ရဟန်းမင်းကြီးမှအားကစားသမားများအား 'အတူတူပြေးကြစို့’ ဟုဖိတ်ခေါ်လိုက်

ရဟန်းမင်းကြီးမှအားကစားသမားများအား 'အတူတူပြေးကြစို့’ ဟုဖိတ်ခေါ်လိုက်

ရဟန်းမင်းကြီးမှအားကစားသမားများအား 'အတူတူပြေးကြစို့’ ဟုဖိတ်ခေါ်လိုက်

‘အတူတူပြေးကြစို့’ အစီအစဉ်သည် ဇွန်လ (၈) ရက်နေ့ကစတင်ခဲ့သောအွန်လိုင်းပေါ်မှရံပုံငွေရှာဖွေသည့်အစီအ စဉ်တစ်ခုဖြစ်သည်။ ထိုရံပုံငွေမှာအီတလီမြောက်ပိုင်း၊ ဘဲလ်ဂမိုရှိရဟန်းမင်းကြီးစိန့်ဂျွန် (၂၃) ဆေးရုံနှင့်ဘရေးရှာရှိဆေးရုံ အားထောက်ပံ့ပေးရန်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော်ထိုဒေသနှစ်ခုသည်ကိုရိုနာဗိုင်းရပ်စ်ပြင်းပြင်းထန်ထန်ရိုက်ခတ်မူ ကိုခံခဲ့ရသောဒေသဖြစ်သည်။ ထို့ကြောင့်ဗာတီကန်အားကစားသမားများအဖွဲ့ကိုဖွဲ့စည်းပြီး၊ ‘အတူတူပြေးကြစို’ ဟုခေါင်း စဉ်ပေးလှုပ်ရှားခဲ့ရာဩဂုတ်လာ (၆) ရက်နေ့ကအဆုံးသတ်လိုက်ပြီဖြစ်သည်။ ဤအစီအစဉ်ကိုရဟန်းမင်းကြီး၏လက် အောက်ရှိယဉ်ကျေးမူ၀န်ကြီးဌာန၊ ‘အ၀ါရောင်မီးပွားများ’ အမည်ပေးထားသည်ဘဣာရေးရာရဲများနှင့်လားရှိုခရိုင်မှ ‘အ လင်းတန်းအားကစားသမားများ’ အဖွဲ့အစည်းများပူးပေါင်း၍ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆရာ၀န်များလူနာများကိုစောင့်ရှောက်မည်ဟုမျှော်လင့်ရင်း ရဟန်းမင်းကြီးဖရန်စစ်သည် ထိုအုပ်စု၏ကိုယ်စားလှယ်များနှင့်ပြီးခဲ့သောစနေနေ့ကတွေ့ဆုံခဲ့သည်။ အမှန်မှာမေ လ (၂၁) ရက်နေ့၌ဆုံရန်ရည်ရွယ်ထားခဲ့သော်လည်းကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖျက်သိမ်းထားခဲ့ရသည်။ ရဟန်းမင်းကြီးသည် အထက်ကဆိုခဲ့သောဆေးရုံနှစ်ခုမှကိုယ်စားလှယ်အမူထမ်းများအားလှိုက်လှဲစွာနှုတ်ဆက်ပြီး၊ ဤသို့နင်းတို့ကိုနှုတ်ဆက် ခြင်းသည်၄င်းတို့ကိုယ်စားပြုသောလုပ်ဖော်ဆောင်ဖက်များ၊ အီတလီနိုင်ငံအတွင်းရှိကျန်းမာရေး၀န်ထမ်းများနှင့်ကမ္ဘာတစ် ၀ှမ်းရှိကျန်းမာရေး၀န်ထမ်းများကိုလည်းနှုတ်ဆက်ခြင်းဖြစ်ကြောင်း၊ ၄င်းတို့သည်လူနာများကိုစောင့်ရှောက်ကုသပေးရန် အလုပ်လုပ်နေရရုံမျှမက စွန့်လွှတ်နေရကြောင်း၊ ဘုရားသခင်သည်သင်တို့၏ဆက်ကပ်မူကိုကောင်းကြီးပေးပါစေဟုဆု တောင်းလည်းဆုတောင်းပေးခဲ့သည်။

လူ့ဂုဏ်သိက္ခာကိုဖော်ထုတ်ခြင်း ရဟန်းမင်းကြီးသည် အစီအစဉ်၌ပါ၀င်ခဲ့ကြသောအားကစားသမားများကိုကျေးဇူးတင်ရင်း ဤလှုပ်ရှားမူ၌ရောင်း ချနိုင်ရန်အတွက်အားကစားပစ္စည်ားများလှူဒါန်းပေးခဲ့ကြသောကမ္ဘာတစ်၀ှမ်းမှအားကစားသမားများ၊ စက်ဘီးချန်ပီယံ ပီတာဆာဂန်မှလှူဒါန်းသောပစ္စည်းများနှင့်စက်ဘီးတစ်စီး၊ (၂၀၁၆) ခုနှစ်၊ Rio de Janeiro မြို့၌ကျင်းပခဲ့သောသန်စွမ်းအိုလံ ပစ်ပြိုင်ပွဲ၌ အားလက်စ်ဇာနားဒီ၀တ်ဆင်ခဲ့သောအားကစားအကျီတစ်ထည်စသည်တို့အတွက်ကျေးဇူးတင်ကြောင်း၊ အား ကစားသမားအတော်များများသည်၄င်းတို့နှင့်တိုက်ရိုက်တွေ့ဆုံနိုင်ရန်မိမိတို့၏အိမ်တံခါးများကိုဖွင့်၍ကြိုဆိုကြောင်းကြား သိရ၍အတိုင်းမသိ၀မ်းသာရပါကြောင်း၊ အိမ်တံခါးကိုဖွင့်သည်ဟုဆိုရာ၌မိမိတို့၏နှလုံးသားကိုဖွင့်ခြင်းနှင့်အတူတူဖြစ် ကြောင်း၊ ‘အတူတူပြေးကြစို့’ အစီအစဉ်သည် အားကစားချန်ပီယံများနှင့်မသန်စွမ်းသော အခြားချန်ပီယံများနှင့်ထိတွေ့ဆုံ ဆည်းစေကာတစ်လှေထဲစီး၊ တစ်ခရီးသွားသောစိတ်ထားကိုမွေးဖွားလာစေသည်။

အားစားသည်အနာတရကိုကုစားပေးသည်။ ရံပုံငွေရှာဖွေရေးအဖွဲ့၀င်ထဲမှတစ်ဦး၏ကိုယ်တွေ့ရင်တွင်းစကားက အားကစားသည်အားလုံးပါ၀င်သည်။ ညီအစ်ကို ရင်းစိတ်ဓာတ်ကိုမွေးဖွားပေးသည်။ ဒဏ်ရာများကိုကုသပေးသည်။ ပေါင်းကူးတံတားနှင့်ခင်မင်ရင်နှီးမူကိုတည်ဆောက်ပေး သည်ဆိုသည့်အချက်သည်အလွန်ထိမိလှကြောင်း၊ စစ်မှန်သောအားကစားသည်အပျော်တမ်းစိတ်ဓာတ်ကိုထိန်းထားလေ့ရှိ ကြောင်း၊ ဆိုလိုသည်မှာငွေကြေးထက်လွှတ်လပ်ပေါ့ပါးစွာပါ၀င်ခြင်းဖြစ်ကြောင်းမိန့်ကြားခဲ့သည်။ ထို့နောက်ဘုရားသခင်၏ ကူညီစောင်မခြင်း၌ကျွန်ုပ်အားလုံး ‘ညီအစ်ကိုချင်းများအတွက်၊ လူ့ဂုဏ်သိက္ခာအတွက်’ အတူတူပြေးကြပါစို့ဟုတိုက်တွန်း ပြီး၊ နိဂုံးချုပ်လိုက်သည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3m39j1m

Add new comment

9 + 2 =