Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ဖရန်စစ် ဆေးကြောခြင်းပေးခဲ့သော ကိုယ်ခြင်းဆက်အမွှာတို့၏ မိခင်မှ ကျေးဇူးတင်
ပုပ်ဖရန်စစ် ဆေးကြောခြင်းပေးခဲ့သော ကိုယ်ခြင်းဆက်အမွှာတို့၏ မိခင်မှ ကျေးဇူးတင်
Hermine Nzottoဟူသည့် မိခင်တစ်ဦးသည် သူမ၏ ကိုယ်ချင်းဆက်အမွှာသမီးများအား ဆေးကြောခြင်းမင်္ဂလာပေးသည့်အတွက် ပုပ်ရဟန်းမင်းကြီးအား ကျေးဇူး တင်ကြောင်း စာတစ်စောင် ရေး သားပေးပို့ခဲ့သည်။
ဗဟိုအာဖရိကသမ္မတနိုင်ငံသူဖြစ်သော သူမသည် မြို့တော် ဘင်ဂွီမှ မိုက်ပေါင်း ရာကျော်အကွာရှိ မြို့ငယ်လေးတစ်မြို့မှဖြစ်သည်။သူမသည် ၂၀၁၈ဇွန်လတွင် ကျောရိုးချင်းဆက်နေသော သမီးအမွှာများကို မွေးဖွားခဲ့သည်။ထို့နောက် အမွှာများကို ခွဲစိတ်ရန်အတွက် မြို့တော်ဘင်ဂွီရှိ ဆေးရုံတစ်ရုံသို့ပို့ဆောင်ခဲ့သည်။ထိုဆေးရုံမှာ ဗာတီကန်ရှိ သာသနာမှ ပိုင်ဆိုင်သော Bambino Gesu ဆေးရုံမှ ကူညီထောက် ပံ့ပေးသော ဆေးရုံဖြစ် သည်။ စက်တင်ဘာလတွင် ရောမမြို့သို့ ခွဲစိတ်ကုသမှုခံယူရန် ဆက် လက် ပို့ဆောင်ခဲ့သည်။
ဇွန်လ ၅ရက်နေ့တွင် ပြုလုပ်ခဲ့သော တတိယအကြိမ် ၁၈ နာ ရီအကြာ ခွဲစိတ်မှုအပြီးတွင် ကလေးများကို အောင်မြင်စွာ ခွဲထုတ်နိုင်ခဲ့ပြီဖြစ်သည်။ ထိုခွဲစိတ်မှုတွင် Erina နှင့် Prefina ဟူသော ကလေးနှစ်ယောက်ကို ခွဲစိတ်အထူးကု ၃၀ကျော်က ကြိုးပမ်းခွဲစိတ်ခဲ့ကြရသည်။
ကလေးများကို ကနဦးဆေးကုခဲ့ရာ ဆေးရုံမှာ ၂၀၁၅ ခုနှစ် ပုပ်ဖရန် စစ်သိုးထိန်းခရီးစဉ် အတွင်း စစ်ပွဲဒဏ်ကို ခံစားရသော သူတို့နိုင်ငံအ တွက် ပေးခဲ့သော အထောက်အပံ့ဖြစ်သည်။ ထို့ပြင် ထိုအချိန်က ပုပ်ရဟန်းမင်းကြီးသည် မြို့တော် ဘင်ဂွီးတွင် သနားကြင်နာခြင်းနှစ်ကို ဖွင့် လှစ်ပေးခဲ့သေးသည်။
သူမ၏စာတွင် "အရှင်မြတ်၏ဆေးကြောခြင်းမင်္ဂလာတော်ကြောင့် ကျွန်ုပ် ၏သမီး ဖရန်ဆက် နှင့်မေရီတို့သည် ကံအကောင်းဆုံးကလေးများဖြစ်ကြပါကြောင်း။ကျွန်ုပ်မသင်ကြားခဲ့ရသော ပညာ ရပ်များကိုသင် ကြားရပြီး သမ္မာ ကျမ်းစာကိုလည်း လေ့လာနိုင်ကြမည်ဟု ကြည်နူးစွာ ရေးသားထား သည်။
အရှင်သူမြတ်ဖွင့်ခဲ့သော သန့်ရှင်းသော တံခါးတော် သည် ကျွန်ုပ် ကဲ့သို့ လိုအပ်နေသူများအတွက် ဆရာ၀န် ဆရာမ များအတွက် ဖွင့်လှစ်ပေးလိုက်သည့် ပေါင်း ကူးတံတားပင်ဖြစ်ကြောင်း
ထို့အပြင် "အရှင်မြတ်၏ ကရုဏာတော်သည် အားနည်းသောသူတို့နှင့်ရှိသောဘုရား သခင်ကို သတိမူစေကြောင်း၊ဆုတောင်းခြင်းသည် လူ သားမျိုးနွယ်အားလုံးကို စည်းလုံးစေပြီး ပြည့်ဝစုံလင်စေကြောင်း ကလေးများ၏ မိခင်မှ ရေးသားပေးပို့ခဲ့သည်။
ဘာသာပြန် - Agnes Lawh Lun
Add new comment