Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပီရူးမှ ကက်သလစ်သီလရှင်များက ကွာရဲန်တင်းစင်တာပြုလုပ်ရန် နေရာပေးခြင်း
ပီရူးမှ ကက်သလစ်သီလရှင်များက ကွာရဲန်တင်းစင်တာပြုလုပ်ရန် နေရာပေးခြင်း
ပီရူးနိုင်ငံမှ ဖရန်စစ္စကင်း သီလရှင် များဟာ ကိုရိုနာဗိုင်စရပ်စ် စောင့်ကြည့် လူနာများအတွက် ၄င်းတို့၏ ကျောင်းများကို အခမဲ့ အသုံးပြုနိုင်ရန် ယာယီပေးခဲ့ပါတယ်။
ကိုဗစ် ၁၉ လူနာတွေ များလာတာကြောင့် အီကာ ပြည်နယ်၊ လာ တင်ဂွီးညာ မှ အဆောင်ကို အသုံးပြုဘို့ ပေးခဲ့တာပါ။
ကိုဗစ် လူနာတွေ သက်သာပျောက်ကင်းတဲ့အထိ စိတ်ချရတဲ့အထိကို အသုံးပြုနိုင်ကြောင်း နှင့် အခန်းများကိုလည်း ပြင်ဆင်ကာ အခမဲ့ အသုံးပြုစေရန် သီလရှင်ဂိုဏ်း၏ အကြီးအကဲ မာသာရ်ကြီး က ကတိပြုခဲ့တယ်လို့ ဒေသ မီဒီယာမှ ဆိုပါတယ်။
အခန်းများထဲမှာတော့ သီးသန့် ကုတင်၊ ရေချိုးခန်း နဲ့ သန့်စင်ပြီး အသုံးအဆောင်များပါ၀င်ကြောင်း
ဖွင့်ပွဲတွင် ကျောင်းအုပ်မာသာရ်ကြီးက ဒီအဆောင်ဖြစ်လာဘို့ပံ့ပိုးသူမျအား ၄င်း၊ အသုံးပြုမည့်သူများအား၄င်း၊ ဘုရားရှင်သည်ကောင်းကြီးပေးပါ့မည့်အကြောင်းနှင့် အမြန် ပြန်လည်ကျန်းမာစေရန် ဆုတောင်းခဲ့ကြောင်း
ဖဲကြိုးဖြတ်ခြင်းမှာ အာဏာပိုင်များနှင့် ကျန်းမာရေးတာ၀န်ခံများပါ၀င်ခဲ့ကြောင်း ၄င်းအဆောင်မှာ ကုတင် ၃၀ ဆန့်သည့် နေရာဖြစ်သည်ဆိုခြင်းကို CNA သတင်းအရ သိရှိရပါတယ်။
စစ္စတာရ်လူစီယားသန္တာအောင်၊SJA
Photo courtesy of : Pinterest
 
         ပီရူးမှ ကက်သလစ်သီလရှင်များက ကွာရဲန်တင်းစင်တာပြုလုပ်ရန် နေရာပေးခြင်း
ပီရူးမှ ကက်သလစ်သီလရှင်များက ကွာရဲန်တင်းစင်တာပြုလုပ်ရန် နေရာပေးခြင်း 
      
      
Add new comment