အဲလ်ဆာဗာဒေါနိုင်ငံမှရဟန်းဖြစ်သင်ကျောင်းအုပ်လုပ်ကြံခံရ

အဲလ်ဆာဗာဒေါနိုင်ငံမှရဟန်းဖြစ်သင်ကျောင်းအုပ်လုပ်ကြံခံရ

ပြီးခဲ့သည့်သောကြာနေ့က ဆရာ တော် Elías Samuel Bolaños Avelar ၏ဗွီဒီယိုသတင်းထုတ်ပြန်ကြေငြာချက် တစ်ခုထွက်ပေါ်လာခဲ့သည်။ ထိုကြေငြာချက်ကား ၀မ်းသာစရာသတင်းမဟုတ်ခဲ့ဘဲ၊ အ လွန်၀မ်းစိတ်မကောင်းစရာ

သ တင်းတစ်ပုဒ်ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် San Óscar Arnulfo Romero ရဟန်းဖြစ်သင်ကျောင်း၏ ကျောင်းအုပ်

ဖာသာရ် Ricardo Antonio Cortez သည်ရက်စက်စွာလုပ်ကြံခံလိုက်ရသည်။ ထို့ကြောင့် Zacatecoluca သာသနာမှရ ဟန်းတော်များ၊ သီလရှင်များ၊ ဘာသာတူများအနေဖြင့်စိတ်မသာမယာဖြင့်ဆုတောင်းပေးလျှက်ရှိကြသည်ဟုပြောပါ သည်။

ယခုကဲ့သို့သာသနာပြုတစ်ပါးအား ရက်စက်စွာသက်ဖျက်သည့်အတွက်ပြင်းထန်စွရှုပ်ချကြောင်း၊ လူမဆန်သော လုပ်ရပ်အတွက်ကန့်ကွက်ကြောင်း၊ ယခုအသတ်ခံရ သောဖာသာရ်သည်အလွန်ကောင်းကြောင်း၊ အားကိုးရကြောင်း၊ မိမိ ၏အမှုတော်၌ အလွန်ဆက်ကပ်သူဖြစ် ကြောင်း၊ ရဟန်းလောင်းကျောင်း သားများကိုပျိုး ထောင်ရာ၌ လည်း ကောင်း၊ ပညာ ရေး၌လည်း ကောင်း၊ ဘာသာတူများအတွက်လည်း ကောင်းအလွန်တက်ကြွသူဖြစ်သည်။ ယခုကဲ့သို့အချိန် မတော်သည့်အ ပြင်၊ ထိတ် လန့် ဖွယ်သေခြင်းမျိုးဖြင့်သေ ဆုံးရခြင်းအတွက်ရှင်းမပြတတ်အောင်ဖြစ်ရကြောင်း၊ ကောင်းမြတ်သန့်ရှင်း သောရဟန်းတစ်ပါးထပ်မံအသတ်ခံရခြင်းကြောင့် အဲလ်ဆာဗာဒိုမြေသည် ဓမ္မအာဇာနည်တို့ ၏သွေးဖြင့်နောက်တစ်ကြိမ် ဖြန်းပက်လိုက်ပြန်ပြီဖြစ် ကြောင်း၊ ယခုနှစ်သည်လည်း Saint Óscar Arnulfo Romero၊ Brother Cosme Spessotto နှင့်အမေရိကန်မြောက်ပိုင်းမှသီလရှင် (၄) ပါးလည်းတို့သည်တရားတော်အတွက်အသေခံခြင်း နှစ် (၄၀) ပြည့်နှစ်ပတ် လည်လည်းဖြစ်သည်။ ဆရာတော်ကြီးသည်ဆေး၀ါးကုသပေးကြသောဆရာ၀န်များအားကျေးဇူးတင်စကားပြောခဲ့ သည်။ သတ်ဖြတ်သွားသူကိုလည်းအမြန်ဆုံးဖော်ထုတ်နိုင်ရန်မေတ္တာပြုဆု တောင်းခဲ့ကြသည်။

ကွပ်မျက်ခံခဲ့ ရသော ရဟန်းတော် ၏ကျန်ရှိရုပ်ကလပ်ကို Zacatecoluca ဘုရားကျောင်းကြီးသို့ပို့ဆောင်ခဲ့သည်။ ကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်၊ သာ သနာပိုင်ရဟန်းတော်များအား စျာပနမစ္ဆားသို့ကြွရောက်ရန်ဖိတ်ကြားခဲ့ သည်။ ဒေသစံ တော်ချိန် (၁၀:၀၀) စနေနေ့မွန်းလွဲပိုင်းတွင်ကျင်းပမည်ဖြစ်သည်။ ထို့နောက်တနင်္ဂ နွေနေ့ (၁၁:၀၀) နာရီ၌မစ္ဆားတရားပူဇော်ခြင်းရှိမည်ဖြစ် သည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3fKi0t5

Add new comment

4 + 14 =