သုံးသပ်ချက်ထွက်ပေါ်လာ

တရုတ်ဗာတီကန်ဆက်ဆံရေးအပေါ်ဘုန်းတော်ကြီးတစ်ပါး၏သုံးသပ်ချက်ထွက်ပေါ်လာ

တရုတ်ဗာတီကန်ဆက်ဆံရေးကိုထိခိုက်စေနိုင်သောလုပ်ရပ်ကိုဘုန်းတော်ကြီးတစ်ပါးပြုလုပ် (သို့) တရုတ်ဗာတီကန်ဆက်ဆံရေးအပေါ်ဘုန်းတော်ကြီးတစ်ပါး၏သုံးသပ်ချက်ထွက်ပေါ်လာ

တရုတ်ပြည်အလယ်ပိုင်းမှကက်သလစ်ဘုန်းတော်ကြီးတစ်ပါးက တရုတ်ပြည်၏လုပ်ရပ်သည်သာသနာတော်အား ဆိုးရွားသောအခြေအနေကိုဖြစ်ပေါ်စေကြောင်းပြောကြားခဲ့သည်။ ဤသို့ပြောကြားခြင်းသည်လွန်ခဲ့သောနှစ်နှစ်ခန့်ကပေဂျင်း မြို့၌ဗာတီကန်နှင့်တရုတ်လက်မှတ်ရေးထိုးခဲ့သောသဘောတူချက်ကိုထိခိုက်စေသည်။

ထိုဘုန်းတော်ကြီးမှာ Francis Hu ဟု ခေါ်သည်။ ဗာတီကန်-တရုတ်အစိုးရတို့၏သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြသောကိုယ်စားလှယ်များသည် လက်တွေ့၌ဖြစ်နေသောတရုတ်အစိုးရနှင့်ကက်သလစ်သာသနာ၏အခြေအနေအမှန်ကိုမသိကြ။ ဤသို့သဘောတူညီထားကြ သော်လည်းလက်တွေ့၌မူ အင်တာနက်ပေါ်တင်လိုက်သောကက်သလစ်ဘာသာရေးနှင့်ဆိုင်သည့်အကြောင်းအရာများသည် ပိတ်ပင်ခြင်းခံရသည်။ တင်၍မရပေ။ ထို့အတူဘုရားကျောင်းများ၊ ဘာသာရေးအမှတ် သင်္ကေတ များဖြစ်သောလက်၀ါးကပ် တိုင်တော်များသည်မကြာခဏဖျက်ဆီးခံနေရသည်။ ကလေးများအားလည်းဘာသာရေးဆိုင်ရာသွန်သင်ချက်များကိုလည်း သင်ကြားခွင့်ပိတ်ပင်ထားသည်။

ဘုန်းတော်ကြီး Francis Hu သည် သူ့ကိုယ်သူ ‘အဆင့်နိမ့်သံဃာတော်’ အဖြစ်သုံးနှုန်းထားသည်။ သူကဗာတီကန်နှင့် တရုတ်အစိုးရတို့ကြားလက်မှတ်ရေးထိုးထားသောသဘောတူညီမူသည်နိုင်ငံရေးစံသောလုပ်ဆောင်ချက်သာဖြစ်သည်။ တရုတ်နိုင်ငံအတွင်းကက်သလစ်သာသနာတော်ကြီး၏အခြေအနေပုံမှန်အတိုင်းပြန်လည်ဖြစ်လာစေရေးနှင့်ပတ်သက်၍သ ဘောတူလက်မှတ်ရေးထိုးခဲ့သည့်ရလာဒ်နှင့်ပတ်သက်၍ မကြာသေးမီကဗာတီကန်၏အတွင်းရေးမှူးဖြစ်သည့်ကာဒီနယ် Pietro Parolin ၏ထုတ်ဖော်ပြောကြားမူသည်စိတ်လှုပ်ရှားစရာမကောင်းပေ။ ကာဒီနယ်၏အပြောအရ ဗာတီကန်၏ရည် ရွယ်ချက်သည်တရုတ်အစိုးရနှင့်ဖြေးဖြေးခြင်းရေရှည်လုပ်ဆောင်သွားရန်ဖြစ်ကြောင်း၊ (၂၀၁၈၊ စက်တင်ဘာလ ၂၂) ရက် နေ့ကလက်မှတ်ရေးထိုးခဲ့သောသဘောတူညီမူများအနက်တစ်ချက်ကား ကွန်မြူနစ်ကြီးစိုးသောပြည်နယ်များ၌ခန့်ထားပြီး သောဆရာတော်များကိုအမိသာသနာတော်ကြီးအနေဖြင့်အသိမှတ်ပြုပေးရန်ဖြစ်ပါသည်။

ထိုသဘောတူညီချက်ကြောင့်ရဟန်း မင်းကြီးဖရန်စစ်သည် ကွန်မြူနစ်အစိုးရတင်မြောက်ထားသောဆရာတော် (၈) ပါးကိုအသိအမှတ်ပြုပေးခဲ့ရသည်။ ၄င်းအ နက် (၂၀၁၇) ၌တစ်ပါးပျံလွန်သွားခဲ့သည်။ ဆက်လက်၍ဘုန်းတော်ကြီး Hu ကအဆိုပါသဘောတူညီချက်သည်ဘာသာတူ ဦးရေနည်းပါးသွားသောဒေသများ၌သာအကျုံး၀င်ပြီး၊ တရုတ်ကက်သလစ်အများစုမှာဤသို့ဖြစ်ပျက်နေသည်ကိုပင်မသိ ကြ၊ သတိလည်းမထားမိကြပေ။ ထို့ကြောင့်အငြင်းပွားစရာသဘောတူညီချက်သည်နိုင်ငံရေးလုပ်ထုံးလုပ်ငန်းမျှသာဖြစ်ပြီး၊ တရုတ်ကက်သလစ်ဘာသာတူများအတွက်မည်သို့မျှအကျိုးမသက်ရောက်ကြောင်းထုတ်ဖော်ပြောဆိုထားသည်။ လက်မှတ်ရေးထိုးခဲ့သော (၂၀၁၈) ခုနှစ်မှစ၍ခရစ်ယာန်တို့၏ဘာသာရေးပစ္စည်းများဖြစ်သောသမ္မာကျမ်းစာအုပ် များမှအစခွင့်မပြုတော့ပေ။ ဘုရားကျောင်းများဖျက်ဆီးဖြိုလဲခြင်း၊ လက်ဝါးကပ်တိုင်များရိုက်ချိုးဖျက်ဆီးခြင်းကိစ္စ လည်းမည်သို့မျှတင်ပြတောင်းဆိုပိုင်ခွင့်မရှိ။ ဤကိစ္စသည်တရုတ်ပြည်အတွင်းရှိကက်သလစ်ဘာသာတူအတော်များများ ခံစားကြုံတွေ့နေရပြီး၊ အလွန်နစ်နာအောင်ခံစားရသောဖြစ်ရပ်များဖြစ်သည်။

လူငယ်များသည်လည်းဘာသာရေးအ ကြောင်းသင်ကြားပေးသောသင်တန်းများ၊ ခရစ်ယာန်တရားတော်ပျိုးထောင်ခြင်းများကိုလည်းပြုလုပ်ပေးခွင့်မရှိ။ သာမန် သာသနာပြုလုပ်ငန်းများပင်လျှင်တင်းကြပ်စွာတားမြစ်ခံနေရပြီး၊ အချိန်တိုင်း၊ နေရာတိုင်း၌အနှောက်အယှက်ပေးခံနေရ သည်။ သာသနာပြုများသည်တရားမ၀င်သောသူများအဖြစ်တံဆိပ်တပ်ခံနေရပြီး၊ သာသနာပြုလုပ်ငန်းများလည်းမှေးမှိန် လာနေသည်။ တရားမ၀င်သကဲ့သို့သတ်မှတ်ခံလာနေရသည်။ တရုတ်အစိုးရ၏အသိအမှတ်ပြုခံထားရသောအသင်းတော် မှာမူဤသဘောတူညီမူကိုလက်မှတ်ရေးထိုးခဲ့သည်အတွက်မိုးထိအောင်ခုန်ပေါက်ပျော်မြူးနေကြသည်။ သို့သော်တရုတ် ပြည်၏ကက်သလစ်သာသနာအပေါ်အဘယ်သို့ပြုမူနေသည်ကိုမသိကြပေ။

အဘယ်ကြောင့်ဆိုသော်၄င်းတို့သည်တရုတ် ပြည်၌မရှိ။ ပြည်ပ၌သာနေနေကြသည်။ ၄င်းတို့သည်တရုတ်ပြည်ရှိကက်သလစ်သာသနာတော်ကြီးကိုကိုယ်စားမပြုသကဲ့ သို့၄င်းတို့၏ဩဇာကိုခံယူသူတို့အားလည်းကိုယ်စားမပြုပေ။ အဘယ်ကြောင့်ဆိုသော်တရုတ်ကက်သလစ်ဘာသာတူများ မြင်တွေ့နေရသောတရုတ်ပြည်ကက်သလစ်သာသနာ၏အခြေအနေသည်ပြင်ပကမ္ဘာမှနေ၍မြင်တွေ့ကြားသိနေရသည်နှင့် ကွာဟလွန်းနေသည်။ တရုတ်အစိုးရနှင့်ညှိညှိနှိုင်းနှိုင်းပြုလုပ်နေခဲ့သည်မှာ နှစ်ပေါင်း (၄၀) ကျော်ခဲ့ပြီဖြစ်သည်။

တွေ့ဆုံဆွေးနွေးခြင်းဖြင့် ချဉ်းကပ်နေသော်လည်းပြောင်းလဲတိုးတက်မူကိုမတွေ့ရပေ။ သို့သော်ဟောင်ကောင်၏ပြောင်းလဲတိုးတက်မူကိုမူယနေ့မြင် တွေ့နေရပါသည်။ ဖာသာရ် Hu ကဒေသခံတရုတ်ဆရာတော်ကြီးများအားလည်းအားမလိုအားမရဖြစ်ကာ တရုတ်ကက်သ လစ်ဆရာတော်ကြီးများလည်း အဆိုပါသဘောတူညီချက်စာချုပ်ချုပ်ဆိုနိုင်ရန်ကြံရာပါလုပ်ခဲ့ကြသည်။ သို့သော်၄င်းတို့ညီ အစ်ကိုမောင်နှမ၏အသံကိုနားထောင်ရန်၊ ထုတ်ဖော်ခွင့်ပြုရန်ခွင့်မပေးခဲ့ပေ။ အချို့ဒေသခံဘာသာရေးခေါင်းဆောင်များက ဗာတီကန်နှင့်တရုတ်အစိုးရတို့ကြားရေးထိုးသောသဘောတူညီမူသည် တရုတ်အစိုးရကရွေးချယ် တင်မြောက်ထားသော ဆရာတော်များအား (တရုတ်အစိုးရဩဇာခံကက်သလစ်) ဗာတီကန်မှလက်ခံအသိအမှတ်ပြုပြီးနောက်ကျေနပ်အားရဖွယ် တိုးတက်လာခဲ့ကြောင်း၊ ထို့အတူကိုရိုနာဗိုင်းရပ်စ်ရောဂါကပ်ဆိုးကြီးထိန်းချုပ်ကာကွယ်ရေးလုပ်ရပ်၌ မြေအောက် (ရဟန်း မင်းကြီးအားဩဇာခံသောတရုတ်ကက်သလစ်) ကက်သလစ်ဆရာတော်ကြီးများ၏ပါ၀င်လုပ်ဆောင်ချက်ကိုမူအသိအမှတ် ပြုသကဲ့သို့ လက်တွဲလုပ်ဆောင်မူများရှိခဲ့သည်။ ဇွန်လမှဩဂုတ်လအတွင်းတရုတ်အစိုးရက မြေအောက်ဆရာတော်လေး ပါးကိုတရား၀င်သိက္ခာထပ်ပေးခဲ့သည်။

လက်ရှိဗာတီကန်နှင့်တရုတ်အစိုးရတို့၏ဆက်ဆံရေးသည် တရုတ်နိုင်ငံရှိကက်သ လစ်များအတွက်အကျိုးမရှိလှသော်လည်း ဗာတီကန်နှင့်တရုတ်အစိုးရ၏ဆက်ဆံရေးကောင်းမွန်ဦးမော့လာရန်အထူးမျှော် လင့်ကြောင်း၊ ဆုလည်းတောင်းပေးပါကြောင်း၊ ဒုတိယဗာတီကန်အစည်းအ‌ေ၀း၌လမ်းညွှန်ထားသည့်ပွင့်လင်းစွာတွေ့ ဆုံ ဆွေးနွေးဖလှယ်ခြင်းကိုထောက်ခံအားပေးပါကြောင်းရေးသားထုတ်ဖော်ထားပါသည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: Noel Celis/AFP

https://bit.ly/3c5lCFM

Add new comment

5 + 3 =