Nantes ဘုရားကျောင်းကြီးကိုမီးတင်ရှိုသူအားဖမ်းဆီးစစ်ဆေးနေ

Nantes ဘုရားကျောင်းကြီးကိုမီးတင်ရှိုသူအားဖမ်းဆီးစစ်ဆေးနေ

Nantes ဘုရားကျောင်းကြီးကိုမီးတင်ရှိုသူအားဖမ်းဆီးစစ်ဆေးနေ

ဘုရားကျောင်းတော်ကြီးအားမီးတင်ရှိုသူမှာအခြားသူမဟုတ်ဘဲ ဘုရားကျောင်းကြီး၏ဝေယျာ၀ိစွများကိုဆက်ကပ်လုပ် ဆောင်ပေး နေသူ အသက် (၃၉) နှစ်ရှိသူတစ်ဦးဖြစ်နေသည်။ ဘုရားကျောင်းကြီးသည် ဇူလိုင်လ (၁၈) ရက်နေ့၊ စနေနေ့၌ဖြစ်ပွားခဲ့ သည်။ မီးသုံးနေရာ၌စွဲ လောင်ခဲ့သည်။ ယခုဖမ်းဆီးစစ်ဆေးခံနေရသူအနေဖြင့်သောကြာနေ့ညကဘုရားကျောင်းတံခါးကိုပိတ်ခဲ့သူ ဖြစ်၍သူ၌တာ၀န်ရှိသည်။ စုံစမ်းစစ် ဆေးရာ၌ ဖမ်း ဆီးခံထားရသူ၏ဘုရားကျောင်းသို့၀င်ထွက်သွားလာတတ်သောအချိန်ကိုလည်း ဖော်ထုတ်
လျှက်ရှိသည်။

ဘုရားကျောင်းမီးစွဲနေ ကြောင်းမီးသတ်သမားများအားအကြောင်း ကြားလာချိန်၌ နံနက် (၇:၄၄) မိနစ်ခန့် ရှိပြီဖြစ်ပြီး၊ ချက်ချင်းမီးသတ်အင်အား (၁၀၀) ခန့်ဖြင့်သွား ရောက်ငြိမ်းသတ်ခဲ့သည်။ မီးလောင်မူကြောင့် (၁၆) ရာစု၏ဗိသုကာလက် ရာ၊ သံစုံနှင့်အဖိုးမဖြတ်နိုင်သောအခြားပန်းချီ၊ ပန်းပုလက်ရာများစွာ လောင်ကျွမ်းသွားခဲ့ကြောင်း၊ ဘုရားကျောင်းအတွင်းသို့ဖောက် ထွင်းရိုက်ချိုး၀င်ရောက်လာသည့်အရိပ်အယောင်မတွေ့ရကြောင်း၊ မီးသုံးနေရာ၌ လောင်ကျွမ်းရာ၌လျှက်စစ်မီးခလုတ်များရှိရာ၌ လည်းတစ်နေရာဖြစ်ပွား၍ထို့အကြောင်းကြောင့်ဖြစ်နိုင်ချေရှိသလောဟုလည်းစုံစမ်းနေ ကြောင်း၊ ပြစ်မှုအတိအကျကိုမဖော်ထုတ်နိုင်ချိန်အထိဤကိစွနှင့်ပတ်သက်၍တရား၀င်ထုတ်ပြန်ချက်များမှလွဲ၍ထင် မြင်ယူဆချက် များကိုမပြုလုပ်ရန်ပြင် သစ်အစိုးရကတင်းကြပ်ထားသည်။

ဤဘုရားကျောင်းကြီးသည် (၁၅) ရာစုကဆောက်လုပ် ထားသောဘုရားကျောင်းဖြစ်သည်။ ဖမ်းဆီးစစ်ဆေး ခံနေရသူမှာရ၀မ်ဒါမှဒုက္ခသည်တစ်ဦးဖြစ်ကြောင်း၊ သူ၏ရှေ့နေကမူလက်ရှိအချိန်ထိသူ၏အမှုသည်အားတိကျစွာစွဲချက်တင်နိုင်သည့်အကြောင်း အရာတစ်ခုမျှမတွေ့သေးကြောင်း၊ စစ်ဆေးရာတွင်လူ့ဂုဏ်သိကာကိုငဲ့ညှာရမည်ဖြစ်ကြောင်း၊ ဘုရားကျောင်းတာ၀န်ရှိသူတစ်ဦးကလည်းဖမ်းဆီး ခံထားရသူနှင့်ပတ်သက်နိုင်ဆိုသည့်အဆိုကိုလုံး၀ငြင်းဆန်နေကြသည်။ အဘယ်ကြောင့်ဆိုသော်သူအမြဲ၀တ်ပြုသောနေရာဖြစ်သည်။ သူသည်တာ၀န်ကျေပြွန်သူဖြစ်သည်။ သူသည်ကျန်းမာရေးမကောင်းလှဘဲဗီဇာနှင့်နေထိုင်နေသူလည်းဖြစ် သည်။ ယခုတစ်ကြိမ်မီးစွဲလောင်ခဲ့သည့်အခင်းသည် (၂၀၁၉) ခုနှစ် Notre Dame ဘုရားကျောင်းကြီးလောက်မဆိုးရွားကြောင်းမီးသတ်တစ်ဦးကမှတ်ချက်ပြုသည်။ ပြင်သစ်သမ္မတကလည်းပြီးခဲ့ သောစနေနေ့၌ မီးကိုအသက်စွန့်ဆံဖျားငြိမ်းသတ်၍ မြို့၏ကျက် သရေဆောင် Gothic (ဘုရားကျောင်းပုံစံ) ရတနာကို ကာကွယ်ပေးခဲ့သောမီး သတ်တပ်ဖွဲ့အားတွီတာမှချီးကျူးခဲ့သည်။ ဤဘုရားကျောင်း သည် (၁၉၄၄) ၌မဟာမိတ်အဖွဲ့ ၏ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့်လည်းပျက်စီးခဲ့ရ ပြီး၊ (၁၉၇၁) နှစ်၌လည်းအမိုးသည်ဆိုးရွားစွာဖျက်ဆီးခံခဲ့ရသည်။ လက်ရှိသည်ထိုအချိန်ကပြန်လည်တိုးချဲ့မွှမ်းမံခဲ့သည့်အခြေအနေအတိုင်းရှိနေ ခြင်းဖြစ်သည်။

Nantes သာသနာအနေဖြင့်ဤဘုရားကျောင်းသည်အလွန်လက်ရာမြောက်ပြီး၊ သာသနာ၏မိခင်ဘုရားကျောင်းတော်ကြီးဖြစ်သည်ဟုပြောကြားခဲ့သည်။ ကက်သလစ်ဘုရားကျောင်းများကိုဦးတည်တိုက်ခိုက်ခြင်း၊ ဖျက်စီးခြင်းများကိုဆက် တိုက်ပြုလုပ်လာသောကြောင့် ကက်သလစ်ဘာသာတူများအားအထိတ်တလန့်ဖြစ်လာနေစေသည်။ သို့သော်ဤဖြစ်ရပ်မျိုးသည်မည်သည့်အဖွဲ့အစည်း၏လက်ချက်မဟုတ် သကဲ့သို့ပူးပေါင်းကြံစည်မှုလည်းမဖြစ်လောက်ဟုယုံကြည်ကြသည်။

ပြင်သစ်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏စစ်တမ်းများအရ (၂၀၁၉) ဇန်နာ၀ါရီလမှမတ်လအထိ ခရစ်ယာန်တို့ကိုမလိုလား ၍ ကျူးလွန်ခဲ့သောအဖျက်အမှောက်အမူပေါင်း (၂၂၈) မှု၊ (၂၀၁၈) ခုရဲတို့၏ထုတ် ပြန်ချက်၌ ဘုရားကျောင်းတွင်ခိုးမူ (၁၂၉) ကြိမ်၊ ကက်သလစ်ဘုရားကျောင်း၊ ကက်သလစ်သာသနာနှင့်ဆိုင်သောအဆောက်အဦးများကိုအကြမ်း ဖက်ဖျက်ဆီးသည့်အမှု (၈၇၇) မှုရှိခဲ့ကြောင်း၊ ဖျက်ဆီးသည့်နေရာများမှာဘုရားကျောင်းများနှင့်သချိုင်းများဖြစ်သည်။ ထိုသို့အကြမ်းဖက်ဖျက် ဆီးသူအများအနက် (၆၀) ရာခိုင်းနှုန်းသည်အသက်မပြည့်သူများ၊ မူမမှန်သူများ၊ အိုးမဲ့အိမ်မဲ့များဖြစ်ကြသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo Courtesy of: S4C News

https://bit.ly/2CAQCA6

Add new comment

13 + 6 =