Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရဟန်းမင်းကြီးဒုတိယမြောက်ယောဟန်ပေါလူး၏ သူငယ် ချင်းဖြစ်သူ ကာဒီနယ် Jaworski ပျံလွန်တော်မူ
ရဟန်းမင်းကြီးဒုတိယမြောက်ယောဟန်ပေါလူး၏ သူငယ် ချင်းဖြစ်သူ ကာဒီနယ် Jaworski ပျံလွန်တော်မူ
ရဟန်းမင်းကြီးအရှင်သူမြတ် ဒုတိယမြောက်ယောဟန်ပေါလူးနှင့် ရင်းနှီးခဲ့သူ ကာဒီနယ် Jaworski သည် ပြီးခဲ့သော စနေနေ့က ပျံလွန်တော်မူခဲ့သည်။ ရဟန်းမင်းကြီး ဒုတိ ယမြောက် ယောဟန်ပေါလူး ၏ အတွင်းရေးမှူး ကာဒီနယ် Stanislaw Dziwiszမှ ပေးပို့သော စာတွင် “ရဟန်းမင်း ကြီး ဒုတိယ မြောက် ယောဟန်ပေါလူးနှင့် ကာဒီနယ်တို့သည် သာသနာတော်၏ လေးနက်သော ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာ၊ ခက်ခဲသောအချိန်များတွင် သတ္တိရှိရှိနှင့် သာသနာတော်အား အစေ ခံရန် အသင့်ရှိခြင်းတို့ဖြင့် နောက်ဆုံးအချိန်ထိတိုင် စည်း လုံးခဲ့ကြကြောင်း” ဖော်ပြခဲ့သည်။
ကာဒီနယ်သည် သြဂုတ်လ (၂၁) ရက်၊ ၁၉၂၆တွင် Lviv မြို့တွင် ဖွား မြင်ခဲ့သည်။ (၁၉၅၀)တွင် ရဟန်းသိက္ခာခံယူပြီး ဆက်လက်ပညာဆည်းပူးခဲ့ကာ (၁၉၆၅)တွင် ပါရဂူဘွဲ့သုံးခု ရရှိခဲ့သည်။
(၁၉၆၇)ရထား မတော်တဆမှုတွင် သူ၏ဘယ်ဖက်လက် ဆုံးရှုံးခဲ့ရသည် (၁၉၇၆-၁၉၈၁) တွင် ဓမ္မသဂြိုလ်ဠာန၏ စည်းကမ်းထိန်းအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပြီး၊ ထိုတက္က သိုလ်၏ကျောင်း အုပ်အဖြစ် (၁၉၈၁-၁၉၈၇) အထိ ပေးဆပ်ခဲ့သည်။
(၁၉၈၄)တွင် ရဟန်းမင်းကြီး ဒုတိယမြောက်ယောဟန်ပေါလူးမှ ကာဒီနယ်အား Lviv ဂိုဏ်းချုပ်သာသနာ၏ စီမံခန့်ခွဲသူအဖြစ် ခန့်အပ်ခဲ့သည်။ ဂျွန်လ (၂၃)တွင် ကာဒီနယ် Franciszek Macharski၏ လက်တော်မှ ဆရာတော်သိ က္ခာကို ခံယူခဲ့သည်။ ယူကရိန်းနိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်ကြောင်း ကြေငြာခဲ့သော (၁၉၉၁)ခုနှစ်တွင် ကာဒီနယ် Jaworskiသည် Lviv၏ ဂိုဏ်းချုပ်ဆရာတော် ဖြစ်လာခဲ့သည်။ တစ်နှစ်ကြာပြီးနောက် ယူကရိန်းကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ၏ ဥက္ကဠအဖြစ် ရွေးချယ်ခံခဲ့ရသည်။ (၁၉၉၈)တွင် ရဟန်း မင်းကြီးဒုတိယမြောက် ယောဟန်ပေါလူးမှ သူ့အား ကာဒီနယ်အဖြစ် လျို့ဝှက်စွာ ခန့်အပ်ခဲ့သည်။ သုံးနှစ်ကြာပြီးမှသာ သူသည် ကာဒီနယ်ခေါင်းဆောင်း(red hat)ကို အများရှေ့တွင် ရရှိခဲ့သည်။ (၂၀၀၈) တွင် ဂိုဏ်းချုပ်ဆရာတော်အဖြစ်မှ နှုတ်ထွက်ခဲ့ပြီး Krakow တွင် အနားယူခဲ့သည်။
သူ၏ စျာပနကို စက်တင် ဘာ (၁၁)တွင် ကျင်းပမည်ဖြစ်ပြီး သူ ၏ရုပ်ကလပ်ကို အံ့သြဖွယ်ရာကာလ်ဝါရီတောင်သခင်မဘုရားကျောင်းငယ်ရှိ သချိုင်းဂူတွင် သူ၏ ဆန္ဒအရ မြှပ်နှံမည်ဖြစ်သည်။
ဘာသာပြန် - Bro.Patrick Aye Shine Aung
Credit: Archiwum Kancelarii Prezydenta RP (GFDL 1.2).
Add new comment