မန္တလေးဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်များစုပေါင်း၍ကိုဗစ်၁၉ရောဂါကာကွယ်‌ရေးMask များလိုက်ဝေခြင်း။

မန္တလေးဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်များစုပေါင်း၍ကိုဗစ်၁၉ရောဂါကာကွယ်‌ရေးMask များလိုက်ဝေခြင်း။

မန္တလေးဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်များစုပေါင်း၍ကိုဗစ်၁၉ရောဂါကာကွယ်‌ရေးMask များလိုက်ဝေခြင်း။

စက်တင်ဘာလ (၁၂/၁၃) ရက်နေ့များက မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်ကော်မရှင်မှဦးဆောင်ကာ ဈေးများ ၊ ကျူးကျော်နေအိမ်များ ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် လမ်းသွားလမ်းလာ Mask တပ်ဆင်ထားခြင်းမရှိသောသူများအား Mask နှင့် လက်သန့်စင်ဆေးရည်များကို လိုက်လံဝေငှပေးခဲ့ကြပါသည် ။

ထို့သို့ လိုက်လံဝေငှရာတွင် စေတနာရှင် လူငယ်အချို့၏ ငွေကြေး လှူဒါန်းမှု ၊ လူငယ်အချို့၏ လုပ်အားလှူဒါန်းမှု တို့ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည် ။

ထိုသို့ လိုက်လံဝေငှရင်း အမရပူရ အနီးရှိ ကျူးကျော်နေအိမ်များအနီးတွင်း ဖွင့်လှစ်ထားသော ပရဟိတကြက်ခြေနီစခန်းတစ်ခုသို့ Mask ဘူးနှင့် လက်သန့်စင်ဆေးရည်များကို ဝင်ရောက်လှူဒါန်းခဲ့ကြရာ ၎င်းကြက်ခြေနီစခန်းမှ တာဝန်ရှိသူတစ်ဦးမှ '' ၎င်းတို့အဖွဲ့အား မည်သည့်အဖွဲ့အစည်းကမျှ ထောက်ပံ့ကူညီခြင်းမရှိဘဲ မိမိတို့ဘာသာ လာရောက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၊ ၎င်းတို့လက်ထဲတွင် Mask နှင့် လက်သန့်စင်ဆေးရည်များ ပစ္စည်းပျက်နေ၍ မည်သို့ လုပ်ဆောင်ကြမလဲဟု တိုင်ပင်နေစဉ် ယခုလို လူငယ်များက Mask ဘူးများနှင့် လက်သန့်စင်ဆေးရည်များကို လာရောက်လှူဒါန်းပေးကြသည့်အတွက် အတိုင်းမသိ ဝမ်းသာရ ၊ အံ့ဩဖြစ်ခဲ့ရပါသည်ဟု ပြောပြခဲ့ပါသည်။

လူငယ်များအနေဖြင့်လည်း ထိုကဲ့သို့လိုက်လံဝေငှရခြင်းရည်ရွယ်ချက်သည် မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်၁၉ ရောဂါပိုးကူးစက်မှု ဒုတိယလှိုင်းဖြစ်ပေါ်လာရခြင်းနှင့် အခြေခံ လက်လုပ်လက်စား များအနေဖြင့် Mask များတပ်ဆင်ခြင်းမရှိပဲ သွားလာလှုပ်ရှားနေသည်ကို တွေ့မြင်နေရသောကြောင့် လူငယ်များအနေဖြင့် မိမိတို့တက်နိုင်သည့်ဘက်မှ တနိုင်တပိုင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

News by - Pinky

 

Add new comment

2 + 7 =