Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဖိလစ်ပိုင်ကက်သလစ်ဘာသာဝင်တို့၏ စဥ်ဆက်မပြတ် ဒဏ်ဆပ်ဖြေဆုတောင်းခြင်းကာလ အောင်မြင်စွာပြီးဆုံး
ဖိလစ်ပိုင်ကက်သလစ်ဘာသာဝင်တို့၏ စဥ်ဆက်မပြတ် ဒဏ်ဆပ်ဖြေဆုတောင်းခြင်းကာလ အောင်မြင်စွာပြီးဆုံး
ဖိလစ်ပိုင်နိုင်ငံ၊လူဇုန်သာသနာနယ်မြောက်ပိုင်းရှိ ကက်သလစ်သာစနာတစ်ခုတွင် ၂၁ရက်တာ ဆုတောင်းခြင်း၊ဒဏ်ဆပ်ဖြေခြင်းနှင့် မစ္ဆားတရားပူဇော်ခြင်းတို့ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ နိုင်ငံအတွင်းရှိ ပြဿနာများနှင်ြကိုဗစ်ရောဂါများအတွက် ရည်ရွယ်သော ထိုအရီအစဥ်ကို Lingayen-Dagupanဂိုဏ်းချုပ်သာသနာတွင် ပြလုပ်ခဲ့ရာ သြဂုတ်လ၅ရက်နေ့က ပိတ်ပွဲကို Our Lady of Manaoagဘာစီလီကာတွင် ကျင်းပခဲ့သည်။
ဇူလိုင်လ ၁၆မှစတင်ခဲ့ပြီး တစ်ဦးချင်းစီနှင့်နိုင်ငံတစ်ဝန်းရှိ အပြစ်များအတွက် ဆပ်ဖြေခဲ့ကြောင်း ဆရာတော်ကြီးက ပြောကြားခဲ့သည်။ သြဂုတ်လ ၅ရက်သည် ရောမမြို့ရှိ စိန့်မေရီမေဂျာဘာစီလီကာအား အပ်နှံခြင်းပွဲဖြစ်သည့်အတွက် မယ်တော်အမည်ခံယူသော Our Lady of Manaoagတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ထိုဘုရားကျောင်းရှိ ဆင်စွယ်ဖြင့် ထုလုပ်ထားသောစိပ်ပုတီးမယ်တော် ဆင်းတုမှာ ၁၇ရာစုတွင် စပိန်တို့ ယူဆောင်လာသော ဆင်းတုဖြစ်သည်။နှစ်စဥ် ဖိလစ်ပိုင်ကက်သလစ်ဘာသာဝင် သန်းပေါင်းများစွာသည် မယ်တော်ကို သဒ္ဒါကြည်ညိုရန် လာရောက်လေ့ရှိသည်။ ဆရာတော်ကြီးက "ယခုအချိန်သည် မယ်တော်၏ကြားဝင်တောင်းလျှောက်မှုကို ခံယူရန် အလိုအပ်ဆုံးအချိန်ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ တရားဥပဒေမဲ့ သတ်ဖြတ်မှုများနှင့် အဆမတန် ကူးစက်ပြန့်နှံ့နေသော ကိုဗစ်ရောဂါကိုလည်း အပ်နှံပူဇော်ပါကြောင်း ပြောကြားခဲ့သည်။
ဘာသာပြန် - Agnes Lawh Lun
Photo courtesy of : Roy Lagarde
Add new comment