Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ရဟန်းမင်းကြီးသည် သူ၏ကိုယ်ရေးအတွင်းရေးမှူးအသစ်ကို တရားဝင်ခန့်အပ်
ပုပ်ရဟန်းမင်းကြီးသည် သူ၏ကိုယ်ရေးအတွင်းရေးမှူးအသစ်ကို တရားဝင်ခန့်အပ်
ပုပ်ရဟန်းကြီးဖရန်စစ်သည် လွန်ခဲ့သော စနေနေ့က သူ၏ကိုယ်ရေးအရာရှိ အသစ်ကို တရားဝင်ခန့်အပ်တော်မူခဲ့သည်။
ဗာတီကန်သတင်းဌာန၏ဖော်ပြချက်အရ သြဂုတ်လ၁ရက်နေ့တွင် သက်တော်၄၁နှစ်ရှိသော Fr.Fabio Salernoသည် Msgr.Yoonis Lahzi Gaid၏ တာဝန်လို လွဲပြောင်းထမ်းဆောင်ခဲ့သည်။Fr.Salernoသည် အခြားနိုင်ငံများနှင့် ဆက်သွယ်ရသည့်ဗာတီကန်အတွင်းဝန်ရုံးတွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သူသည် ပုပ်ရဟန်းမင်းကြီးကို အနီးကပ် အကူအညီပေးရမည့်သူများအနက် တစ်ယောက်ဖြစ်လာမည်ဖြစ်သည်။
Fr.Salernoကို Italyနိုင်ငံ၊Cantanzaro၌ ၁၉၇၉ခု၊ဧပြီ၂၅တွင် မွေးဖွားခဲ့သည်။၂၀၁တွင် ရဟန်းသိက္ခါခံယူခဲ့သည်။သူသည် ရောမမြို့ရှိ Pontificial Lateran Universityမှ မြို့ပြနှင့်အသင်းတော်ဥပဒေ ဘာသာရပ်တို့ဖြင့် ဒေါက်တာဘွဲ့ကို ရရှိခဲ့သူဖြစ်သည်။ထို့အပြင် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာရဟန်းအမတ်၏အတွင်းရေးမှူးအဖြစ်၄င်း၊ဥရောပကောင်စီတွင် ဗာတီကန်ကိုယ်စားလှယ်၏အတွင်းရေးမှူးအဖြစ်၄င်း တာဝန်ယူခဲ့သူဖြစ်သည်။
သူသည် Fr.Gonzalo Aemiliusနှင့်အတူတကွ တာဝန်ယူရမည်ဖြစ်သည်။အဆိုပါFr.Gonzaloသည်လည်း ဥရုဂွေးနိုင်ငံမှ လမ်းပျော်ဆင်းရဲသားကလေးများနှင့် အလုပ်လုပ်ပြီး သာသနာပြုခဲ့သူဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ၂၀၁၉ ဇန်နဝါရီတွင် အတွင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့သည်။
ဘာသာပြန် - Agnes Lawh Lun
Photo courtesy of : Daniel Ibáñez/CNA
Add new comment