ကိုဗစ်၁၉ကာလအတွင်း မြစ်ကြီးနားကက်သလစ်သာသနာမှ အစားအစာနှင့်အ​ထောက်အပံ့များ​ပေးအပ်

ကိုဗစ်၁၉ကာလအတွင်း မြစ်ကြီးနားကက်သလစ်သာသနာမှ အစားအစာနှင့်အ​ထောက်အပံ့များ​ပေးအပ်

ကိုဗစ်၁၉ကာလအတွင်း မြစ်ကြီးနားကက်သလစ်သာသနာမှ အစားအစာနှင့်အ​ထောက်အပံ့များ​ပေးအပ်

             မြန်မာပြည်​မြောက်ပိုင်းရှိ မြန်ကြီးနားကက်သလစ်သာသနာသည် ကိုဗစ်၁၉​ကြောင့် ဒုက္ခ​ရောက်​နေ​သော သူများအား အစားအ​သောက်နှင့်အကူအညီများ ​ပေးအပ်ခြင်းကို စီရင်စုတိုက်နယ်၂၅ ခု၌ ပြုလုပ်ခဲ့သည်။

              ကိုဗစ်​ကြောင့် အကြပ်အတည်းဖြစ်​နေ​သောသူများတွင် တပ်မ​တော်နှင့် ​​ဒေသခံလက်နက်ကိုင်အဖွဲ့များအကြား စစ်ပွဲများ​ကြောင့် တိမ်း​ရှောင်ထွက်​ပြေးရ​သော ပြည်သူများ အဓိကပါ၀င်သည်။မြစ်ကြီးနားသာသနာ၏တာဝန်ခံ Fr.Paul Wanghte Lum Dauက  ကိုဗစ်ကပ်​ရောဂါ​ကြောင့် ပြည်သူများ စားဝတ်​နေ​ရေးကြပ်တည်းလာကြပြီး ​အလုပ်လက်မဲ့ဖြသ်လာကြသဖြင့်ကျောင်းထိုင်ဘုန်း​တော်ကြီးများမှ တစ်ဆင့် အကူအညီ​တောင်းခံလာကြ​​ကြောင်း ​ပြောကြားခဲ့သည်။

               အစိုးရက ကိုဗစ်ထိန်းချုပ်​ရေးအစီအစဥ်များ စတင်​ကြေညာသည့်အချိန်မှ စ၍ မြစ်ကြီးနားကက်သလစ်သာသနာသည်လည်း ဂိုဏ်းအုပ်ဆရာ​တော် ဖရန်စစ်​ဒေါ့တန်၏လမ်းညွှန်မှုဖြင့် ကိုဗစ်ကာကွယ်ထိန်းချုပ်​ရေးအသင်းကိုဖွဲ့စည်းခဲ့ကြသည်။အဆိုပါအသင်းသည် နှာ​ခေါင်းစည်း၊လက်အိတ်၊သာမိုမီတာနှင့်လက်​ဆေးရည်ဘူးများကို ​ဝေမျှနိုင်ခဲ့ပြီး ကိုဗစ်ထိန်းချုပ်​ရေးလုပ်ငန်းကို အ​ထောက်အကူဖြစ်​စေမည်ဟု ​မျှော်လင့်​ကြောင်း ဖာသာရ်နိုအဲလ် ​နော်လတ်က ​ပြောကြားခဲ့သည်။

             သာသနာပိုင် ဆရာ​တော် ဖရန်စစ်က ကိုဗစ်ဆိုးကျိုးကို ပြင်းထန်စွာ ခံစားရသူများသည် ဆင်းရဲ​သော အိပ်​ထောင်စုများနှင့် စစ်​ရှောင်စခန်းမှ မိသားစုများဖြစ်ပြီး အသက်ရှင်ရန် ခက်ခက်ခဲခဲ ရုန်းကန်​နေရ​ကြောင်း ​မီး​မောင်းထိုးပြခဲ့သည်။

                 ​​မေလတွင် စီရင်စုအသီးသီးမှ လူငယ်များနှင့် ရဟန်း​ဖြစ်သင် ​ကျောင်းသားများသည် ကမ္ဘာ့ကျန်းမာ​ရေးအဖွဲ့၊ယူနီဆက်နှင့် အင်ဂျီအိုများ၏အကူအညီဖြင့် ကိုဗစ်ကာကွယ်​ရေးအတွက်​လေ့ကျင့်ခဲ့ကြသည်။ယခုအချိန်တွင် သူတို့သည် အ​ထောက်အပံ့ပစ္စည်းများ​ဝေငှခြင်းကို စီရင်စုတိုက်နယ် ၂၅ခု၌ ​ဆောင်ရွက်​နေကြသည်။ထို့ပြင် ကိုဗစ်၁၉ဆိုင်ရာ သိမှတ်ဖွယ်အချက်အလက်များကိုလည်း အာရှသမ္မာတရားအသံလွင့်ဌာန(အာရ်ဗီ​အေ)မှ အဆက်မပြတ် ထုတ်လွှင့်​ပေး​နေ​ကြောင်း သိရသည်။

 
ဘာသာပြန်- Agnes Lawh Lun

https://bit.ly/2CEPSKt

Add new comment

1 + 13 =