Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အမေရိကန်ဆရာတော်များမှ ဆင်းရဲသားများနှင့် တလုံးတစ်ဝတည်းရှိခြင်းကို အလုပ်သမားနေ့တွင် ပြသ
အမေရိကန်ဆရာတော်များမှ ဆင်းရဲသားများနှင့် တလုံးတစ်ဝတည်းရှိခြင်းကို အလုပ်သမားနေ့တွင် ပြသ
ပြည်တွင်းတရားမျှတရေးနှင့် လူသားဖွံ့ဖြိုးရေး၏ဥက္ကဋ္ဌဖြစ်သော Oklahomaမြို့၏ ဂိုဏ်းချုပ်ဆရာတော် Paul Coakleyသည် တလုံးတစ်ဝတည်းရှိခြင်း၊ သနားဂရုဏာနှင့် တန်းတူညီမျှမှုရှိရန်၊ COVID-19ကပ်ရောဂါ၏ ဖျက်ဆီးခြင်းပြီးသွားသောအခါ ပို၍ကောင်းသော လူမှုအဖွဲ့အစည်းကို တည်ဆောက်ကြရန် အလုပ်သမားနေ့အတွက် ထုတ်ပြန်သောစာတွင် ရေးသားဖော်ပြခဲ့သည်။
COVID-19ရောဂါသည် ကူးစက်မှုများ တဖြည်းဖြည်းများလာသော်လည်း လူများစွာမှာ စိုးရိမ်စိတ်များစွာနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ အလုပ်ကို သွားလာနေရသည်။ စက်တင်ဘာ(၂)ရက်နေ့က ထုတ်ပြန်ခဲ့သော သတင်းစကားတွင် “ဘုရားရှင်၏ရွှေပုံသဏ္ဍန်တော်နှင့် အညီ ဖန်ဆင်းခြင်းခံရသော လူ့ဂုဏ်သိက္ခာသည် ရှိနေရမည့် လူမှုအဖွဲ့အစည်း၏ အလယ်ဗဟိုတွင် မရှိတော့ဘဲ အချို့အလုပ်နေရာများတွင် တရားမျှတမှုမရှိတော့ဘဲ လုံခြုံစိတ်ချရမှုထက် အကျိုးအမြတ်ရရန်သာ အလေးပေးခြင်းမျိုးရှိသည်”ဟု ဆရာတော်ပေါလ်မှ ထုတ်ပြန်ခဲ့သည်။
ရဟန်းမင်းကြီးအရှင်သူမြတ်၏ စာအုပ်အသစ် “ကပ်ကြီးပြီးသည့်နောက် အသက်တာ”ကို အခြေခံပြီး “ဘုရားရှင်သည် သူ၏သားသမီးများအား စွန့်ပစ်မထားဘဲ ဤမြေပေါ်တွင် အလှတရားပြန်လည်ဖော်ဆောင်ရန် နှင့် မျှော်လင့်ခြင်းကို တစ်ဖန်ပြန်လည်မွေးဖွားရန် လူသားများနှင့်အတူရှိကာ အထူးသဖြင့် နာကျင်ခံစားနေရသူများနှင့်အတူ ရှိနေကြောင်း ပြောဆိုကာ” ဗျာဒိတ်ကျမ်း(၂၁း ၅)နှင့် ပရောဖက်အီဇာအိယ (၄၃း ၁၉) ကျမ်းစကားများကဲ့သို့ “ဘုရားရှင်သည် အသစ်သောအရာကို ပြုလုပ်နေခြင်းဖြစ်သည်”ဟု မျှော်လင့်ချက် ဖော်ပြခဲ့သည်။
“ဒဏ်ရာများဖြင့် ပြည့်နေသော ကျွန်ုပ်တို့၏ကမ္ဘာကြီးအတွက် လုပ်ဆောင်နေသော ဘုရားရှင်၏ ကုသရေးလုပ်ငန်းစဉ်တွင် ပါဝင်နိုင်ဖို့ ကျေးဇူးတော်တောင်းခံရန်”တိုက်တွန်းအားပေးခဲ့ပြီး အလုပ်သမားနေ့ မစ္ဆားတွင် ရွတ်ဆိုရမည်ဖြစ်သော ဆာလံ(၅း၉) “အိုသခင်၊ ကိုယ်တော်၏ တရားလမ်းတော်သို့ ကျွန်ုပ်ကို ဦးဆောင်တော်မူပါ”ဟူသော ကျမ်းချက်ကို လက်တွေ့လုပ်ဆောင်ရန်လည်း တိုက်တွန်းအားပေးခဲ့သည်။
ဘာသာပြန် - Bro.Patrick Aye Shine Aung
Photo courtesy of AFP
Add new comment