ကိုဗစ် (၁၉) ကူးစက်ခံနေရသောလူနာများအတွက် ရဟန်းမင်းကြီး  ဆုတောင်းပေး

ကိုဗစ် (၁၉) ကူးစက်ခံနေရသောလူနာများအတွက် ရဟန်းမင်းကြီး  ဆုတောင်းပေး

ကိုဗစ် (၁၉) ကူးစက်ခံနေရသောလူနာများအတွက် ရဟန်းမင်းကြီး  ဆုတောင်းပေး

ရဟန်းမင်းကြီးသည် တနဂ်နွေနေ့မွန်းထည့်အန်ဂျေလူးဆုတောင်းမေတ္တာကို စိန့်ပီတာရင်ပြင်တွင်ရောက်ရှိနေ သော ကမ္ဘာအ၀ှမ်းမှဘုရားဖူးများနှင့်ဆုတောင်းအပြီး၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံနေရသူများကိုလည်းမေ့လျော့မ ထားကြရန်သတိပေးနိုးဆော်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားဖူးအဖွဲ့ထဲ၌ အီတလီနိုင်ငံ၊ ဘယ်ဂမိုခရိုင်မှဘာသာ တူများလည်းရောက်ရှိနေကြသည်။ ဘယ်ဂမိုခရိုင်သည်အီတလီနိုင်ငံအတွင်း ကိုဗစ် (၁၉) ၏ရိုက်ခတ်မူအပြင်းထန်ဆုံးခံခဲ့ ရသောခရိုင်တစ်ခုဖြစ်သည်။

ယခုဘုရားဖူးရောက်ရှိနေခြင်းမှာလည်းကိုဗစ် (၁၉) ရောဂါဖြင့်အသက်ဆုံးရှုံးသွားခဲ့ကြသော ဘာသာတူများ၊ ဆွေမျိုးသားချင်းများ၊ အိမ်နီးနားချင်းများအားလုံးအတွက်ရဟန်းမင်းကြီးနှင့်အတူသတိရဆုတောင်းရန် ရည်ရွယ်ရောက်ရှိနေခြင်းဖြစ်သည်။ ထိုနေ့၌ပင်စိတ်မကောင်းစရာသတင်းတစ်ခုကိုရဟန်းမင်းကြီးကြားလိုက်ရသည်။ ထို သတင်းမှာမိသားစုတစ်စု၏အဖိုးနှင့်အဖွားနှစ်ဦးလုံးတစ်ရက်တည်းတွင်ဆုံးပါးသွားကြောင်း၊ မိသားစု၀င်များအနေဖြင့်နှုတ် ဆက်ဖော်ပင်မရလိုက်သည့်အကြောင်းဖြစ်သည်။ အလွန်ခံစားရပေမည်။ လူမြောက်များစွာတို့သည် မိမိတို့ချစ်ရ၊ ခင်ရသူ များဆုံးရှုံးခဲ့ရသည်။ အချို့ကားကိုယ်တိုင်လူနာအဖြစ်ရောဂါကူးစက်ခံနေကြရသည်။ လူမူ၀န်ထမ်း၊ ဆရာ၀န်၊ သူနာပြုများ၊ သူတော်စင်သီလရှင်များ၊ ရဟန်းတော်များစွာလည်းအသက်ဆုံးရှုံးခဲ့ကြရသည်။ ထို့ကြောင့်ရဟန်းမင်းကြီးက အလားတူ သော‌ေ၀ဒနာမျိုးကိုခံစားနေကြရသောမိသားစုများအတွက်အထူးဆုတောင်းပေးရန်တိုက်တွန်းထားသည်။ ငလျင်လှုပ်ခတ်ခဲ့သောနှစ်ပတ်လည်နေ့ ဩဂုတ်လ (၂၄) ရက်နေ့သည် လွန်ခဲ့သောလေးနှစ်ခန့်ကအီတလီအလယ်ပိုင်း၌ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့သည်နှစ်ပတ်လည်နေ့ဖြစ်သည်။

ထိုငလျင်၏ပြင်းအားမှာ (၆.၂) ပြင်းအားရှိပြီး၊ အဆိုပါင လျင်ကြောင့်လူပေါင်း (၃၀၀) ခန့်အသက်ဆုံးရှုံးခဲ့ရသည်။ ငလျင်လှုပ်ခတ်စဉ်မူကြောင့်အလဲလဲအပျက်ပျက်ကားမှကြံ့ခိုင်စွာ ရပ်တည်ရှင်သန်နေသောမိသားစု၀င်များ၊ အသင်းအဖွဲ့များသည် အချင်းချင်းတစ်စိတ်တစ်၀မ်းတည်းထား၍မျှော်လင့်ချက် ဖြင့်ဆက်လက်အသက်ရှင်သန်နိုင်ရန်ဆုတောင်းပေးကြရန်၊ ပျက်စီးသွားသောအဆောက်အအုံ၊ လူနေအိမ်ယာဆောက်လုပ် မူများအလျင်အမြန်ဖော်ပြီးစီးနိုင်ပါစေကြောင်း၊ သို့မှသာလူများအေးအေးလူလူဖြင့်နေထိုင်နိုင်ပြီး၊ ရူမငြီးဖွယ်သောရေခဲ တောင်အလှကိုခံစားပြီး‌ေ၀ဒနာများဖြေဖျောက်နိုင်ကြပေမည်။ ရဟန်းမင်းကြီးသည် ဆက်လက်၍ Cabo Delgado လူမျိုးစုအတွက်ဆုတောင်းပေး ရဟန်းမင်းကြီးသည် တနဂ်နွေနေ့၌ပင်မိုဇမ်းဘစ်တောင်ပိုင်းမှ Cabo Delgado လူမျိုးများအတွက်ဆုတောင်းပေး ခဲ့သည်။

အဘယ်ကြောင့်ဆိုသော်ထိုဒေသ၌ရှိသောသူတို့သည်နိုင်ငံတကာအစွန်းရောက်တို့၏ရန်ကြောင့်ဆိုးရွားစွာအတိ ဒုက္ခရောက်နေကြကြောင်း၊ ရဟန်းမင်းကြီးအနေဖြင့်တစ်နှစ်ခန့်ကတမန်တော်ခရီးကြွရောက်ခဲ့၍ အခြေအနေကိုရှင်းလင်း ပြတ်သားစွာသိနေကြောင်း၊ ထိုဒေသရှိပြည်သူများသည် ဂျီဟတ်စစ်သွေးကြွတို့နှင့်ချိပ်ဆက်၍အကြမ်းဖက်မူအမျိုးမျိုးကို ဖန်တီးလုပ်ဆောင်နေကြသူများ၏ရန်ကိုခံနေကြရသည်။ ရဟန်းမင်းကြီးအနေဖြင့်ဤဒေသ၏အခြေအနေနှင့်စပ်လျင်း၍ ဆရာတော် Fernando Lisboa of Pemba နှင့်စကားပြောဖြစ်ခဲ့သေးသည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/34ukM3N

Add new comment

1 + 15 =