လာမည့်ရွေးကောက်ပွဲ၌ညီညွှတ်မှုကိုပြသကြရန်ဗင်နီဇွဲလားဆရာ တော်ကြီးများကပန်ကြား

လာမည့်ရွေးကောက်ပွဲ၌ညီညွှတ်မှုကိုပြသကြရန်ဗင်နီဇွဲလားဆရာ တော်ကြီးများကပန်ကြား

လာမည့်ရွေးကောက်ပွဲ၌ညီညွှတ်မှုကိုပြသကြရန်ဗင်နီဇွဲလားဆရာ တော်ကြီးများကပန်ကြား

ယခုတစ်ပတ်အစောပိုင်းက ဗင်နီဇွဲလားနိုင်ငံမှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သည် စပိန်ဘာ သာဖြင့် ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ ထိုကြေငြာချက်ထဲ၌ဗင်နီးဇွဲလားနိုင်ငံသားများခံစားကြုံတွေ့နေရသောအကြပ် အတည်းအခက်အခဲများအကြောင်းကိုမီးမောင်းထိုးပြထားသည်။ ထိုအခက်အခဲအကြပ်အတည်းသည် နိုင်ငံ၏စီးပွားရေး မသာမာမှုနှင့်အကျင့်ပျက်ခြစားမူတို့ကြောင့်ဖြစ်ရသည်။ တစ်နည်းဆိုသော်အာဏာလက်၀ယ်ရှိနေသူများသည်နေရာရ သွားကြသောအခါ မဲဆန္ဒရှင်များကိုမေ့လျော့သွားကြသည်ဟုဆိုပါ သည်။

ဆရာတော်ကြီးများကဆက် လက် ၍ ဤအကြပ်အတည်းသည်ကိုဗစ် (၁၉) ကြောင့်ပိုမိုဆိုးရွားသွားစေခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော်ကိုဗစ် (၁၉) တစ်နိုင်ငံလုံးကိုဆိုးရွားစွာရိုက်ခတ်သွားခဲ့ကြောင်း၊ ဤသို့ဖြစ်သွားရခြင်းမှာလည်း နိုင်ငံ ၏ ကျန်းမာရေးစောင့်ရှောက်ရေးနှင့်အများပြည်သူနှင့်ဆိုင်သော၀န်ဆောင်မှုစနစ်သည်အလွန်နိမ့်ကျနေသည်ကိုပြသကြောင်း၊ သို့သော်ဗင်နီးဇွဲလားပြည်သူများအနေဖြင့်ဒီမိုကရေစီအတွက်လုပ်ဆောင်နိုင်စွမ်းကြီးကြီးမားမားရှိနေသေးကြောင်း၊ ထိုအခွင့်အရေးမှာငြိမ်းချမ်းပြီး၊ ဆင်ခြင်တုံတရားဖြင့်ရွေးကောက်ပွဲကိုပါ၀င်ပြီး၊ နိုင်ငံ၏ပြသာနာကိုအမှန်တကယ်စနစ်ကျစွာကိုင်တွယ်ဖြေရှင်းပေးနိုင်သူများကိုတစ်ညီတစ်ညွှတ်တည်းရွေးချယ်တင်မြောက်ရန်ဖြစ်ကြောင်း၊ ဤသို့ ပြုလုပ်နိုင်ရန်မှာလွှတ်လပ်ပြီး၊ တရားမျှတသော၊ ဘက်လိုက်မှုမရှိ။

နိုင်ငံရေးပါတီများနှင့်လူမူအဖွဲ့အစည်းများအားလုံး လည်းရွေးကောက်ပွဲ၌တက်ကြွစွာပါ၀င်ပြီး၊ ရွေးကောက်ပွဲဥပဒေနှင့်လုပ်ထုံး လုပ်နည်းအတိုင်းလုပ်ရန်လိုအပ် ကြောင်း၊ လက်ရှိ၌အချို့သောနိုင်ငံရေးပါတီများကိုရွေးကောက် ပွဲ၌မပါ၀င်နိုင်ရန်တားမြစ်ချက်များရှိနေသည်ကိုကြားသိရကြောင်း၊ ထို့အတူအချို့သောအမတ်လောင်းများကိုလည်းဥပဒေအမျိုးမျိုးထုတ်၍ရွေးကောက်ပွဲ၌မပါ၀င်နိုင်အောင်ပိတ်ပင်ထား ကြောင်း၊ အချို့သောနိုင်ငံရေးပါတီများလည်းလာမည့်ရွေးကောက်ပွဲ၌အရွေးမခံရန်ဆုံးဖြတ်ချက်များကိုလည်းပြတ် သားစွာထုတ်ဖော်လာသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့်ယခုကြေငြာချက်သည် ညီအစ်ကိုမောင်နှမရင်းစိတ်ဓာတ်ဖြင့် ဗင်နီဇွဲလားနိုင်ငံသားများ၏ကောင်းကိုမျှော်ကိုးပြီး၊ စုစည်းလုပ်ဆောင်စေလိုသောစိတ်ရင်းဖြင့်ပန်ကြားခြင်းသာဖြစ် ကြောင်းဖော်ပြထားသည်။

လက်ရှိအနေအထား၌ လုပ်ကိုင်ခွင့်ရထားသော Nicolas Maduro ၏အစိုးရသည်လည်းကောင်း၊ အမျိုးသား ရေးလုပ်ငန်းစဉ်၌ Juan Guido ဦးဆောင်သောအတိုက်အခံပါတီသည်လည်းကောင်း၊ အခိုင် အမာရယူထားသော၄င်း တို့၏အာ ဏာကို လျော့ချရန်၊ သို့မဟုတ်ကြားနေသဘောမျိုးနေရန်ဆန္ဒရှိနေကြသည်။ ထို့အတူအခြားသောရွေးကောက် ပွဲများအားလုံးသည်ပြည်သူတို့၏သဘောဆန္ဒနှင့်တစ်ထပ်တည်းကျမည့်ရွေးကောက်ပွဲဖြစ်ရန်ဆရာတော်ကြီးများအဖွဲ့ချုပ်ကတိုက်တွန်းထားပါသည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3ap1ZYD

Add new comment

1 + 0 =