ရဟန်းမင်းကြီး ဒုတိယကြိမ်မြောက် ယောဟန်ပေါလူးကဲ့ သို့ ရဲရင့်သော ကာဒီနယ်အား ရဟန်းမင်းကြီးဖရန်စစ် မှ ချီး ကျူးစကားပြောဆိုခဲ့

ရဟန်းမင်းကြီး ဒုတိယကြိမ်မြောက် ယောဟန်ပေါလူးကဲ့ သို့ ရဲရင့်သော ကာဒီနယ်အား ရဟန်းမင်းကြီးဖရန်စစ် မှ ချီး ကျူးစကားပြောဆိုခဲ့

ရဟန်းမင်းကြီး ဒုတိယကြိမ်မြောက် ယောဟန်ပေါလူးကဲ့ သို့ ရဲရင့်သော ကာဒီနယ်အား ရဟန်းမင်းကြီးဖရန်စစ် မှ ချီး ကျူးစကားပြောဆိုခဲ့

Cardinal Marian Jaworski သည် သူ၏ (၉၄) နှစ် ပြည့်မွေးနေ့ ကျင်းပပြီး နှစ်ပတ်အကြာ စက်တင် ဘာ (၅)ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ သူသည် Krakow မြို့ရှိ ရဟန်းမင်းကြီးရုံးတော်မှ အသိ အမှတ်ပြု သီသြလော်ဂျီတက္ကသိုလ် ၏ ပထမဆုံးကျောင်းအုပ်ဖြစ်သည်။ Lviv သာသနာ၏ ဂိုဏ်းချုပ်ဆရာ တော်အနေနှင့် ယူကရိန်း နိုင်ငံတွင် ကက်သလစ်သာသနာတော် ပြန်လည်ထွန်းကားလာစေရန် ကူညီပေးခဲ့သည်။

ပြီးခဲ့သော တနင်္လာနေ့က ရ ဟန်း မင်းကြီးအရှင်သူမြတ် ဖရန်စစ်မှ ရဟန်းမင်းကြီးအရှင်သူမြတ် ဒုတိ ယမြောက် ယောဟန်ပေါလူးနှင့် အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သော ကာဒီနယ် Marian Jaworskiအား “သာမာန်ထက်လွန်ကဲသော တရားမျှတမှု၊ ရိုးသားခြင်း၊ သတ္တိရှိမှုတို့နှင့် ပြည့်စုံကာ အရာအားလုံးထက် သာသနာတော်ကို ချစ်မြတ်နိုးသူဖြစ် ကြောင်း” ချီးကျူးစကား ပြောဆိုခဲ့သည်။“ရဟန်းတစ် ပါး ၏ဇွဲ၊ ပညာကြီးမားခြင်း၊ သမ္မာတရားအား စောင့်သိခြင်းနှင့် ယုံ ကြည်သူများအ တွက် တာဝန် ကျေခြင်း ပုံ သက်သေကောင်းကို ချန်ထား ခဲ့သူဖြစ်ကြောင်း” ရေးသားခဲ့သည်။ “သူ၏ဘ၀အသက်တာ ကို ပေးဆပ်အပ်နှံထားသော သနားဂရုဏာတော်ရှင် ခရစ်တော်သခင်သည် ကိုယ် တော်ရှင်၏ ဘုန်းတော်ဂုဏ်တော်ဝယ် လက်ခံသိမ်းပိုက်တော်မူပါစေ”ဟူသော ဆု တောင်းစကားဖြင့် သူ၏စာကို အဆုံးသတ်ခဲ့သည်။

ဖိလစ်ပုသြ၀ါဒစာ ၁:၂၁မှ “ကျွန်ုပ် ၏အသက်ရှင်ရာအ ကြောင်းတရားသည် ခရစ် တော်ပင်ဖြစ်သည် (Mihi vivere Christus est)” ဟူသော ကျမ်းပိုဒ်သည် သူ၏ ဆရာတော်ဆောင်ပုဒ်ဖြစ်ပြီး သူ၏ စဉ်းစားပုံနှင့် အဆုံး အဖြတ်လုပ်ရာ၏ အဓိက ကူညီရာလည်းဖြစ်သည်။

ဘာသာပြန် - Bro.Patrick Aye Shine Aung

Photo courtesy of: Anna Gordijewska (CC BY 2.5)

https://bit.ly/2ZnqCAE

Add new comment

15 + 3 =