Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
တရုတ်နိုင်ငံမှခရစ်ယာန်များ ဘုရားပုံတော်များကို ဖယ်ရှားပစ်ရန် ဖိအားပေးခံရ
တရုတ်နိုင်ငံမှခရစ်ယာန်များ ဘုရားပုံတော်များကို ဖယ်ရှားပစ်ရန် ဖိအားပေးခံရ
တရုတ်နိုင်ငံ၊ရှန်းဇီပြည်နယ်တွင် အစိုးရ၏အထောက်အပံ့စရိတ်ကို မှီခိုနေရသော ခရစ်ယာန်များအား ဘုရားပုံတော်များကို ဖြုတ်ချရန် အစိုးရအကြီးအကဲများကဖိအားပေးနေသည်။သခင်ယေဇူးနှင့်မယ်တော် မာရိယာပုံတော်များ၊ဘာသာရေးပြက္ခဒိန်များကို ကွန်မြူနစ်ပါတီခေါင်းဆောင်နှင့် သမ္မတ ရှီကျင့်ပင် ၏ရုပ်ပုံများနှင့် အစားထိုးရမည်ဖြစ်ကြောင်း၊ထိုသို့ မပြုလုပ်ပါက အစိုးရ၏ အထောက်အပံ့များကို ဖြတ်တောက်မည်ဟု သတိပေးခဲ့သည်။
တရုတ်နိုင်ငံရှိ ခရစ်ယာန်တရားမျှတရေးလုပ်ဆောင်နေသော Bitter Winter သတင်းအရ လွန်ခဲ့သော အပတ်က တရုတ်နိုင်ငံ ရှန်းဇီးပြည်နယ်တွင် ခရစ်ယာန်တစ်ဦး၏အိမ်မှ ဘာသာရေးကားချပ်များကို သိမ်းယူခဲ့ပြီး ကွန်မြူနစ်ခေါင်းဆောင်များ၏ရုပ်ပုံကို ချိတ်ဆွဲစေခဲ့ကြောင်းဖော်ပြထားသည်။
ကိုဗစ်၁၉ ကပ်ရောဂါကြောင့် နိုင်ငံ၏စီးပွားရေးကျပ်တည်းနေချိန်တွင် နိုင်ငံသားအများက အစိုးရ၏ထောက်ပံ့စရိတ်ကို မှီခိုနေရသည်။သို့ဖြစ်ရာ ခရစ်ယာန်များအားထောက်ပံ့ကြေးနှင် ဘုရားပုံတော်အနက် တစ်ခုခုကို ရွေးချယ်ရန် အတင်းအကြပ်ခိုင်းစေမှုများရှိလာသည်။အလားတူပင် အခြားပြည်နယ်များ၌လည်း ဖိနှိပ်မှုများရှိနေကြောင့် ပြောကြားခဲ့ကြသည်။
ဘုရားကျောင်းတက်ခြင်းသည် အစိုးရကို တော်လှန်ခြင်းကဲ့သို့ ကြီးလေးလှပြီး အတိုက်အခံများကဲ့သို့ ဆက်ဆံခြင်းခံနေရသည်။ဟီနန်ပြည်နယ်တွင် ဆီးချိုရောဂါခံစားနေရသော အဖွားအိုတစ်ယောက်သည် အစိုးရ၏လူမှုရေးအထောက်အပံ့ရသည့်အတွက် ဘုရားရှင်အားကျေးဇူးတင်ကြောင်း ပြောဆိုမိရာ ထောက်ပံ့မှုကို ပြန်လည်ရပ်စဲခဲ့သည်။
တရုတ်နိုင်ငံတွင် ဘာသာရေးဖိနှိပ်ခံရမှုများ ဖြစ်ပွားနေပြီး ဘုရားကျောင်းအချို့မှာ ဖယ်ရှား ရှင်းလင်းခြင်းခံရကာ အချို့မှာ အများစုဝေးရာခန်းမအဖြစ် ပြောင်းလဲခြင်းခံရသည်။ခရစ်ယာန်များက ကွန်မြူနစ်အစိုးရသည် ဘုရား၏နေရာကိုပင် လုယူလိုကြောင်း သတင်ဌာနသို့ ပြောကြားခဲ့ကြသည်။
ဘာသာပြန်-Agnes Lawh Lun
Photo Credit: ThewayIsee/Shutterstock
Add new comment