‘မတူကွဲပြားမူများကြား၌စည်းလုံးခြင်း၏သင်္ကေတဖြစ်ကြပါ’ ဟုကက်သလစ်သတင်းသမားများအားရဟန်းမင်းကြီး တိုက်တွန်းလိုက်

‘မတူကွဲပြားမူများကြား၌စည်းလုံးခြင်း၏သင်္ကေတဖြစ်ကြပါ’ ဟုကက်သလစ်သတင်းသမားများအားရဟန်းမင်းကြီး တိုက်တွန်းလိုက်

‘မတူကွဲပြားမူများကြား၌စည်းလုံးခြင်း၏သင်္ကေတဖြစ်ကြပါ’ ဟုကက်သလစ်သတင်းသမားများအားရဟန်းမင်းကြီး တိုက်တွန်းလိုက်

ရဟန်းမင်းကြီးဖရန်စစ်သည် ယခုနှစ်ကက်သလစ်သတင်းသမားများ၏အစည်းအဝေးသို့သတင်းစကားပါးခဲ့ သည်။ ဤအ စည်းအဝေးကိုကက်သလစ်သတင်းစာနယ်ဇင်းအဖွဲ့မှပံ့ပိုးပေးပြီး၊ ခေါင်းစဉ်မှာ ‘ခွဲခွာနေချိန်၌အတူတကွ’ ဟုရွေးချယ်ထားသည်။ သ တင်းစကား၌ ရဟန်းမင်းကြီးကခံယူချက်ရှိသောအမျိုးသား၊ အမျိုးသမီးများသည်အခြားသူများ၏ရည်ရွယ်ချက်များကိုထိပါးနှောက် ယှက်စေမည့်သတင်းများကိုဟန့်တားကြရန်လိုအပ်ကြောင်းအသားပေးမိန့်ကြားထားသည်။
ကက်သလစ်သတင်းအဖွဲ့ (စီပီအေ) ကိုလွန်ခဲ့သောနှစ်တစ်ရာကျော်ခန့်ကအမေရိကန်ပြည်ထောင် စု၌ဖွဲ့ စည်းခဲ့ သည်။ ရည်ရွယ်ချက်မှာ ‘အစေခံခြင်းနှင့်စည်းလုံးခြင်း’ ကိုဦးတည်သည်။ ဤအဖွဲ့ထဲ၌ထုတ် ‌ေ၀သူ (၂၂၅) ဦးခန့်ရှိပြီး၊ သီးသန့်ထုတ်ဝေသူ (၆၀၀) ဦးခန့်ပါ၀င်သည်။ ရှည်လျှားသောသက်တမ်း ၌ယခုနှစ်၌သာ ကိုဗစ် (၁၉) ရောဂါကပ်ဆိုး ကြီးကြောင့်လူမူကွန်ရက်မှအစည်းအဝေးကိုကျင်းပခဲ့ရသည်။ ထို့အတူရ ဟန်းမင်းကြီးကလည်း သူ၏အဖွင့်သတင်းစကား၌လည်းကိုဗစ် (၁၉) ရောဂါကူးစက်ခံစားနေရသောလူနာများ၊ အထူးသဖြင့်လူနာ များအတွက် မိမိတို့၏ အသက် ကို ပင်မငဲ့ညှာနိုင်ဘဲကိုယ်ဖိရင်ဖိစောင့်ရှောက်ကုသပေးနေကြသောသူများအားစာနာကြောင်း၊ ၄င်းတို့နှင့်အနီးကပ်တွင်ရှိနေ ကြောင်းဖြင့်ပဏာမပျိုးထားပါသည်။ ယခုနှစ်အစည်းအဝေးကြီးအတွက်ရွေးချက်ထားသောခေါင်း စဉ်သည်သတင်းသမားများအတူတကွပေါင်း ဖက်နေကြောင်း၊ ဖြစ်နိုင်ခြေမရှိသည်ကိုရှိအောင်ကြံဖန်၍ဖော်ပြထားသည်ကိုတွေ့ရကြောင်း၊ အစောပိုင်းဖြတ်သန်းခဲ့သောလများ၏အခြေအနေ ကိုကြည့်မည်ဆိုပါကလူထုဆက်သွယ်မူသည် လူများကိုအတူတကွစုဆုံ စေရန်၊ ခြားနေသောပထဝီအနေ အထားကိုနီးကပ်အောင်ဖန်တီးရန်၊ အရေးတကြီးလိုအပ်သောအချက် အလက်များကို ဝေမျှဖြန့်ဖြူးပေးရန်၊ အမှန်တရားကိုသိလာ၊ နားလည်လာအောင်အသိအမြင်ဖွင့်ပေးရာ၌အ ဘယ်မျှအရေးကြီး ကြောင်း၊ အမေရိကန်ပြည်ထောင်စုကြီး၏ဆောင်ပုဒ်ဖြစ်သော ‘အသွင်ကွဲပြားစွာဖြင့်စည်းလုံးခြင်း’ ကိုအခြေခံ၍စည်း လုံးခြင်း ၏စံသည်အသွင်ကွဲခြင်းကိုဆောင်ကြောင်း၊ ထို့အတူအများကောင်းကျိုးအတွက်သင်တို့လုပ်ဆောင်နေမူများ လည်းဤသို့ဖြစ်ရမည်ဖြစ်ကြောင်း၊ ဤလက်ကိုင်တရားသည်ပဋိပက္ခများ၊ ၀ါဒအမျိုးမျိုးကွဲနေသောယနေ့ခေတ် အခါသမယ၌ထိုစံတရားသည်အလွန်အရေးကြီးနေကြောင်း၊ ကက်သလစ်သာသနာတော်ကြီးအနေဖြင့်လည်းမသိ၊ မမြင်၊ မကြားဘိသကဲ့သို့နေ၍မရကြောင်း၊ အသက်ကိုကာကွယ်ရန်နှင့်တစ်ဦးတစ် ယောက်စီဖြစ်စေ၊ အစုအဖွဲ့နှင့်ဖြစ်စေ၊ ရိုးသားသောတွေ့ဆုံဆွေးနွေးမူနှင့်အမှန်တရားကိုမျှ‌ေ၀သောချိပ်ဆက်လုပ်ဆောင်မူများကိုဟန့်တား နှောင်နှေးစေသော၊ မြင်နိုင်၊ မမြင်နိုင်သောမလိုအပ်သည့်စည်းခြားတံတိုင်း များကိုဖြိုချဖျက်ဆီးရန်လူမူကွန်ရက်ကိုပေါင်းကူးတံတားအဖြစ်လို အပ်ကြောင်း၊ လူသားများကိုကူညီရန်၊ အထူးသဖြင့်လူငယ်များကိုအကောင်းအဆိုးခွဲခြားတတ်ပြီး၊ ရှင်းလင်ပြတ်သား ပြီး၊ ဘက်လိုက်ခြင်းမျိုးမ ရှိသောအခြေခံအချက် အလက်များအပေါ် ကြောင်းကျိုးညီထွေစွာဆုံးဖြတ်ချက်ချတတ်သော ဆုံးဖြတ်ချက်မျိုးကိုချမှတ်တတ်ရေး ပျိုးထောင် ပေးရန်လိုအပ်ကြောင်း၊ တရားမျှတခြင်း၊ လူမူရေးနယ် ပယ်၌သဟဇာတရှိ ရေးနှင့်ဘုံအိမ် (ကမ္ဘာကြီး) ကိုလေးစားစောင့် ရှောက်တတ်ရန်နား လည်အောင်ကူညီရာ၌လူမူကွန်ရက်သည်အရေးကြီး သည်။ ခရစ်ယာန်များအနေဖြင့်ကျွန်ုပ်တို့အားလုံးသည် မည်သည့်နေရာ၌ရှိနေစေကာမူ ချစ်ခြင်းမေတ္တာဖြင့်အမှန်တရား ကိုကျင့်ကြံရှင်သန်ရန်လိုအပ်သည်။ သို့မှသာသာသနာတော်ကြီးသည်ခရစ္ဆတူးသခင်၌ရင့် ကျက်စွာကြီးထွားလာ ပေမည်။ လူမူကွန်ရက်သည်စွမ်းပကားကြီးမားလှသောအသက် မွေး၀မ်းကျောင်းပညာတစ်မျှသာမဟုတ်ပေ။
အမှန်တကယ်ဆက်သွယ်မူပြုတတ်သူတစ်ဦးသည် သူ့ကိုယ်သူအခြားသူများ၏အရေးအတွက်မည်မျှပင်ခက်ခဲစေ ကာမူတစ်ဦးတစ်ယောက်အတွက်မှသည်လူထုမိသားစုတစ်စုလုံးအတွက်လုံး၀ဆက်ကပ်လုပ် ဆောင်တတ်သည်။ မိမိ ကိုယ်ကိုလုံး၀နစ်မြှုပ်မထားပါကကျွန်ုပ်တို့သည်ဆက်ဆံရေးကိုမှန်ကန်စွာပြုလုပ်နိုင်မည်မဟုတ်။ ကျွန်ုပ်တို့ဝေမျှသော သတင်းစကားနှင့်တွဲစပ်မထားကလူမူဆက်သွယ်ရေးကောင်းသူဟုသတ်မှတ်မရပေ။ လူမူဆက်သွယ်ရေးအားလုံးသည် သူဦးတည်သောပန်းတိုင်ရှိသည်။ ထိုပန်းတိုင်ကားပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရားဖြစ်သည်။ ပုဂိုလ်သုံးပါးတစ်ဆူဘုရားသည် သူ၏ကြွယ်၀သောဘုရားဇာတိတော်ကိုဝေမျှပေးပြီး၊ ထိုကြွယ်၀မူကိုအခြားသူများအားအမှန်တရားကိုအခြေခံ သော စည်း လုံးခြင်း၌သူတစ်ပါးကိုပြန် လည် ဝေမျှရန်ဖိတ်ခေါ်နေသည်။ သန့်ရှင်းသော၀ိညာဉ်တော်ဘုရား၏ဉာဏ်အလင်း၊ အကြံဉာဏ်ကောင်းများကိုသွန်းလောင်းပေးရန်တောင်းခံရင်း ပြန်လည်ဝေမျှသောအမှုတော်ကိုနားလည်ကာနာကျင်ခံ စားနေရသောသူတို့၏ဒုက္ခကိုလစ်လျူမရှုမိစေရန်တွန်းအားဖြစ်စေမည်။ ထိုအမြင်အားဖြင့်သာလျှင်ကျွန်ုပ်တို့လူမူအ သင်းအဖွဲ့အားရုပ်ဖျက်နေသေ လူမျိုးရေး၊ မတရားမူ၊ မပူမအေးအခြေအနေများကိုထိရောက်စွာအောင်မြင်ကျော်လွှား နိုင်ပေမည်။
ရဟန်းမင်းကြီးကခရစ်ယာန်များအားတိတ်ဆိတ်ကွယ်ပျောက်နေသောအမှန်တရားနှင့်လူ့ဂုဏ်သိပ်ကာကိုအသိအမှတ်ပြု၍ထပ်တိုးလုပ်ဆောင်ရန်၊ အများပိုင်းမှာစကားကြီး၊ စကားကျယ်များဖြင့်သာပြောဆိုနေကြပြီး၊ ကမာကြီးမှာမူ ပဋိပက္ခနှင့်ကွဲပြဲမူများဖြင့်ပြည့်နေရှာသည်။ ထို့ကြောင့်ခရစ်ယာန်များအနေဖြင့်ဝေဒနာခံစားနေရသော၊ ဆင်းရဲမွှဲတေ နေသော၊ မည်သည့်အခွင့်အရေးမျှတောင်းဆိုရန်မသိနားမလည်သောညီအစ်ကိုမောင်နှတို့ကိုသနားပြီး၊ နားလည်မူဖြင့်ကူ ညီကြရန်ခရစ်ယာန်များကိုတိုက် တွန်းထားသည်။ ယခုနှစ်ကက်သလစ်သတင်းစာအဖွဲ့အစည်းအ‌ေ၀းကြီး၌ အဓိက ပြောဆိုကြသောသူများ Dr. Paolo Ruffini ပြီး၊ ဤအစည်းအဝေးကိုဇွန်လ (၃၀) မှ ဇူလိုင်လ (၂) ရက်နေ့အထိကျင်းပရန်သတ်မှတ်ထားခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2YWicjT

Add new comment

5 + 0 =