Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ယူကရိန်းအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ပုပ်ရဟန်းမင်းကြီးကြိုဆို
ယူကရိန်းအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ပုပ်ရဟန်းမင်းကြီးကြိုဆို
ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ယူကရိန်းအရှေ့ပိုင်းဒေသမှ လက်မှတ်ရေးထိုးထားသော အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုစာချုပ်ကို တနင်္ဂနွေနေ့က ကြိုဆိုတော်မူခဲ့သည်။
ယူကရိန်းနိုင်ငံ Donbass ဒေသရှိ တိုက်ပွဲဖြစ်ပွားနေသော အဖွဲ့များမှ အပစ်အခတ်ရပ်စဲရေးကို Minsk မြို့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ထိုသဘောတူညီချက်သည် Denew People’s Replublic နှင့် ယူကရိန်းတပ်မတော်အကြား သင့်မြတ်မှုကို ရစေမည်ဖြစ်ပြီး အရေးယူထိန်းချုပ်မှုများကို ရပ်တန့်စေမည်ဟုမျှော်လင့်ရသည်။
ပုပ်ရဟန်းမင်းကြီးက”ဤအဖြစ်အပျက်သည် ငြိမ်းချမ်းရေးကို အစပြုခြင်းဟုမျှော်လင့်ပြီး နှစ်ဖက်လုံး၏ ကြိုးစားမှုကို ချီးကျူးဂုဏ်ပြုကြောင်း တနင်္ဂနွေနေ့ အန်ဂျလူးဆုတောင်းမတ္တောအပြီးတွင် ပြောကြားခဲ့သည်။
၂၀၁၄ခုနှစ်၊ဧပြီလမှစ၍ ယူကရိန်းတပ်မတော်နှင့် ခွဲထွက်ရေးသမားများအကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် လူတစ်သောင်းကျော် သေဆုံးပြီး လူ ၂၄၀၀၀ ဒဏ်ရာရကာ လူ၂.၅သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသည်။
ဘာသာပြန်- Agnes Lawh Lun
Add new comment