Jesuit အသင်းဂိုဏ်းမှ ဉီးဆောင်လျှက်သင်္ကန်းကျွန်း မြို့တွင် မိသားစု (၃၃၀) အား စားသောက်ကုန်များ သွားရောက်လှူဒါန်း

Jesuit အသင်းဂိုဏ်းမှ ဉီးဆောင်လျှက်သင်္ကန်းကျွန်း မြို့တွင် မိသားစု (၃၃၀) အား စားသောက်ကုန်များ သွားရောက်လှူဒါန်း

Jesuit အသင်းဂိုဏ်းမှ ဉီးဆောင်လျှက်သင်္ကန်းကျွန်း မြို့နယ်ကျူးကျော်ရပ်ကွက်တွင် နေထိုင်သော မိသားစု (၃၃၀) စုအား အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ခြင်း။
(12.7.2020)

(၁၂.၇.၂၀၂၀) ရက်နေ့က ရန်ကုန်မြို့ရှိ Jesuit အသင်းဂိုဏ်းမှ ဉီးဆောင်လျှက် ကိုဗစ်(19) ကာလ အလုပ်လက်မဲ့ ဖြစ်လျှက် စားဝတ်နေရေးခက်ခဲသော မိသားစုများသို့ ဆန် ( ၆) ပြည် ၊ ဆီ (၅၀) သား ၊ ကုလားပဲ ၊ ငါးသေတ္တာ ၊ ကြက်သွန်နီ ၊ ကော်ဖီ အစရှိသည့် အခြေခံ အိမ်သုံးစားသောက်ကုန်များကို သင်္ကန်းကျွန်းမြို့နယ် ရပ်ကွက် လူကြီးများနှင့် ဆက်သွက်၍ သွားရောက်လှူဒါန်းခဲ့ကြသည်ဟု သိရှိရပါသည်။

လှူုဒါန်းသည့် ပစ္စည်းပေါ်တွင် စာသားတစ်ခုကိုလည်း ရေးထားပါသည် ။

'' ချစ်လှစွာသော မိတ်ဆွေ ...
ကျွန်ုပ်တို့သည် လက်ဆောင်လေးကို ချစ်ခင်လေးစားမှုဖြင့် သင့်အား မျှဝေပေးလိုက်ပါသည် ။ ယခုကဲ့သို့ ခက်ခဲနေမှုများ ကြုံတွေ့နေချိန်တွင် လက်ဆောင်လေးသည် သင်နှင့် သင့်မိသားစု၏ အခက်အခဲများကို အနည်းငယ် လျော့နည်းသွားစေမယ်လို့ မျှော်လင့်မိပါသည် ။ ''
စတဲ့ စာသားလေးကိုလည်း ထည့်သွင်းထားတာကို တွေ့ရှိရပါသည် ။

Jesuit အသင်းဂိုဏ်းအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ယခုအကြိမ် လှူဒါန်းခြင်းသည် တတိယအကြိမ်မြောက်ဖြစ်တယ်လို့လည်းသိရှိရပါသည် ။ ပထမ အကြိမ် အနေဖြင့် မိသားစု (၄၈၀ ) ၊ ဒုတိယအကြိမ်အနေဖြင့် မိသားစု ( ၆၆၀) စုတို့နှင့် ယခု တတိယအကြိမ်အနေဖြင့် မိသားစု (၃၃၀) စုတို့အား လှူဒါန်းခဲ့ကြသည်ဟု သိရှိရပါသည်။

ယခုလို လှူဒါန်းခြင်းသည် မြန်မာနိုင်ငံရှိ Jesuit အသင်းဂိုဏ်းနှင့် ဩစတေးလျ နိုင်ငံမှ Jesuit အသင်းဂိုဏ်းတို့ ပူးပေါင်း လှူဒါန်းခြင်းဖြစ်တယ်လို့လည်းသိရှိရပါသည်။

၎င်းတို့သည် အခြေခံစားသောက်ကုန်များအပြင် အစိုးရ စာသင်ကျောင်းများတွင်လည်း လိုအပ်သည့် ထိုင်ခုံများကိုလည်း လှူဒါန်းပေးခဲ့သည်ဟု သိရှိရပါသည် ။ ဆက်လက်၍လည်း Jesuit အသင်းဂိုဏ်း ရှေ့လုပ်ငန်းစဉ်များအနေဖြင့် ကိုဗစ်(၁၉) ကပ်ရောဂါကြောင့် ဒဂုံဆိပ်ကမ်းဘက်ရှိ အလုပ်လက်မဲ့ ဖြစ်သွား၍ အခက်ခဲရှိသူများအား လုပ်ငန်းပြန်လည်ထူထောင်နိုင်စေရန်အတွက် လိုအပ်သော အရင်းအနှီးတစ်ခုကို ထောက်ပံ့ပေးသွားနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိနေကြောင်း ရန်ကုန်မြို့ရှိ Jesuit အသင်းဂိုဏ်းမှ တာဝန်ခံ Bro. John Bosco ၏ ပြောပြချက်အရ သိရှိရပါသည် ။
News by - #Pinky
#RVAPastoralcare #JesuitsMissionMyanmar #Yangon #SlumArea

Add new comment

11 + 0 =