Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
တူရကီတွင် နောက်ထပ် ဘုရားကျောင်းတစ်ကျောင်း ဗလီအဖြစ် ပြောင်းလဲခြင်းခံရ
တူရကီတွင် နောက်ထပ် ဘုရားကျောင်းတစ်ကျောင်း ဗလီအဖြစ် ပြောင်းလဲခြင်းခံရ
Hagia Sophiaဘုရားကျောင်းကို ပြတိုက်မှ ဗလီကျောင်းသို့ ပြောင်းလဲပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် တူရကီသမ္မတသည် Hagia Sophiaထက်လူသိနည်းသော်လည်း သမိုင်းဝင်သော ဘုရားကျောင်းတစ်ခုကို ပြတိုက်မှ ဗလီအဖြစ် ဖွင့်လှစ်ရန် ညွှန်ကြားခဲ့သည်။
Choraမြို့ရှိ ကယ်တင်ရှင်၏ဘုရားကျောင်းတော်အမည်ရှိသော သမိုင်းဝင်ကျောင်းသည် ၁၄ရာစုက ဘိုင်ဇန်တင်းလက်ရာအနုပညာများဖြင့် တည်ဆောက်ထားသည်။ တူရကီသမ္မတ Recip Tayyip Erdoganက ထိုဘုရားကျောင်းကို လက်ရှိပြတိုက်အဖြစ်မှ အစ္စလာမ်ဗလီအဖြစ် ပြောင်းလဲရန် အတည်ပြုခဲ့သည်။
Hagia Sophiaကဲ့သို့ပင် ကွန်စတင်တီနိုပယ်သာသနာ၏ ပင်မဘုရားကျောင်းကြီးဖြစ်သော ဤကျောင်းတော်သည် ၁၄၅၃ခုနှစ်တွင် အော်တိုမန်တို့၏တိုက်ခိုက်ခြင်းခံရသော်လည်း မပျက်စီးပဲ ၁၉၄၅ခုနှစ်မှသာ ပြတိုက်အဖြစ် ပြောင်းလဲခြင်းခံရသည်။ တူရကီနိုင်ငံတွင် ၄ရာစုမှ ၁၁ရာစုခန့်အထိ ဆောက်လုပ်ခဲ့သော သက်တမ်းရင့် ဘုရားကျောင်းများရှိနေပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည်များလည်းရှိသည်။
ဤဘုရားကျောင်းကိစ္စနှင့်ပတ်သက်၍ အမေရိကန်တွင် သာသနာပြုနေသော ဂရိအော်သိုဒေါ့စ်ဆရာတော်ကြီး Elpidophoresက "ဟာဂျီယာဆိုဖီယာ၊ ပြီးနောက် ကိုရာဘုရားကျောင်းတော် ဤသမိုင်းဝင်ဘာသာရေးအဆောက်အအုံ တို့ကို ဆုံးရှုံးခဲ့ရပြီ။နိုင်ငံတကာသည် ဤမတရားမှုများကို လျစ်လျူရှုနေပါသလော" ဟု သူ၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည်။
ဘာသာပြန်- Agnes Lawh Lun
Photo courtesy of Shutterstock/MehmetO
Add new comment