ကက်သလစ်သာသနာအားမုန်းတီးမှု​ကြောင့် မာနာဂွာ​မြို့ရှိ ခရူစူးကားတိုင် မီးရှို့ခံရ

ကက်သလစ်သာသနာအားမုန်းတီးမှု​ကြောင့် မာနာဂွာ​မြို့ရှိ ခရူစူးကားတိုင် မီးရှို့ခံရ

ကက်သလစ်သာသနာအားမုန်းတီးမှု​ကြောင့် မာနာဂွာ​မြို့ရှိ ခရူစူးကားတိုင် မီးရှို့ခံရ

ကက်သလစ်အ​ပေါ်အမုန်းတရား​ကြောင့် ဘုရား​ကျောင်းထဲရှိ ခရူးစူးကားတိုင်ဖျက်ဆီး ခံရ​ကြောင်း မာနာဂွာမြို့၏ သာသနာပိုင် Cardinal Leopoldo Jose Brenes က သတင်းထုတ်ပြန်ခဲ့သည်။
သောကြာ​နေ့က သခင်​ယေဇူး၏အ​သွေး​တော်မြတ်အမည်ခံ ကိုယ်​တော်မြတ်​ကျောင်း​ဆောင်သို့ လူတစ်ဦးဝင်​ရောက်ခဲ့ပြီး ဓါတ်ဆီဗုံးကို ပစ်သွင်းခဲ့သည်။ထိုဘုရား​ကျောင်းတွင်ရှိ​သော နှစ်​ပေါင်း၄၀၀ သက် တမ်းရှိ ခရူးစူးကားတိုင်​တော်မှာ ​လောင်ကျွမ်းသွားရသည်။ ထိုအ​ခြေအ​နေကို လျင်မြန်စွာ ထိန်း ချုပ်နိုင်ခဲ့​သော​ကြောင့် မည်သူမျှ ထိခိုက်ဒဏ်ရာမရခဲ့​ပေ။
ထုတ်ပြန်ချက်အရ ကက်သ လစ် မုန်းတီး​ရေးအဖွဲ့များမှ ဖြစ်မည်ဟုယူဆပြီး ကျူးလွန်သူသည် အ​တွေ့အကြုံရှိ​သောသူဖြစ်မည် ဟု​ဖော်ပြထား သည်။
ထိုသူသည် ကက်သလစ်တို့အားထိတ်လန့်​စေရန်နှင့် ဖျက်လို ဖျက်ဆီးပြုလုပ်လို​ကြောင်းသိရပြီး ထိုခရူစူးကားတိုင်သည် နီကာရာဂွာရှိ ကက် သလစ်များ၏ ချစ်လေး မြတ် ခြင်းနှင့် အရိုအ​သေ​ပေးခြင်းကို အခံရဆုံး​ဖြစ်သည်။
ထုတ်ပြန်ချက်တွင် ကျွန်ုပ်တို့ သည် ဝမ်းနည်းခြင်း၊မခံမရပ်နိုင်ခြင်းနှင့် မလုံခြုံမှုတို့ကို ခံစားကြရ​သော်လည်း ဤအကြမ်းဖက်မှုများအားလုံးကို ယုံကြည်ခြင်းနှင့်သာ တုံ့ပြန်သွားကြရမည်ဖြစ်​ကြောင်း တိုက်တွန်းအား​ပေးခဲ့သည်။
နီကာရာဂွာတွင်လည်း ကက် သလစ်ဆန့်ကျင်မုန်းတီး​ရေးများ တိုးပွားလာ​နေသည်။ကိုယ်​တော်မြတ် မုန့်​တော်များ မထီမဲ့မြင်ပြုခံရခြင်း၊အလှူ​ငွေ​သေတ္တာနှင့် ဆင်းတုများ ဖျက်ဆီးခံရခြင်းများ တိုးပွား​နေသည်။ အချို့​နေရာများတွင် ဘုရား​ကျောင်းရှိ စတီရီယိုစက် ပစ္စည်းများနှင့် ဘုရား​ကျောင်းဝတ္ထုပစ္စည်းများ အခိုးခံရသည် ဟုသိရသည်။

ဘာသာပြန် -Agnes Lawh Lun
https://bit.ly/2XlRTlU

Add new comment

3 + 14 =