အ​မေရိကန်ရှိ ကက်သလစ်ဝတ်​စောင့်ရိပ်သာတစ်ခုအား ကိုဗစ်ကွာရန်တင်းစင်တာအဖြစ် ​ပြောင်းလဲအသုံးပြု

အ​မေရိကန်ရှိ ကက်သလစ်ဝတ်​စောင့်ရိပ်သာတစ်ခုအား ကိုဗစ်ကွာရန်တင်းစင်တာအဖြစ် ​ပြောင်းလဲအသုံးပြု

အ​မေရိကန်ရှိ ကက်သလစ်ဝတ်​စောင့်ရိပ်သာတစ်ခုအား ကိုဗစ်ကွာရန်တင်းစင်တာအဖြစ် ​ပြောင်းလဲအသုံးပြု

အ​မေရိကန်ပြည်​ထောင်စုရှိ ကိုဗစ်ပိုးစတင်​တွေ့ရှိရာ​နေရာတစ်ခုဖြစ်​သော ဝါရှင်တန်ပြည်နယ်တွင် ကက်သလစ်ဝတ်​စောင့်စင်တာတစ်ခုအား ကွာရန်တင်း​စောင့်ကြည့်​ရေးစင်တာအဖြစ် အသုံးပြုမည်ဟုဆိုသည်။ အပြစ်မဲ့​သော မယ်​တော်၏နှလုံး​တော် အမည်ရှိ ထိုဝတ်​စောင့်စင်တာသည် ဝါရှင်တန်ပြည်နယ် Spokaneမြို့၏ ​မြောက်ဘက် မိုင်အနည်းငယ်အကွာတွင်တည်ရှိသည်။ကိုဗစ်၁၉​ရောဂါဖြစ်စဥ်တိုးပွားလာမှု​ကြောင့် မတ်လတွင် ထိုစင်တာကို ပိတ်ခဲ့သည်။

ထိုအချိန်တွင် ဝတ်​စောင့်စင်တာ၏တာဝန်ခံ Deacon John Ruschenskyသည် Spokane​ဒေသ၏တာဝန်ခံဆရာဝန်ကြီး Dr.Bob Lutzထံမှ ကမ်းလှမ်းချက်တစ်ခုကို လက်ခံရရိခဲ့သည်။ ထိုကမ်းလှမ်းချက်တွင် ကက်သလစ်ကရုဏာ​ရေးအဖွဲ့များနှင့် ပူး​ပေါင်း၍ ကွာရန်တင်း​နေရာအဖြစ် ​ပြောင်းလဲ​ပေးရန်ဖြစ်သည်။သာသနာပိုင်​ရော​တော်ထံသို့ ခွင့်ပြုချက်​တောင်းခံရာတွင် ခွင့်ပြု​ပေးခဲ့ပြီး ​ကောင်းချီး​ပေး​တော်မူခဲ့သည်။ ဆရာ​တော်က ထုတ်ပြန်သည်မှာ လူနာများနှင့်လိုအပ်​နေသူများသည် အပြစ်မဲ့သန့်ရှင်း​သော မယ်​တော်၏နှလုံး​တော်​အောက်၌ ရှိရန်မှာ ​ကောင်းမွန်လှပါသည်။

ဤအစီအစဥ်တွင် ကူညီ​ပေးသူတိုင်းအားအထူး​ကျေးဇူးတင်​ကြောင်း၊ဆက်လက်ပြီး ​အောင်မြင်​အောင် ​ဆု​တောင်း​ပေးကြပါဟု ထုတ်ပြန်ခဲ့သည်။ ထိုဝတ်​စောင့်ရိပ်သာသည် ​စောင့်ကြည့်​ရေးစင်တာပြုလုပ်ရန် ဥပုသ်​စောင့်ခြင်းနှင့်အခြားအစီအစဥ်များကို နှစ်ကုန်အထိ ဖျက်သိမ်းခဲ့သည်။ထိုစင်တာတွင် ဝတ်​စောင့်သူ ၇၀၀၀အထိ ​နေထိုင်နိုင်ပြီး မီးဖို​ချောင်စသည်ဖြင့် အပြည့်အစုံရှိသည်။ယခုအခါ ​ရောဂါပိုးသံသယလူနာများနှင့် အိမ်ယာမဲ့သူ လူနာများ အဆင်​ပြေစွာ ​နေထိုင်နိုင်မည်ဖြစ်သည်။

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of the Diocese of Spokane

https://bit.ly/3kelmIs

Add new comment

3 + 4 =