Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မန်ချက်စတာမှ သီလရှင်အား သူတော်မြတ်တင်မြောက်နိုင်ရန် အင်္ဂလန်ဆရာတော်ကြီးများ ဆုတောင်း
မန်ချက်စတာမှ သီလရှင်အား သူတော်မြတ်တင်မြောက်နိုင်ရန် အင်္ဂလန်ဆရာတော်ကြီးများ ဆုတောင်း
မာသာရ်Elizabeth Proutသည် မန်ချက်စတာမြို့တွင် ၁၉ရာစုအတွင်း စက်မှုတော်လှန်ရေးကာလ၌ စွန့်ပစ်ခံရသူတို့၏ခိုလှုံရာဖြစ်ခဲ့သည်။ စက်တင်ဘာ၂ရက်နေ့သည် သူမ၏မွေးနေ့တော် နှစ်နှစ်ရာပြည့်ဖြစ်ပြီး ထို့နေ့ မစ္ဆားတရားတော်မြတ်တွင် Bishop Mark Davisက သူမ၏သူတော်သူမြတ်တင်မြှောက်ရေးလုပ်ငန်းစဥ်အောင်မြင်စေရန် ဆုတောင်းပေးကြဖို့ လှုံ့ဆော်တိုက်တွန်းခဲ့သည်။
မာသာရ်သည် စက်မှုတော်လှန်ရေးကာလတွင် ဆင်းရဲသားအလုပ်သမားများအတွက် အချိန်ပြည့်ကျောင်းများ ဖွင့်ပေး ခြင်း နှင့် စက်ရုံအလုပ်သမားများအတွက် ဂေဟာများကိုလည်း တည်ဆောက်ပေးသည်။ပညာရေးကို အားပေးခဲ့ပြီး အစွန့်ပစ်ခံလူတန်းစားအတွက် သူမ၏အပေါင်းအဖော် သီလရှင်အနည်းငယ်နှင့်အတူ ရပ်တည်ခဲ့သည်။ ၁၈၂၀ခုနှစ်တွင် သူမကိုမွေးဖွားခဲ့ပြီး အင်္ဂလီကန်ဘာသာအဖြစ် ဆေးကြောခြင်းခံယူသည်။
အသက် ၂၀တွင် အီတလီသာသနာပြုတစ်ဦးကြောင့် ကက်သလစ်ဘာသာသို့ ကူးပြောင်းလာခဲ့သည်။ထိုအချိန်မှစ၍ အိမ်နှင့်အဆင်မပြေဖြစ်ခဲ့သည်။ဘုရားတရားကိုင်းရှိုင်းသော သူမကို မိသားစုကိုရွေးမည်လော၊မစ္ဆားတရားတက်မည်လောဟု ရွေးချယ်ခိုင်းသည့်အခါ ကက်သလစ်ကိုရွေးချယ်ခဲ့ပြီး အိမ်မှ စွန့်ပစ်ခြင်းကို ခံခဲ့ရရှာသည်။
မာသာရ်သည် ခံစားရသမျှဝေဒနါများကို ကရူးစူး၏သံယောဟန်ကဲ့သို့ နည်းယူကာ ကြံ့ကြံခံခဲ့သည်။ အသက်၂၈တွင် သီလရှင်ဖြစ်လာပြီး ခေတ်စနစ်အရ ငတ်ပြတ်နေသော ဆင်းရဲသားများကို ကြည့်ရှုပေးခဲ့သည်။မန်ချက်စတာ၏ ဒုစရိုက်ပေါ်သည့် ဆင်းရဲသားလမ်းမများတွင် သူမသည် ကရုဏာရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့သည်။
ယခုအခါ သူမ တည်ထောင်ခဲ့သောကားတိုင်နှင့်ဒုက္ခစရိယာ၏သမီးတော်များအသင်းဂိုဏ်းသည် နိုင်ငံမျိုးစုံရှိ ဆင်းရဲသားများကို ကူညီပေးနေကြသည်။
ဘာသာပြန်- Agnes Lawh Lun
Photo courtesy of: Catholicism Pure & Simple wordpress
Add new comment