Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကိုဗစ်ကာလအတွင်း အမေရိကန်၊ကင်တပ်ကီရှိကက်သ လစ်များက အလုပ်ရရှိရေးအတွက် ကူညီပေး
ကိုဗစ်ကာလအတွင်း အမေရိကန်၊ကင်တပ်ကီရှိကက်သ လစ်များက အလုပ်ရရှိရေးအတွက် ကူညီပေး
ကိုဗစ်ကပ်ရောဂါကြောင့် အမေရိကန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ အရှုံးပေါ်သဖြင့် လုပ်ငန်းအ များအပြားကို ရပ် ဆိုင်းလိုက်ရသည်။သို့ဖြစ်ရာ အလုပ်သမား အမြောက်အ များသည် အလုပ် လက်မဲ့ဖြစ်သွားကြပြီး စားဝတ်နေရေးကျပ်တည်းလာကြသည်။ ထိုအခြေအနေတွင် အမေရိကန်၊ကင်တပ်ကီပြည်နယ်မှ ကက်သ လစ်တစ်ဦးက အကူအညီပေးခြင်းစတင်ခဲ့သည်။
လွစ်ဗီလ်းရှိ ပညာရှိမင်းသုံးပါးသာသနာမှ Brayton Bowen အမည်ရှိ ဘာသာတူတစ်ဦးသည် "ပြန်လည်သုံး သပ်ခြင်း"အမည်ရှိ အလုပ်ရှာဖွေရေးဝဘ်ဆိုဒ်တစ်ခုကို တည်ထောင်ခဲ့သည်။ သူသည် လူ့စွမ်းအားအရင်းအမြစ် နယ်ပယ်တွင် နှစ်ပေါင်း(၂၀) ကြာ လုပ်ကိုင်ခဲ့သူဖြစ်သည်။
ကက်သလစ်သတင်းဌာနသို့ပြောကြားရာတွင် သူ၏ ဌာနသည် အလုပ်ရရှိရေးအ တွက်သာမက အလုပ်ပြုတ်သွားသော သူများ ၏စိတ်ခံစားချက်များကိုလည်း နှစ်သိမ့်အကြံပေးခြင်းများပြုလုပ်ကြောင်း
သူ၏လုပ်ငန်းသည် သာသနာ ပြုခြင်းဖြစ်ပြီး အလုပ်လျှောက်နည်း၊အင်တာဗျူးဖြေနည်းစသည်တို့ကိုလည်း သင်ကြားပေးကြောင်း
ထိုအစီအစဉ်တွင် အလုပ်လျှောက်သူ၏အချက်အလက်များသည် သူ့ထံသို့ ဦးစွာရောက်ရှိပြီး သူမှတစ်ဆင့်သက်ဆိုင်ရာနယ်ပယ်သို့ ဆက်လက်ပို့ပေးမည်ဖြစ် သည်။
အချက်အလက်များကို အီးမေးလ်၊ဖုန်း၊စကိုက်ပ် အစရှိသည်တို့မှ ဆက်သွယ်ရသည်။အလုပ်လျှောက်သူသည် ကက်သ လစ်ဘာသာ၀င် မဟုတ်လျှင်လည်း လက်ခံကြောင်းသိရသည်။
သူက"အလုပ်ပြုတ်သွားသော အခါ လူတိုင်းသည် စိတ်ဓါတ်ကျပြီး မိမိ၏တန်ဖိုးကို မမြင်တော့ကြောင်း၊ ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ လူတိုင်းတွင်ရှိသော အစွမ်းအစကို သတိမူပြီး မျှော်လင့်ချက်များရရှိစေရန်ဖြစ်ကြောင်း" စီအန်အေသို့ ပြောကြားခဲ့သည်။
ဘာသာပြန် - Agnes Lawh Lun
Photo courtesy of: ArTono/Shutterstock
Add new comment