ငွေကြေးအကြောင်းပြပြီး ကျန်:မာရေးစောင့်ရှောက်မူကိုမလျော့ချကြရန်ရဟန်း မင်း ကြီးတိုက်တွန်း

ငွေကြေးအကြောင်းပြပြီး ကျန်:မာရေးစောင့်ရှောက်မူကိုမလျော့ချကြရန်ရဟန်း မင်း ကြီးတိုက်တွန်း

ငွေကြေးအကြောင်းပြပြီး ကျန်:မာရေးစောင့်ရှောက်မူကိုမလျော့ချကြရန်ရဟန်း မင်း ကြီးတိုက်တွန်း

ငွေကြေကုန်ကျစရိတ်ကိုအ ကြောင်းပြု၍ကျန်းမာရေး၀န်ထမ်းများနှင့်လူနာများကြားထိရောက်သောကုသမူများလျော့နည်းမသွားစေသင့်ကြောင်းရဟန်းမင်းကြီးမှ သောကြာနေ့ (စက်တင်ဘာလ ၁၁) ရက်နေ့ ကအပြည်ပြည်ဆိုင်ရာ ကင်ဆာရောဂါတား ဆီးကာကွယ်ရေးအဖွဲ့အစည်းနှင့်တွေ့ဆုံမိန့်ကြားခဲ့သည်။

လူသားချင်းစာနာသောဆေး ၀ါးကုသမူ ပြုရာ၌ဆရာ၀န်တစ်ဦးစီနှင့်မဆိုင်ဘဲကျန်းမာ ရေးစနစ်တစ်ခုလုံးနှင့်ဆိုင်သည်။ ကျန်းမာရေးစောင့် ရှောက်မူအတွက်အသုံးစ ရိတ်အကြောင်းပြကာရောဂါခံစားနေရသူများကိုလစ်လျူမရူသင့်။ ရောဂါခံစားနေရသောသူများအားစာနာစိတ်ထား ၍ မိမိ တို့၏အသက်မွေး၀မ်းကျောင်းအတတ်ကိုလုပ် ဆောင်ကြရန်၊ လူနာများအား ဆေး၀ါးကုသရာတွင်ရောဂါကိုသာမဟုတ်ဘဲ ၄င်းတို့၏စိတ်ပိုင်း၊ ဆင်ခြင်တုံတရားပိုင်း၊ ၀ိညာဉ်ရေးပိုင်းများကိုလည်းထည့်သွင်းကုသရန်၊ အဘယ် ကြောင့်ဆိုသော်လူ နာတစ်ဦးစီသည်လူသားများဖြစ်သည်။ ထို့ကြောင့်မည်သည့်ဆေး၀ါးလိုအပ်သည်၊ အဘယ်သို့သောက်သုံးရမည်ဟုညွှန် ကြားချက်မျှမဟုတ်။လူနာတစ်ဦးသည် လူနာဖြစ်သော်လည်းနွေးထွေးကြင်နာစွာပြုစုခံရလျင် ဆရာ၀န်များ ၏ကျွမ်းကျင်မူ၊ ဆေး၀ါး၏ အစွမ်းထက်မူကိုပို၍ယုံကြည်မူတိုးလာစေသည်ကို မိမိတို့၏ အတွေ့အကြုံကိုပြန်လည်စမ်းစစ်ကြည့်ပါ။ ထိုအခါကောင်း သောရလာဒ်ထွက်ပေါ်လာမည်မှာသေချာသည်။

ရဟန်းမင်းကြီးသည် အကျိုး အမြတ်ကိုမမျှော်ကိုးဘဲဆေး ဝါး ကုသရန်လိုအပ်သူများကိုကူညီပံ့ပိုးပေးနေသော အဖွဲ့အစည်းများကိုချီးကျူးစကားမိန့် ကြားခဲ့ပြီး၊ သုတေသနာပြုလုပ်ရန်မှာငွေကြေးလိုအပ်ပါသည်မှာမှန်ပါသည်။ သို့ သော် သုတေသနာပြုခြင်းနှင့်ဆေး၀ါးကုသခြင်းချိန်ခွက်နှစ်ခုကိုမျှတအောင်ထိန်းညှိနိုင်ကြမည်ဟုမျှော်လင့်ပါသည်။ ဤအခြေ အနေနှစ်ရပ်၌လူနာများကိုဆေး၀ါးကုသပေးခြင်းသည်ပထမဦးစားပေးရမည်ဖြစ်သည်။ ထို့အတူကျန်းမာ ရေး၀န်ထမ်းများ ၏ဂုဏ် သိက္ခာ ရှိရှိကုသမူပြုနိုင်ခြင်းကိုလည်းမေ့ထား၍မရ။ ထို့ကြောင့်ခမ်းနားလှသည်မဟုတ်သော်လည်းနားနား နေနေနေ နိုင်သောအဆောင်များလည်းစီစဉ်ပေးပြီး၊ လိုအပ်သောအားအင်များကိုလည်းပြန်လည်ရရှိကာဆက်လက်လုပ်ဆောင်နိုင် စေရမည်ဖြစ်သည်။ အခက်ကဆိုခဲ့သောကင်ဆာတားဆီးကာကွယ် ရေးအဖွဲ့ကို (၁၉၈၅) ခုနှစ်တွင်စတင်တည်ထောင်ခဲ့ သည်။

ယခုနှစ်၄င်းတို့၏အစည်းအ‌ဝေးကိုဗစ်ကပ်ရောဂါ ဆိုးကြောင့်လူတွေ့မကျင်းပနိုင်သောကြောင့်သတ်မှတ်ထား သည့်အတိုင်း စက် တင်ဘာလ (၁၀-၁၃) ရက်နေ့အထိအွန်လိုင်းမှကျင်းပသွားမည်ဖြစ်သည်။

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3hpsQp9

 

Add new comment

1 + 0 =