စီးပွားရေးကောင်းစီအတွက်အမျိုးသမီးခြောက်ဦးကိုရွေးချယ်ခဲ့

စီးပွားရေးကောင်းစီအတွက်အမျိုးသမီးခြောက်ဦးကိုရွေးချယ်ခဲ့

စီးပွားရေးကောင်းစီအတွက်အမျိုးသမီးခြောက်ဦးကိုရွေးချယ်ခဲ့

ရဟန်းမင်းကြီးသည် လွန်ခဲ့သော (၂၀၁၄၊ ဖေဖော်၀ါရီ၊ ၂၄) က စီးပွားရေးကောင်စီကို Fidelis dispensator et prudens စာချွန်တော်ထုတ်ပြန်၍ဖွဲ့စည်းခဲ့သည်။ စီးပွားရေးကောင်စီ၏အဓိကတာ၀န်မှာ Roman Curia ၊ ဗာတီကန်နှင့်ချိပ်ဆက်ထားသောအဖွဲ့အစည်းများ၊ ဗာတီကန်ပြည်နယ်၏စီးပွားရေးဖွဲ့ စည်းပုံ၊ စီမံပုံများကိုထိန်းကျောင်းကြပ်မတ်ရန်ဖြစ်သည်။

ဤကောင်စီကိုအဖွဲ့၀င် ‘ဆယ့်ငါးဦး’ ဖြင့်ဖွဲ့ စည်းထားသည်။ ထို ‘ဆယ့်ငါးဦး’ အနက် ‘ရှစ်ဦး’ ကိုမူကာဒီနယ်၊ ဆရာတော်များထဲမှရွေးချယ်ခံရသူများ ဖြစ်ကြသည်။ ‘ခုနှစ်ဦး’ မှာစီးပွားရေး၌နှံ့စပ်ကျွမ်းကျင်သူများအဖြစ် အတွေ့အကြုံရှိသူ၊ ယုံကြည်စိတ်ချ ရသူများအဖြစ်နာမည်ကောင်းရှိသူများဖြစ်ရမည်။

၄င်းတို့သည်အထက်ကဆိုခဲ့သောအရည်အချင်းရှိပြီး၊ နိုင်ငံအသီးသီးမှလည်းဖြစ်နိုင်သည်။ ဂိုဏ်းချုပ်သာသနာ Munich and Freising မှကာဒီနယ် Reinhard Marx သည် ဤကောင်စီ၏ဒုတိယညွှန်ကြားရေးမှူးအဖြစ်ဆက်လက်ထမ်းဆောင်နေဉီးမည်ဖြစ်သည်။ Durban ဂိုဏ်းချုပ်သာသနာမှ ကာဒီနယ် Wilfrid Fox Napier သည်လည်းအဖွဲ့၀င်အဖြစ်သက်တော် (၈၀) အ ထိရှိနေဦးမည်ဖြစ်သည်။

အဖွဲ့၀င်အသစ်များနှင့်ကိုယ်ရေးအချက်အလက်အကျဉ်းချုံး

ပြီးခဲ့သောကြာသပတေးနေ့က ရဟန်းမင်းကြီးဖရန်စစ်သည် အောက်ပါကာဒီနယ်များအား စီးပွားရေးကောင်စီ၏အဖွဲ့၀င်အသစ်များအဖြစ်ခန့်အပ်ခဲ့သည်။ ၄င်းတို့မှာ Esztergom-Budapest ဂိုဏ်းချုပ်သာသနာ၏ကာဒီနယ် Péter Erdő၊ São Paulo ၏ဂိုဏ်းချုပ်သာသနာ ဂိုဏ်းချုပ်ဆရာတော် Odilo Pedro Scherer ၊ Québec ၏ဂိုဏ်းချုပ်သာသနာ ဂိုဏ်းချုပ်ဆရာတော် Joseph William Tobin ၊ Newark ၏ဂိုဏ်းချုပ်သာသနာပိုင် ဂိုဏ်းချုပ်ဆရာတော် Anders Arborelius ၊ Stockholm ၏ဂိုဏ်းချုပ်ဆ ရာတော်၊ L'Aquila ဂိုဏ်းချုပ်ဆရာတော် Giuseppe Petrocchi တို့ဖြစ်ကြသည်။

ထို့အတူအောက်ပါသာမန်ဘာသာတူများကိုလည်း ကောင်စီ၀င်များအဖြစ်ရွေးချယ်ခန့်အပ်ခဲ့ သည်။ ၄င်းတို့မှာ Charlotte Kreuter-Kirchhof, Eva Castillo Sanz, Leslie Jane Ferrar, Marija Kolak, Alberto Minali, María Concepción Osákar Garaicoechea နှင့် Ruth Maria Kelly ဖြစ်ကြသည်။

Charlotte Kreuter-Kirchhof မှာဂျာမဏီနိုင်ငံမှဥပဒေပညာရှင်ဖြစ်သည်။ Eva Castillo Sanz သည်စပိန်နိုင်ငံ၊ Leslie Jane Ferrar သည်ဗြိတိန်နိုင်ငံ၊ Marija Kolak သည်ဂျာမဏိနိုင်ငံ၊ Alberto Minali အီတလီနိုင်ငံ၊ María Concepción Osákar Garaicoechea သည်စပိန်နိုင်ငံမှဖြစ် နှင့် Ruth Maria Kelly မှာဗြိတိန်နိုင်ငံတို့မှဖြစ်ကြသည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/30ETm96

Add new comment

10 + 2 =