မြန်မာခရစ်ယာန်လူငယ်များ ကိုဗစ် အတွက် ဆက်ကပ်ခြင်း နေ့ရက်အောင်မြင်စွာ ပြီးဆုံး

မြန်မာခရစ်ယာန်လူငယ်များ ကိုဗစ် အတွက် ဆက်ကပ်ခြင်း နေ့ရက်အောင်မြင်စွာ ပြီးဆုံး

မြန်မာခရစ်ယာန်လူငယ်များ ကိုဗစ် အတွက် ဆက်ကပ်ခြင်း နေ့ရက်အောင်မြင်စွာ ပြီးဆုံး

ခရစ်ယာန် ဆက်ကပ်လူငယ် Volunteer ၁၂ ဉီးဟာ ကိုရိုနာဗိုင်းရပ်စ် လူနာများအတွက် မေလ ၂၄ ရက် နေ့ကထဲက volunteer အဖြစ် ဆက်ကပ်ခဲ့တာဟာဆိုရင် ဂျွန်လ ၆ ရက်နေ့မှာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။

ခရစ်ယာန်ဂိုဏ်းဂဏ အသီးသီးမှ လူငယ် ၄ ဉီး နှင့် ကက်သလစ် သာသနာမှ လူငယ် ၈ ဉီး စုစုပေါင်း လူငယ် ၁၂ ဉီး ခန့်ဟာ ၄င်းတို့ရဲ့ ရုံးလုပ်ငန်းများကိုပင် ရပ်ဆိုင်းခဲ့ကြကာ ကိုဗစ် ကာလ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဘို့ ရန်ကုန် တောင်ဉက္ကလာပ ဆေးရုံမှာ ဆက်ကပ် ခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်, CBCM နှင့် မြန်မာ ခရစ်ယာန် အသင်းတော်များကောင်စီ, MCC ၏ လမ်းညွှန်းမှုအောက်မှာ ဆက်ကပ်ခဲ့ကြသော လူငယ်လေးများဖြစ်ကြပါတယ်။

လူငယ်များရဲ့ ရဲဝံ့စွာ အချိန်ပေးဆက်ကပ်မှုအပေါ် ဆေးရုံတာ၀န်ခံမှ ချီးမွမ်းသြဘာပေးခဲ့ကြောင်းနှင့် လူသားထုကောင်းကျိုးအတွက် ၄င်းတို့အတွေ့အကြုံအား အများနှင့် မျှ ဝေပြောပြနိုင်ကြရန်ကိုလဲ တိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။

၄င်းတို့ရဲ့ ၂ ပတ်တာ ဆက်ကပ်တာဝန် အပြီးမှာတော့ လူငယ်များဟာ အသိအမှတ်ပြု လက်မှတ်များရရှိခဲ့ကြတယ်လို့ RVA ဖိလစ်ပိုင် မှ သတင်းရယူထားပါတယ်။

ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊SJA
 

https://bit.ly/3fsTHjP

Add new comment

1 + 0 =