“အနာဂတ်ကမ္ဘာမြေ (Terra Futura)” အမည်ရှိ စာအုပ်အသစ်သည် ရဟန်းမင်းကြီး၏ ပြီးပြည့်စုံသောဂေဟဗေဒ အမြင်ကို ဖော်ထုတ်

“အနာဂတ်ကမ္ဘာမြေ (Terra Futura)” အမည်ရှိ စာအုပ်အသစ်သည် ရဟန်းမင်းကြီး၏ ပြီးပြည့်စုံသောဂေဟဗေဒ အမြင်ကို ဖော်ထုတ်

“အနာဂတ်ကမ္ဘာမြေ (Terra Futura)” အမည်ရှိ စာအုပ်အသစ်သည် ရဟန်းမင်းကြီး၏ ပြီးပြည့်စုံသောဂေဟဗေဒ အမြင်ကို ဖော်ထုတ်

ပြည်တွင်းဖြစ်အစားအစာများအား အားပေးမြှင့်တင်သည့်အဖွဲ့အစည်းအား တည်ထောင်သူနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူ Carlo Petrini နှင့် ရဟန်းမင်းကြီးအရှင်သူမြတ်တို့၏ကြား စကားစမြည်(၃)ကြိမ်ပြောဆိုခဲ့ခြင်းသည် “အနာဂတ်ကမ္ဘာမြေ”စာအုပ်အသစ်၏ လက္ခဏာဖြစ်သည်။

ရဟန်းမင်းကြီးအရှင်သူမြတ်နှင့် “အနာဂတ်ကမ္ဘာမြေ”စာအုပ် ရေးသားသူ Petriniတို့၏ စကားစမြည်ပြောဆိုခြင်း သုံးကြိမ်လုံးသည် (၂၀၁၈)တွင် အီတလီနိုင်ငံအလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော မြေငလျင်လှုပ်မှု၊ (၂၀၁၉)တွင် အမေဇုံဆရာတော်ကြီးများအစည်းအဝေး မစတင်မှီဖြစ်ပွားခဲ့သောအရာ နှင့် (၂၀၂၀) COVID-19ကပ်ရောဂါ ကဲ့သို့သော စိတ်ထိခိုက်ဖွယ်ရာ ကြီးမားသောဖြစ်ရပ်များပေါ်တွင် အခြေခံသည်။

Patrini၏ နောက်ဆုံးစာအုပ်ဖြစ်သော ဤစာအုပ်သည် ရဟန်းမင်းကြီးအရှင်သူမြတ်၏ (၂၀၁၅)တွင် ထုတ်ပြန်ခဲ့သော Laudato Si စာချွန်တော်မှ “လူမှုပတ်ဝန်းကျင်ကို တရားမမျှတမှုဖြစ်စေသော အဖျက်သဘောဆောင်သည့် အရာများကို ကိုင်တွယ်ဖြေရှင်းရန် နှင့် ကျွန်ုပ်တို့အားလုံး၏အိမ်ဖြစ်သော ကမ္ဘာကြီးအား ဂရုစိုက်ရန်” ဖိတ်ခေါ်မှုကို အခြေခံကာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယခုစာအုပ်သည် ရဟန်းမင်းကြီးအရှင်သူမြတ်၏ သွန်သင်မှုများနှင့်အတူ ကမ္ဘာကြီးနှင့် ကမ္ဘာပေါ်တွင် နေထိုင်သောလူသားများကြား ပြန်လည်ချိတ်ဆက်မှုရှိစေရန်အတွက် အရေးပါသော ဖိတ်ခေါ်ချက်တစ်ရပ် ဖြစ်သည်။

 

ဘာသာပြန် - Bro.Patrick Aye Shine Aung

https://bit.ly/3k7iiNo

Add new comment

5 + 11 =