Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
လက်ဘနွန်ပေါက်ကွဲမှုအပြီးတွင် ခရစ်ယာန်များက လိုအပ်သူများကို ကူညီထောက်ပံ့
လက်ဘနွန်ပေါက်ကွဲမှုအပြီးတွင် ခရစ်ယာန်များက လိုအပ်သူများကို ကူညီထောက်ပံ့
လွန်ခဲ့သောအပတ် အင်္ဂါနေ့က Sophie Teghoနှင့် သူမ၏ အမျိုးသားတို့သည် လက်ဘနွန်၊ဘေရွတ်ရှိ စျေး ၀ယ်စင်တာ တစ်ခုတွင် ရှိနေကြသည်။ပြင်းထန်သော ပေါက်ကွဲသံကို ကြားလိုက်ရပြီး ငလျင်လှုပ်ကာအနီးရှိ မှန်များ၊ကားမှန်များ ပေါက်ကွဲလာသည်။ သူတို့ဇနီးမောင်နှံရောက်ရှိနေသည့်နေရာမှာ အထပ်မတူသည့်အတွက် ပြန်တွေ့အောင် ပေါက်ကွဲသံများကြားမှ ကြိုးစားလိုက်ရကြောင်း သူမက ဆိုသည်။
ဘေရွတ်ဆိပ်ကမ်းရှိ အမိုနီယမ် နိုက်ထရိတ်တန်ချိန် ၂၇၅၀ ပေါက်ကွဲမှုကြောင့် အဆောက်အအုံပြိုကျခြင်း၊မီးလောင်ခြင်း၊အသေးစားငလျင် လှုပ်ခြင်းနှင့် မှန်များ ပေါက်ကွဲခြင်းတို့ ဖြစ်ပွားခဲ့သည်။ထိုစဉ်က သူမတို့ရောက်ရှိနေသော အေဘီစီစင်တာသည် ပေါက် ကွဲရာနေရာနှင့် တစ်မိုင်မျှပင် မဝေးပေ။
ထိုပေါက်ကွဲမှုသည် ၆မိုင်ပတ်လည်ကို ပြင်းထန်စွာ ထိခိုက်စေပြီး လူ၂သန်းမျှ အိုး အိမ်မဲ့ခဲ့ကြပြီး ရွေ့ပြောင်းဒုက္ခသည်များလည်း သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောကြားသည်။ဘေရွတ်မြို့တော်ဝန်ကလည်း ပေါက်ကွဲမှုကြောင့် ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ၁၀ဘီလီယံမှ ၁၅ ဘီလီယံအကြားရှိမည်ဟု ဆို သည်။
ထိုပေါက်ကွဲမှုသည် ခရစ်ယာန် အများစုနေထိုင်ရာ ရပ်ကွက်နှင့်နီးသောကြောင့် ခရစ်ယာန်များမှာ အထိ အ ခိုက်အများဆုံးဖြစ်သည်။လက်ဘနွန်တွင် မွတ်ဆလင်များမှာ လူဦးရေ၏၆၀%ဖြစ်ပြီး ခရစ်ယာန် ၃၅%ရှိသည်။ခရစ်ယာန်အများစုမှာ မာနိုရိုက် ကက်သလစ်များဖြစ်ကြပြီး အကူအညီပေးရေးနှင့် ကယ် ဆယ် ရေးများမှာလဲ ခရစ်ယာန်များ အများစုဖြစ်သည်။
ကြက်ခြေနီအဖွဲ့နှင့် ကက်သလစ်ကရုဏာရေးအဖွဲ့ပေါင်းများစွာတို့သည် ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးတွင် လုပ်အားပေးကြသည်။လက်ဘနွန် ကရုဏာရေးအဖွဲ့က ရေသန့်နှင့် အစားအစာများဝေငှခဲ့ပြီး မာနိုရိုက်ကက်သလစ်အသင်းတော်မှ ရွေ့လျားဆေးခန်းနှင့် ဆေးပစ္စည်းများပံ့ပိုးခဲ့သည်။
ကမ္ဘာအရပ်ရပ်မှ ထောက်ပံ့ငွေများ ရရှိနေပြီး စေတနာ့ ဝန် ထမ်းများနှင့် ရံပုံငွေရှာဖွေရေးအဖြစ် ခရစ်ယာန်များက လုပ် အားပေးနေကြကြောင်း သိရသည်။
ဘာသာပြန် - Agnes Lwah Lun
Photo courtesy of : Mehr News Agency. CC BY SA 4.0
https://bit.ly/31Y9JwX
Add new comment