ဘုရား​ကျောင်းများ ဖျက်စီးခံရပြီး​နော် အမုန်းတရားကို ချစ်ခြင်းတရားနှင့် တုံ့ပြန်ရန် အ​မေရိကန်ဆရာ​တော်များ တိုက်တွန်း

ဘုရား​ကျောင်းများ ဖျက်စီးခံရပြီး​နော် အမုန်းတရားကို ချစ်ခြင်းတရားနှင့် တုံ့ပြန်ရန် အ​မေရိကန်ဆရာ​တော်များ တိုက်တွန်း

ဘုရား​ကျောင်းများ ဖျက်စီးခံရပြီး​နော် အမုန်းတရားကို ချစ်ခြင်းတရားနှင့် တုံ့ပြန်ရန် အ​မေရိကန်ဆရာ​တော်များ တိုက်တွန်း

               အ​မေရိကန်နိုင်ငံရှိ ကက်သလစ်သာသနာကို ဦး​ဆောင်​နေ​သော ဆရာ​တော်ကြီးများအဖွဲ့သည် အ​မေရိကန်နိုင်ငံရှိ ဖျက်စီးခံရ​သော ဘုရား​ကျောင်းများနှင့် စပ်လျဥ်း၍ ဇူလိုင် ၂၂ရက်က သ​ဘောထား​ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့သည်။

          ထို​ကြေညာချက်တွင် ယခုဖြစ်ပွား​နေ​သော ရုန်းရင်းဆန်ခတ်မှုများ​ကြောင့် ဘုရား​ကျောင်းတစ်ခုသည် ကားနှင့်တိုက်ကာ မီးရှို့ခြင်းခံရပြီး သခင်​ယေဇူးနှင့်မယ်​တော်သခင်မဆင်းတု​တော်များ ရိုက်ခွဲခြင်း၊​ခေါင်းဖြတ်ခြင်းနှင့် ​ဆေးခြယ်ခြင်းစ​သော အသ​ရေဖျက်မှုများကို ရင်ဆိုင်​နေရ​ကြောင်း၊ထို့အပြင် မကြာ​သေးမီ အပတ်တွင် နှစ်​ပေါင်းရာချီသက်တမ်းရှိ ဘုရား​ကျောင်းကြီး မီးရှို့ခံရပြီး တရားခံကို ရှာ​ဖွေ​နေဆဲဖြစ်​ကြောင်း​ဖော်ပြထားသည်။

              မိုင်ယာမီသာသနာပိုင် ဆရာ​တော်ကြီး ​သောမတ်စ်နှင့်အိုကလာဟိုးမားမြို့၏ဆရာ​တော်တို့ လက်မှတ်ထိုးထား​သော ထိုစာတွင် “ဤသန့်ရှင်း​သော ဘာသာ​ရေးပစ္စည်းများအ​ပေါ် ဖျက်စီးခြင်းကို ကြည့်ခြင်းအားဖြင့် လူသားတို့အတွက် ကုသခြင်းလိုအပ်​နေသည်ကို​တွေ့ရပြီး ထိုသူတို့အတွက် ဆု​တောင်း​ပေးရမည်ဖြစ်​ကြောင်း၊သို့​သော်လည်း ရန်ကိုရန်ချင်း မတုန့်ပြန်ပဲ ချစ်ခြင်း​မတ္တောဖြင့် အနိုင်ယူကြရမည်ဖြစ်​ကြောင်း၊မယ်​တော်နှင့် သား​တော်​ယေဇူးတို့၏ကျင့်စဥ်အတိုင်း သက်​သေခံကြရမည်ဟု တိုက်တွန်းထားသည်။

           ကယ်လီဖိုးနီးယား၊​ကော်လိုရာဒို၊မစ်ဆိုရီနှင့်ဖ​လော်ရီဒါအစရှိသည့် ပြည်နယ်များတွင် ဘာသာ​ရေးအ​ဆောက်အအုံများနှင့် ဆင်းတုများကို မီးကွင်းပစ်ခြင်း၊မီးရှို့ခြင်း၊​ဆေးခြယ်ခြင်းတို့ ဖြစ်ပွား​နေပြီး ဖျက်ချခံရသည့်က​လေးငယ်များအားအထိမ်းအမှတ်ထုလုပ်ထား​သော​ကျောက်တိုင်အားလည်း ဖျက်စီးခဲ့ကြသည်။ထိုဖျက်ဆီးသူများကို ကက်သလစ်ဆန့်ကျင်​ရေးအဖွဲ့များက အား​ပေးအား​မြှောက်လုပ်​နေပြီး များပြား​သောလူအုပ်ဖြစ်သဖြင့် လက်ရှိအချိန်ထိ အ​ရေးယူနိုင်ခြင်းမရှိ​သေး​ပေ။

ဘာသာပြန်- Agnes Lawh Lun

Credit: Diocese of Brooklyn

https://bit.ly/3jD0wlr

Add new comment

1 + 1 =