ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကက် သလစ်ဆေးရုံများမှ ရဟန်း မင်း ကြီးလှူဒါန်းသော အသက်ရှူစက်များဖြင့် COVID-19 လူနာများအား ကုသ

ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၏ ကက်သ လစ်သာသနာတော်မှ COVID-19 ရောဂါအား ခုခံတိုက်ခိုက်ရန်အတွက် Dhaka, Dinajpur နှင့် Jessoreမြို့ရှိ ဆေးရုံများသို့ ရဟန်းမင်း ကြီး၏ ကိုယ် စား လှယ်တော်မှတစ်ဆင့် အသက်ရှူစက်(၃) ခု လှူဒါန်းပေးပါသော ရဟန်း မင်းကြီးအရှင်သူမြတ်အား ကျေးဇူး တင်ကြောင်း ပြောကြားခဲ့သည်။

COVID-19ရောဂါကို ခုခံတိုက်ခိုက်နေသူများအား ထောက်ပံ့သည့်အနေဖြင့်သာမက သူတို့နှင့် အနီးကပ်ရှိနေသည့်အနေဖြင့် ရဟန်း မင်း ကြီး အရှင်သူမြတ်သည် ကျန်း မာရေးစောင့်ရှောက်မှုစနစ် အားနည်းသည့်နိုင်ငံ (၁၃) နိုင်ငံသို့ အသက်ရှူစက်(၃၅)ခု လှူဒါန်းခဲ့ကြောင်း ရဟန်း မင်းကြီး၏သတင်းဠာနမှ ဇွန်လ(၂၆)ရက်နေ့က ကြေငြာခဲ့သည်။

Dhaka မြို့ရှိ St. John Vianney ဆေးရုံ၏ အုပ်ချုပ်သူအကြီးအကဲ Fr. Kamal Vorraya မှ ရဟန်းမင်း ကြီး ၏ လက်ဆောင်သည် သူတို့အတွက် ကောင်းကြီးမင်္ဂလာတစ်ခုဖြစ်ပြီး ထိုလက်ဆောင်သည် COVID-19တိုက်ဖျက်ရေးအတွက် အလွန်အသုံး၀င်ကြောင်း ပြောဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကက်သ လစ်သာသနာတော်သည် ဆေးရုံ(၁၂)ခု၊ ဆေးပေးခန်း (၇၈)ခု၊ အနာကြီးရောဂါကုဌာန(၆)ခု နှင့် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအတွက် နေရာဌာန(၁၅)ခုကို စီမံခန့်ခွဲလျှက်ရှိကြောင်းသိရသည်။

ဘာသာပြန် - Bro.Patrick Aye Shine Aung

Photo courtesy of :AFP ၊or Licensors

https://bit.ly/2Zxqb6P

Add new comment

1 + 1 =