ယေဇူးသခင်သည်အသေခံ၍စစ်မှန်သောဘ၀အဓိပ္ပါယ်ကိုပေးခဲ့ဟုမယ်ဂျူဂေါ်ရီလူငယ်ပွဲတော်ကျင်းပ နေသူ များအားပုပ်ဖရန်စစ်မိန့်ကြား

ယေဇူးသခင်သည်အသေခံ၍စစ်မှန်သောဘ၀အဓိပ္ပါယ်ကိုပေးခဲ့ဟုမယ်ဂျူဂေါ်ရီလူငယ်ပွဲတော်ကျင်းပ နေသူ များအားပုပ်ဖရန်စစ်မိန့်ကြား

ယေဇူးသခင်သည်အသေခံ၍စစ်မှန်သောဘ၀အဓိပ္ပါယ်ကိုပေးခဲ့ဟုမယ်ဂျူဂေါ်ရီလူငယ်ပွဲတော်ကျင်းပ နေသူ များအားပုပ်ဖရန်စစ်မိန့်ကြား

မယ်ဂျူဂေါ်ရီဟုကြားလိုက်လျှင် အမိမယ်တော်ထင်ရှားပြခဲ့သော် လည်း ယနေ့ထိတိုင်အမိသာသနာကအတည်ပြုခြင်းမရှိသေးသောနေရာတစ်နေရာဖြစ်သည်ကိုသိကြပေမည်။ နှစ်စဉ်ဘုရားဖူးများ လည်းသွားရောက်လျှက်ရှိသည့်နေရာဖြစ်သည်။ ဤအပြည်ပြည်ဆိုင်ရာလူငယ်ပွဲကိုနှစ်စဉ်မယ်တော့်ရင် ပြင်၌ကျင်းပလေ့ရှိသည်။ ယခုနှစ်ဤပွဲတော်ကို ဇူလိုင် (၃၁) မှ ဩဂုတ် (၆) ရက်နေ့အထိကျင်းပမည်ဖြစ် သည်။ နှစ်စဉ်လူငယ်ပေါင်း (၅၀၀၀၀) နှင့်ဘုန်းတော်ကြီးအပါးပေါင်း (၄၀၀) ခန့်ဘောစနီးယားနှင့်ဟာဇီ ဂိုဗီးနားမြို့သို့လာရောက်ကြပြီး၊ ဆုတောင်းခြင်း၊ ၀တ်ပြုခြင်း၊ မိမိတို့ဘ၀၌ဘာသာရေးခံယူချက်၊ ကြုံ ကြိုက်ဖြတ်သန်းခဲ့ပုံများကိုပြန်လည်ဝေမျှသောအစီအစဉ် စသည်များကိုထည့်သွင်းကျင်းပပြီး၊ ၀ိညာဉ်ရေးအသက်တာကိုပြန်လည်ဆန်းစစ်၊ ဆန်းသစ်လေ့ရှိကြသည်။ ယခုနှစ်၌ရဟန်းမင်းကြီးဖရန် စစ် သည် ကိုယ်တိုင်မကြွသွားသော် လည်း သတင်းစကားပါး၍ ကက် သလစ်လူငယ်များကိုအားပေးနိုး ဆော်ခဲ့သည်။ ယေဇူးသခင်ကိုမိမိတို့၏ဘ၀ထဲသို့၀င်ခွင့်ပြု၍ ပြောင်း လဲစေရန်တိုက်တွန်းခဲ့သည်။

လမ်းစဉ်သစ်ဖြင့်ရှင်သန်ရန်ရှာဖွေပါ။

ရဟန်းမင်းကြီးသည် ဤနှစ်စဉ်ကျင်းပသောပွဲတော်ကို ထူးခြား သောအချိန်အခါဖြစ်သည်။ အ ဘယ်ကြောင့်ဆိုသော် ဆုတောင်းခြင်း၊ ဘုရားစကားသင်ကြားခြင်း၊ ညီအစ်ကိုမောင်နှမစိတ်များတိုးပွား လာအောင်သင်ယူလေ့ကျင့်သောအချိန်အခါဖြစ်သည်။ ဤအခါသမယသည် သင်တို့အားလုံးအားယေဇူး ခရစ္စတူးသခင်နှင့်ဆုံတွေ့ရန်အခွင့်အရေးဖန်တီးပေးနေသည်။ အထူးသဖြင့်ပင့်မြောက်ခံ၊ ရှိခိုးကိုးကွယ်ခံ ရသောကိုယ်တော်မြတ်စက္ကရာမင်းတူနှင့်ပြန်လည်ကျေအေး သည့်အပြစ်ဖြေလျှောက်ခြင်းစက္ကရာမင်းတို့ အားဖြင့်ယေဇူးသခင်ကိုထိတွေ့နိုင်သည်။ လူငယ်များအနေဖြင့်ဘ၀သစ်ကိုရှင်သန်နိုင်သောနည်းလမ်း များကိုလည်းရှာဖွေနိုင်သည်။ ထိုနည်းလမ်းသည်ကျွန်ုပ်တို့ကိုအရိပ်ပမာလွမ်းမိုးနေသောဘ၀နေထိုင် နည်းမဟုတ်ပေ။ ထိုသမာရိုးကျအသက်ရှင်သန်နည်းသည်ကျွန်ုပ်တို့အားတိကျပြတ်သားသောမည်သည့် အရာကိုမျှမပေး။ လက်ရှိဘ၀ကိုသာပျော်ပျော်ကြီးနေရန်သင်ကြားသည်။ ယခုနှစ်ကျင်းပ သောမယ်ဂျူ ဂေါ်ရီ၏လူငယ်ပွဲ တော်သည် လူငယ်များအား ‘လာ၍ကြည့်ကြလော့’ ဟုယေဇူးသခင် သူ၏ပထမဦးဆုံး တပည့် တော်ကြီးများကိုဖိတ်ခေါ်ခဲ့သကဲ့သို့ဖိတ်ခေါ်နေသည်။

ယေဇူးသခင်ကိုဆုံတွေ့ပြီးနောက်အသစ်ပြောင်းလဲလော။

မကြောက်နှင့်။ ခရစ္စတူးသခင်သည်အသက်ရှင်လျှက်ရှိ၏။ သင်တို့တစ်ဦးစီကိုလည်းအသက်ရှင် သန်စေလိုသည်။ သူသည်စစ်မှန် သောအလှနှင့်ဤကမ္ဘာကြီး၏ လူငယ်ဖြစ်သည်။ ယေဇူးသခင်သည် သူနှင့် ဆုံတွေ့လိုက်သော အခါကျွန်ုပ်တို့ကိုပြန်လည်သစ်လွှင်လာစေသည်။ ထိုသစ်လွှင်သောခံစားချက်ကိုတစ် ပါးသူအားလည်းပြန်လည်‌ေ၀မျှရန်တာ၀န်ပေးအပ်ခြင်းခံရသည်။ ထိုတာ၀န်ကိုထမ်းဆောင်နေစဉ်၌သူ့ အပေါ်၌ထားရှိသော ကျွန်ုပ်တို့၏အကြည့်သည်ပြတ်တောက်သွား၍မရ။ အ ဘယ်ကြောင့်ဆိုသော်ကျွန်ုပ် တို့ သည်အရိပ်ကွယ်လျှင်မေ့လွယ်သောလူသားများဖြစ်ကြသည်။ ဆု တောင်းခြင်းအားဖြင့်ယေဇူးသခင် နှင့်အတူပေါင်းစပ်ရှင်သန်ရန်၊ ဤသို့ဖြင့်အမှန်တကယ် လူ့ဘ၀၏စွန့်စားမူကိုရှာဖွေရန်တိုက်တွန်းသည်။

အလွန်စွန့်စားရသောတာ၀န်

အမိမယ်တော်သည် ယေဇူးသခင် ၏နောက်လိုက်များအတွက်စံပြုထိုက်သူအဖြစ်အဘယ်သို့ကျင့် ကြံနေထိုင်ခဲ့ရသည်ကိုဆင်ခြင်ကြပါ။ သိကြားတမန်အမိန့်တော်ပြန်စဉ်က ‘ကျွန်မသည်ဘုရားသခင်၏အ စေခံမဖြစ်ပါသည်။ ကိုယ်တော်၏အလိုတော်အတိုင်းဖြစ်ပါစေ’ ဟုပြန် လည်ဖြေကြားခဲ့သောထိုစကားထဲ ၌ကျွန်ုပ်တို့အားလုံးကိုအစားထိုးခံစားကြည့်လိုက်။ ထိုစွန့်စားမူကိုတာ၀န်ယူကြည့်လိုက်သည်။ အဘယ် မျှခက်ခဲမည်နည်း။ မည်သည့်အာမခံချက်မျှလည်းမရှိ။ သို့သော်ကတိစကားကိုမူသစ္စာရှိရှိစောင့် ထိန်းရ သည်။ ဘုရားသခင်၏ရွှေလက်တော်ထဲသို့ ဖြစ်လေသမျှအ ကြောင်းအကောင်းဟုမှတ်ကာ၀ ကွက်အပ်နှံ ခြင်းသည်အမိမယ် တော်ပြသခဲ့သောစံနာမူနာကောင်းဖြစ်ပြီး၊ အသက်တာ၏လှပမူကိုပြသနေသည်။ အ မိမယ် တော် ၏ကောင်းသောပုံသက်သေသည်သင်တို့၌စွဲမြဲစေ၍ လမ်းပြလည်းဖြစ်စေတော်မူပါ။

သာသနာတော်ကြီးကိုသင်တို့၏ပျိုရွယ်နုနယ်မူဖြင့်အင်အားဖြစ်စေကြပါ။

မယ်ဂျူဂေါ်ရီ၌စုရုံးရောက်ရှိနေသောကက်သလစ်လူငယ်များအား ရဟန်းမင်းကြီးက သာသနာ တော်ကြီးကိုသင်တို့၏မျိုးမြစ်နုနယ်သောအင်အားများ၊ စိတ်ဓာတ်တက်ကြွခြင်းများ၊ တီထွင်ကြံဆမူများ နှင့်ယုံကြည်ခြင်းများဖြင့်အင်အားဖြစ်စေကြလော့။ သင်တို့အားလုံးကိုအမိမယ်တော်၏ကြား၀င်ဆုတောင်းပေးမူကိုအပ်နှံပေးပါမည်။ သူ၏ ထပ်ဆင့်ဆုတောင်းပေးခြင်းဖြင့်သန့်ရှင်းသော၀ိညာဉ်တော် ဘုရား ၏အလင်းနှင့်အင်အားကိုသင်တို့အဖို့တောင်းခံပေးပါမည်။ ဤသို့ဖြင့်သင်တို့သည်ခရစ္စတူးသခင်၏ သက်သေခံအစစ်အမှန်ဖြစ်ကြပါလောဟုတိုက်တွန်းကာသူ၏ သတင်းစကားကိုနိဂုံးချုပ်လိုက်ပါသည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2Xpc82b

Add new comment

3 + 8 =